Números 8
MYA vs ARA
1 ထာဝရဘုရားသည်မောရှေအား၊-
1 Disse o Senhor a Moisés:
2 ``အာရုန်သည်မီးခုံတိုင်တွင်မီးခွက်ခုနစ် လုံးကိုတင်သောအခါ မီးခွက်များမှအလင်း ရောင်သည်မီးခုံတိုင်ရှေ့သို့ထွက်စေရမည်'' ဟုမိန့်တော်မူ၏။-
2 Fala a Arão e dize-lhe: Quando colocares as lâmpadas, seja de tal maneira que venham as sete a alumiar defronte do candelabro.
3 အာရုန်သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်း မီးခုံတိုင်မှအလင်းရောင်ရှေ့ ထွက်စေရန်မီးခွက်များကိုတင်ထားလေ သည်။-
3 E Arão fez assim; colocou as lâmpadas para que alumiassem defronte do candelabro, como o Senhor ordenara a Moisés.
4 ထာဝရဘုရားကမောရှေအားပြတော်မူ သောပုံစံအတိုင်း မီးခုံတိုင်တစ်ခုလုံးကို အောက်ခြေမှအထက်ထိရွှေဖြင့်ထုလုပ် ထားလေသည်။
4 O candelabro era feito de ouro batido desde o seu pedestal até às suas flores; segundo o modelo que o Senhor mostrara a Moisés, assim ele fez o candelabro.
5 ထာဝရဘုရားသည်မောရှေအား၊-
5 Disse mais o Senhor a Moisés:
6 ``လေဝိအနွယ်ဝင်တို့ကိုဣသရေလအမျိုး သားများမှသီးခြားခွဲထုတ်၍ သူတို့အတွက် အောက်ပါအတိုင်းသန့်စင်ခြင်းဝတ်ကိုပြု လော့။-
6 Toma os levitas do meio dos filhos de Israel e purifica-os;
7 သန့်စင်ရေးဆိုင်ရာရေကိုသူတို့၏ကိုယ်ပေါ် တွင်ဖျန်း၍ တစ်ကိုယ်လုံးရှိအမွေးများကို ရိတ်စေပြီးလျှင်အဝတ်များကိုလျှော်ဖွပ် စေရမည်။ ထိုအခါသူတို့သည်ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
7 assim lhes farás, para os purificar: asperge sobre eles a água da expiação; e sobre todo o seu corpo farão passar a navalha, lavarão as suas vestes e se purificarão;
8 ထိုနောက်သူတို့သည်နွားထီးပေါက်တစ်ကောင် နှင့်ဘောဇဉ်သကာအဖြစ် သံလွင်ဆီရောထား သောမုန့်ညက်ကိုယူဆောင်ခဲ့စေရမည်။ အပြစ် ဖြေရာယဇ်အတွက်နောက်ထပ်နွားတစ်ကောင် ယူဆောင်ခဲ့ရမည်။-
8 e tomarão um novilho, com a sua oferta de manjares de flor de farinha, amassada com azeite; tu, porém, tomarás outro novilho para oferta pelo pecado.
9 ထိုနောက်ဣသရေလတစ်မျိုးသားလုံးကို စုရုံးစေ၍ လေဝိအနွယ်ဝင်တို့အားငါစံ တော်မူရာတဲတော်ရှေ့တွင်ရပ်စေရမည်။-
9 Farás chegar os levitas perante a tenda da congregação; e ajuntarás toda a congregação dos filhos de Israel.
10 ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့၏ဦးခေါင်းများ ပေါ်တွင်လက်ကိုတင်ရမည်။-
10 Quando, pois, fizerem chegar os levitas perante o Senhor , os filhos de Israel porão as mãos sobre eles.
11 လေဝိအနွယ်တို့ကိုဣသရေလအမျိုး သားတို့မှ ငါ့အားဆက်သသောအထူး ပူဇော်သကာအဖြစ်အာရုန်သည်ဆက်ကပ် ရမည်။ ဤနည်းဖြင့်သူတို့သည် ငါ၏အမှု တော်ကိုဆောင်ရွက်နိုင်မည်။-
11 Arão apresentará os levitas como oferta movida perante o Senhor , da parte dos filhos de Israel; e serão para o serviço do Senhor .
