Salmos 128

BURCBCM

1 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေလျက် ကိုယ်တော်၏တရားလမ်းများ၌ လျှောက်လှမ်း သူတိုင်းသည် မင်္ဂလာရှိ၏။-

2 သင်သည် မိမိ၏လက်ဖြင့် လုပ်ဆောင်ရာမှရရှိသော အသီးအပွင့်ကို စားသုံးရလိမ့်မည်။ သင်သည် ပျော်ရွှင်ဝမ်းမြောက်ရ၍ ကြီးပွားချမ်းသာလိမ့်မည်။

3 သင်၏ဇနီးသည် အိမ်တွင် အသီးများဝေဆာနေသော စပျစ်ပင်ကဲ့သို့ဖြစ်လိမ့်မည်။ သင်၏သားသမီးများသည်လည်း သံလွင်ပင်ပေါက်ကလေးများကဲ့သို့ စားပွဲပတ်လည်တွင် ရှိကြလိမ့်မည်။-

4 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူသည် ဤနည်းတူဖြစ်ရလိမ့်မည်။

5 ထာ၀ရဘုရားသခင်သည် သင့်ကို ဇီအွန်တောင်ပေါ်မှ ကောင်းချီးပေးတော်မူလိမ့်မည်။ သင်သည် အသက်ရှင်သမျှ ကာလပတ်လုံး ဂျေရုဆလင်မြို့၏ ကြွယ်၀ချမ်းသာခြင်းကို မြင်တွေ့ရပါစေ။-

6 သင်သည် သင်၏သားသမီးတို့မှ ဖွားမြင်သောသားသမီးများကိုမြင်ရသည့်တိုင်အောင် အသက်ရှည်ပါစေ။ အစ္စရာအဲလ်လူမျိုး အပေါ် ငြိမ်းချမ်းသာယာခြင်းရှိပါစေ။

Ler em outra tradução

Comparar lado a lado