Números 8

MYA vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
1 E falou o Senhor a Moisés, dizendo:
2 ``အာ​ရုန်​သည်​မီး​ခုံ​တိုင်​တွင်​မီး​ခွက်​ခု​နစ် လုံး​ကို​တင်​သော​အ​ခါ မီး​ခွက်​များ​မှ​အ​လင်း ရောင်​သည်​မီး​ခုံ​တိုင်​ရှေ့​သို့​ထွက်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
2 Fala a Arão e dize-lhe: Quando acenderes as lâmpadas, defronte do candeeiro alumiarão as sete lâmpadas.
3 အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း မီး​ခုံ​တိုင်​မှ​အ​လင်း​ရောင်​ရှေ့ ထွက်​စေ​ရန်​မီး​ခွက်​များ​ကို​တင်​ထား​လေ သည်။-
3 E Arão fez assim; defronte da face do candeeiro acendeu as suas lâmpadas, como o Senhor ordenara a Moisés.
4 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​ပြ​တော်​မူ သော​ပုံ​စံ​အ​တိုင်း မီး​ခုံ​တိုင်​တစ်​ခု​လုံး​ကို အောက်​ခြေ​မှ​အ​ထက်​ထိ​ရွှေ​ဖြင့်​ထု​လုပ် ထား​လေ​သည်။
4 E era esta obra do candeeiro de ouro batido; desde o seu pé até às suas flores era batido; conforme o modelo que o Senhor mostrara a Moisés, assim ele fez o candeeiro.
5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
5 E falou o Senhor a Moisés, dizendo:
6 ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​များ​မှ​သီး​ခြား​ခွဲ​ထုတ်​၍ သူ​တို့​အ​တွက် အောက်​ပါ​အ​တိုင်း​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု လော့။-
6 Toma os levitas do meio dos filhos de Israel e purifica-os;
7 သန့်​စင်​ရေး​ဆိုင်​ရာ​ရေ​ကို​သူ​တို့​၏​ကိုယ်​ပေါ် တွင်​ဖျန်း​၍ တစ်​ကိုယ်​လုံး​ရှိ​အ​မွေး​များ​ကို ရိတ်​စေ​ပြီး​လျှင်​အ​ဝတ်​များ​ကို​လျှော်​ဖွပ် စေ​ရ​မည်။ ထို​အ​ခါ​သူ​တို့​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-
7 e assim lhes farás, para os purificar: Esparge sobre eles a água da expiação; e sobre toda a sua carne farão passar a navalha, e lavarão as suas vestes, e se purificarão.
8 ထို​နောက်​သူ​တို့​သည်​နွား​ထီး​ပေါက်​တစ်​ကောင် နှင့်​ဘော​ဇဉ်​သ​ကာ​အ​ဖြစ် သံ​လွင်​ဆီ​ရော​ထား သော​မုန့်​ညက်​ကို​ယူ​ဆောင်​ခဲ့​စေ​ရ​မည်။ အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​နောက်​ထပ်​နွား​တစ်​ကောင် ယူ​ဆောင်​ခဲ့​ရ​မည်။-
8 Então, tomarão um novilho, com a sua oferta de manjares de flor de farinha amassada com azeite; e tomarás outro novilho, para expiação do pecado.
9 ထို​နောက်​ဣ​သ​ရေ​လ​တစ်​မျိုး​သား​လုံး​ကို စု​ရုံး​စေ​၍ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ငါ​စံ တော်​မူ​ရာ​တဲ​တော်​ရှေ့​တွင်​ရပ်​စေ​ရ​မည်။-
9 E farás chegar os levitas perante a tenda da congregação; e farás ajuntar toda a congregação dos filhos de Israel.
10 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​ဦး​ခေါင်း​များ ပေါ်​တွင်​လက်​ကို​တင်​ရ​မည်။-