12 ထိုနောက်လေဝိအနွယ်ဝင်တို့သည်နွားထီး နှစ်ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရ ကြမည်။ လေဝိအနွယ်ဝင်တို့အားဘာသာ တရားကျင့်ထုံးအရ သန့်စင်စေရန်အတွက် အပြစ်ဖြေရာယဇ်အဖြစ်နွားထီးတစ်ကောင် ကိုလည်းကောင်း၊ မီးရှို့ရာယဇ်အဖြစ်အခြား နွားထီးတစ်ကောင်ကိုလည်းကောင်းပူဇော် ရမည်။
12 Os levitas porão as mãos sobre a cabeça dos novilhos; e tu sacrificarás um para oferta pelo pecado e o outro para holocausto ao Senhor , para fazer expiação pelos levitas.
13 ``လေဝိအနွယ်ဝင်တို့ကိုငါ့အားအထူး ပူဇော်သကာအဖြစ်ဆက်ကပ်၍ အာရုန်နှင့် သူ၏သားတို့ကသူတို့ကိုကြီးကြပ်ကွပ် ကဲစေရမည်။-
13 Porás os levitas perante Arão e perante os seus filhos e os apresentarás por oferta movida ao Senhor .
14 ဤနည်းအားဖြင့်သူတို့ကိုငါပိုင်ဆိုင်ရာ ဖြစ်စေခြင်းငှာ ဣသရေလအမျိုးသားတို့ မှသီးခြားခွဲထုတ်လော့။-
14 E separarás os levitas do meio dos filhos de Israel; os levitas serão meus.
15 သင်သည်လေဝိအနွယ်ဝင်တို့အားသန့်စင်မှု၊ ဆက်ကပ်မှုဆောင်ရွက်ပြီးသောအခါ သူတို့ သည်တဲတော်တွင်အမှုတော်ဆောင်နိုင်လိမ့် မည်။-
15 Depois disso, entrarão os levitas para fazerem o serviço da tenda da congregação; e tu os purificarás e, por oferta movida, os apresentarás,
16 ဣသရေလအမျိုးသားတို့၏သားဦး အပေါင်းတို့ကိုယ်စား သူတို့ကိုငါ့အတွက် ငါရွေးကောက်ခဲ့သဖြင့်သူတို့သည်ငါနှင့် သာဆိုင်၏။-
16 porquanto eles dentre os filhos de Israel me são dados; em lugar de todo aquele que abre a madre, do primogênito de cada um dos filhos de Israel, para mim os tomei.
17 ငါသည်အီဂျစ်ပြည်တွင်သားဦးအပေါင်း တို့ကိုသေဒဏ်ခတ်ခဲ့စဉ်က ဣသရေလ အမျိုးသားတို့၏သားဦးများနှင့်တိရစ္ဆာန် သားဦးပေါက်များကို ငါပိုင်ဆိုင်ရာအဖြစ် သီးသန့်ရွေးချယ်ခဲ့၏။-
17 Porque meu é todo primogênito entre os filhos de Israel, tanto de homens como de animais; no dia em que, na terra do Egito, feri todo primogênito, os consagrei para mim.
