Salmos 122

BURCBCM

1 ထာ၀ရဘုရားသခင်၏ အိမ်တော်သို့ သွားကြစို့ဟူ၍ ငါ့ကိုသူတို့ပြောကြားကြသောအခါ ငါသည် ရွှင်လန်းဝမ်းမြောက်ပါ၏။-

2 အိုဂျေရုဆလင်၊ ငါတို့၏ခြေများသည် သင်၏တံခါးများအတွင်း၌ ရပ်လျက်ရှိနေကြပါ၏။

3 ဂျေရုဆလင်မြို့သည် စုစည်းကျစ်လစ်စွာ တည်ဆောက်ထားသောမြို့ဖြစ်၏။-

4 ထိုအရပ်သို့ ထာ၀ရဘုရားသခင်၏ လူမျိုးစုများဖြစ်သည့် လူမျိုးစုတို့တက်ရောက်ကြ၏။ အစ္စရာအဲလ်လူမျိုးတို့အား ချမှတ်ပေးထားသည့် ဥပဒေနှင့်အညီ သူတို့သည် ထိုအရပ်တွင် ထာ၀ရဘုရားသခင်၏ နာမတော်ကို ချီးမွမ်းထောမနာ ပြုကြပါ၏။-

5 ဤနေရာသည်ကား ဒါဝိဒ်မျိုးဆက်၏ ရာဇပလ္လင်များဖြစ်ကြသည့် တရားစီရင်ရာပလ္လင်များရှိကြ၏။

6 ဂျေရုဆလင်မြို့၏ ငြိမ်းချမ်းသာယာခြင်းအတွက် ဆုတောင်းပတ္ထနာပြုကြလော့။ သင့်ကို ချစ်မြတ်နိုးသူတို့သည် ချမ်းသာကြွယ်၀ကြပါစေ။-

7 သင်၏မြို့ရိုးများအတွင်း၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေ။ သင်၏ခံတပ်များဝန်းကျင်၌ လုံခြုံမှုရှိပါစေ။-

8 ငါ၏ညီအစ်ကိုများနှင့် မိတ်ဆွေအပေါင်းအသင်းတို့ကိုထောက်ထား၍ သင်၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု ငါဆိုမည်။-

9 ငါတို့အရှင် ထာ၀ရဘုရားသခင်၏ အိမ်တော်ကိုထောက်ထား၍ သင်၏ကောင်းကျိုးကို ငါရှာမည်။

Ler em outra tradução

Comparar lado a lado