10 Farás, pois, chegar os levitas perante o Senhor ; e os filhos de Israel porão as suas mãos sobre os levitas.
11 လေ​ဝိ​အ​နွယ်​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​မှ ငါ့​အား​ဆက်​သ​သော​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ်​အာ​ရုန်​သည်​ဆက်​ကပ် ရ​မည်။ ဤ​နည်း​ဖြင့်​သူ​တို့​သည် ငါ​၏​အ​မှု တော်​ကို​ဆောင်​ရွက်​နိုင်​မည်။-
11 E Arão moverá os levitas por oferta de movimento perante o Senhor pelos filhos de Israel; e serão para servirem no ministério do Senhor .
12 ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​နွား​ထီး နှစ်​ကောင်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​ရ ကြ​မည်။ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဘာ​သာ တ​ရား​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး​တစ်​ကောင် ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​အ​ခြား နွား​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော် ရ​မည်။
12 E os levitas porão as suas mãos sobre a cabeça dos novilhos; então, sacrifica tu um para expiação do pecado e o outro, para holocausto ao Senhor , para fazer expiação pelos levitas.
13 ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ငါ့​အား​အ​ထူး ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​၍ အာ​ရုန်​နှင့် သူ​၏​သား​တို့​က​သူ​တို့​ကို​ကြီး​ကြပ်​ကွပ် ကဲ​စေ​ရ​မည်။-
13 E porás os levitas perante Arão, e perante os seus filhos, e os moverás por oferta de movimento ao Senhor .
14 ဤ​နည်း​အား​ဖြင့်​သူ​တို့​ကို​ငါ​ပိုင်​ဆိုင်​ရာ ဖြစ်​စေ​ခြင်း​ငှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့ မှ​သီး​ခြား​ခွဲ​ထုတ်​လော့။-
14 E separarás os levitas do meio dos filhos de Israel, para que os levitas meus sejam.
15 သင်​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​စင်​မှု၊ ဆက်​ကပ်​မှု​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​တို့ သည်​တဲ​တော်​တွင်​အ​မှု​တော်​ဆောင်​နိုင်​လိမ့် မည်။-
15 E, depois, os levitas entrarão para fazerem o serviço da tenda da congregação; e tu os purificarás e, por oferta de movimento, os moverás.
16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ပေါင်း​တို့​ကိုယ်​စား သူ​တို့​ကို​ငါ့​အ​တွက် ငါ​ရွေး​ကောက်​ခဲ့​သ​ဖြင့်​သူ​တို့​သည်​ငါ​နှင့် သာ​ဆိုင်​၏။-
16 Porquanto eles, do meio dos filhos de Israel, me são dados; em lugar de todo aquele que abre a madre, do primogênito de cada um dos filhos de Israel, para mim os tenho tomado.
17 ငါ​သည်​အီ​ဂျစ်​ပြည်​တွင်​သား​ဦး​အ​ပေါင်း တို့​ကို​သေ​ဒဏ်​ခတ်​ခဲ့​စဉ်​က ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သား​ဦး​များ​နှင့်​တိ​ရစ္ဆာန် သား​ဦး​ပေါက်​များ​ကို ငါ​ပိုင်​ဆိုင်​ရာ​အ​ဖြစ် သီး​သန့်​ရွေး​ချယ်​ခဲ့​၏။-
17 Porque meu é todo primogênito entre os filhos de Israel, entre os homens e entre os animais; no dia em que, na terra do Egito, feri a todo primogênito, os santifiquei para mim.