18 ယခုငါသည်ဣသရေလအမျိုးသား တို့၏သားဦးရှိသမျှတို့အစား လေဝိ အနွယ်ဝင်တို့ကိုရွေးချယ်၍၊-
18 Tomei os levitas em lugar de todo primogênito entre os filhos de Israel.
19 ဣသရေလအမျိုးသားတို့ထံမှပူဇော် သကာအဖြစ် အာရုန်နှင့်သူ၏သားများ လက်သို့အပ်နှံ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုယ်စားတဲတော်တွင်အမှု ထမ်းရမည်။ ဣသရေလအမျိုးသားတို့ သန့်ရှင်းရာဌာနတော်အနီးသို့ချဉ်းကပ်၍ ဘေးဒဏ်မသင့်စေရန်သူတို့ကကာကွယ် စောင့်ရှောက်ပေးရမည်'' ဟုမိန့်တော်မူ၏။
19 E os levitas, dados a Arão e a seus filhos, dentre os filhos de Israel, entreguei-os para fazerem o serviço dos filhos de Israel na tenda da congregação e para fazerem expiação por eles, para que não haja praga entre o povo de Israel, chegando-se os filhos de Israel ao santuário.
20 သို့ဖြစ်၍မောရှေ၊ အာရုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် ထာဝရဘုရား မိန့်မှာတော်မူသည်အတိုင်း လေဝိအနွယ်ဝင် တို့ကိုဆက်ကပ်ကြ၏။-
20 E assim fez Moisés, e Arão, e toda a congregação dos filhos de Israel com os levitas; segundo tudo o que o Senhor ordenara a Moisés acerca dos levitas, assim lhes fizeram os filhos de Israel.
21 လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်ကို သန့်စင်စေ၍ အဝတ်များကိုလျှော်ဖွပ်ကြ ပြီးနောက် အာရုန်သည်သူတို့ကိုထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်ကပ်လေ၏။ သူတို့အတွက်သန့်စင် ခြင်းဝတ်ကိုလည်းဆောင်ရွက်၏။-
21 Os levitas se purificaram e lavaram as suas vestes, e Arão os apresentou por oferta movida perante o Senhor e fez expiação por eles, para purificá-los.
22 ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့နှင့်စပ်လျဉ်း၍ ထာဝရ ဘုရားမိန့်မှာတော်မူသမျှအတိုင်းဆောင် ရွက်ကြသည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့ သည် အာရုန်နှင့်သူ၏သားများကြီးကြပ် ကွပ်ကဲမှုဖြင့်တဲတော်တွင်အမှုတော် ထမ်းကြလေသည်။
22 Depois disso, chegaram os levitas, para fazerem o seu serviço na tenda da congregação, perante Arão e seus filhos; como o Senhor ordenara a Moisés acerca dos levitas, assim lhes fizeram.
23 ထာဝရဘုရားသည်မောရှေအား၊-
23 Disse mais o Senhor a Moisés:
24 ``လေဝိအနွယ်ဝင်ထဲမှအသက်နှစ်ဆယ့် ငါးနှစ်အရွယ်သို့ရောက်သူတိုင်း တဲတော် တွင်အမှုထမ်း၍၊-
24 Isto é o que toca aos levitas: da idade de vinte e cinco anos para cima entrarão, para fazerem o seu serviço na tenda da congregação;
25 အသက်ငါးဆယ်အရွယ်တွင်အမှုတော် ထမ်းခြင်းမှရပ်နားရမည်။-
25 mas desde a idade de cinquenta anos desobrigar-se-ão do serviço e nunca mais servirão;
26 အသက်ငါးဆယ်အရွယ်လွန်သူသည်တဲ တော်နှင့်ဆိုင်သောအလုပ်တွင် ဆွေမျိုးသား ချင်းတို့အားကူညီနိုင်သော်လည်း မိမိကိုယ် တိုင်တာဝန်ယူ၍မဆောင်ရွက်ရ။ သင်သည် ဤစည်းကမ်းချက်များနှင့်အညီ လေဝိ အနွယ်ဝင်တို့အားတာဝန်ပေးရမည်'' ဟု မိန့်တော်မူ၏။
26 porém ajudarão aos seus irmãos na tenda da congregação, no tocante ao cargo deles; não terão mais serviço. Assim farás com os levitas quanto aos seus deveres.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?