1 အို ထာဝရဘုရား၊
2 ကျွန်တော်မျိုးသည်အပြစ်ဆိုဖွယ်မရှိအောင် ကျင့်ကြံပါမည်။
3 မကောင်းမှုကိုအဘယ်အခါ၌မျှသည်းခံမည် မဟုတ်ပါ။
4 ငါသည်လိမ်လည်ကောက်ကျစ်မည်မဟုတ်ပါ။
5 သူတစ်ပါးအကြောင်းမကောင်းသတင်း တီးတိုးလွှင့်တတ်သူကိုဖယ်ရှားပစ်ပါမည်။
6 ငါသည်ထာဝရဘုရားအားသစ္စာစောင့်သူတို့ကို နှစ်သက်ပါမည်။
7 လိမ်လည်ပြောဆိုတတ်သူသည်ငါ၏နန်းတော်တွင် နေရမည်မဟုတ်ပါ။
8 ငါတို့တိုင်းနိုင်ငံတွင်ရှိသမျှသောသူယုတ်မာ တို့ကို ငါသည်နေ့စဉ်နေ့တိုင်းသုတ်သင်ပစ်ပါမည်။