18 ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သား​ဦး​ရှိ​သ​မျှ​တို့​အ​စား လေ​ဝိ အ​နွယ်​ဝင်​တို့​ကို​ရွေး​ချယ်​၍၊-
18 E tomei os levitas em lugar de todo primogênito entre os filhos de Israel.
19 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ပူ​ဇော် သ​ကာ​အ​ဖြစ် အာ​ရုန်​နှင့်​သူ​၏​သား​များ လက်​သို့​အပ်​နှံ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုယ်​စား​တဲ​တော်​တွင်​အ​မှု ထမ်း​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​နီး​သို့​ချဉ်း​ကပ်​၍ ဘေး​ဒဏ်​မ​သင့်​စေ​ရန်​သူ​တို့​က​ကာ​ကွယ် စောင့်​ရှောက်​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
19 E os levitas, dados a Arão e a seus filhos, do meio dos filhos de Israel, tenho dado para exercerem o ministério dos filhos de Israel na tenda da congregação e para fazerem expiação pelos filhos de Israel, para que não haja praga entre os filhos de Israel, chegando-se os filhos de Israel ao santuário.
20 သို့​ဖြစ်​၍​မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ဆက်​ကပ်​ကြ​၏။-
20 E assim fez Moisés, e Arão, e toda a congregação dos filhos de Israel com os levitas; conforme tudo o que o Senhor ordenara a Moisés acerca dos levitas, assim os filhos de Israel lhes fizeram.
21 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သန့်​စင်​စေ​၍ အ​ဝတ်​များ​ကို​လျှော်​ဖွပ်​ကြ ပြီး​နောက် အာ​ရုန်​သည်​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​ကပ်​လေ​၏။ သူ​တို့​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​လည်း​ဆောင်​ရွက်​၏။-
21 E os levitas se purificaram e lavaram as suas vestes, e Arão os moveu por oferta movida perante o Senhor , e Arão fez expiação por eles, para purificá-los.
22 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​စပ်​လျဉ်း​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင် ရွက်​ကြ​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အနွယ်​ဝင်​တို့ သည် အာ​ရုန်​နှင့်​သူ​၏​သား​များ​ကြီး​ကြပ် ကွပ်​ကဲ​မှု​ဖြင့်​တဲ​တော်​တွင်​အ​မှု​တော် ထမ်း​ကြ​လေ​သည်။
22 E, depois, vieram os levitas, para exercerem o seu ministério na tenda da congregação, perante Arão e perante os seus filhos; como o Senhor ordenara a Moisés acerca dos levitas, assim lhes fizeram.
23 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
23 E falou o Senhor a Moisés, dizendo:
24 ``လေ​ဝိ​အ​နွယ်​ဝင်​ထဲ​မှ​အ​သက်​နှစ်​ဆယ့် ငါး​နှစ်​အ​ရွယ်​သို့​ရောက်​သူ​တိုင်း တဲ​တော် တွင်​အ​မှု​ထမ်း​၍၊-
24 Este é o ofício dos levitas: Da idade de vinte e cinco anos para cima entrarão, para fazerem o serviço no ministério da tenda da congregação;
25 အ​သက်​ငါး​ဆယ်​အ​ရွယ်​တွင်​အ​မှု​တော် ထမ်း​ခြင်း​မှ​ရပ်​နား​ရ​မည်။-
25 mas, desde a idade de cinquenta anos, sairão da milícia deste ministério e nunca mais servirão.
26 အ​သက်​ငါး​ဆယ်​အ​ရွယ်​လွန်​သူ​သည်​တဲ တော်​နှင့်​ဆိုင်​သော​အ​လုပ်​တွင် ဆွေ​မျိုး​သား ချင်း​တို့​အား​ကူ​ညီ​နိုင်​သော်​လည်း မိ​မိ​ကိုယ် တိုင်​တာ​ဝန်​ယူ​၍​မ​ဆောင်​ရွက်​ရ။ သင်​သည် ဤ​စည်း​ကမ်း​ချက်​များ​နှင့်​အ​ညီ လေ​ဝိ အ​နွယ်​ဝင်​တို့​အား​တာ​ဝန်​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။
26 Porém com os seus irmãos servirão na tenda da congregação, para terem cuidado da guarda; mas o ministério não exercerão; assim farás com os levitas nas suas guardas.

Ler em outra tradução

Comparar com outra