1 အို ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊
2 ထာဝရဘုရားအားရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုကြလော့။
3 ထာဝရဘုရားသည်ဘုရားဖြစ်တော်မူသည်ဟု ဝန်ခံကြလော့။
4 ကျေးဇူးတော်ကိုချီးမွမ်းလျက်တံခါးတော် တွင်းသို့ ဝင်ကြလော့။
5 ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏။