Rute 4
MYA vs ARIB
1 ဗောဇသည်မြို့တံခါးဝရှိတရားစီရင်ရာ ဌာနသို့ သွား၍ထိုင်လျက်နေ၏။ ထိုအခါ ဧလိမလက်၏အရင်းအချာဆုံးသောဆွေ မျိုးသားချင်းဖြစ်သူသည် ရောက်ရှိလာလေ သည်။ ထိုသူကားယခင်ကဗောဇဖော်ပြခဲ့ သူပင်ဖြစ်၏။ ဗောဇကသူ့အား``မိတ်ဆွေ၊ ဤ နေရာသို့လာ၍ထိုင်ပါလော့'' ဟုဆိုသဖြင့် သူသည်လာ၍ထိုင်၏။-
1 Boaz subiu à porta da cidade, e assentou-se ali. Quando o remidor de que ele havia falado ia passando, disse-lhe Boaz: Meu amigo, vem cá, assenta-te aqui. Ele se virou, e se assentou.
2 ထိုနောက်ဗောဇသည်အကြီးအကဲတစ်ကျိပ် ကိုလည်းပင့်ဖိတ်ပြီးလျှင် ထိုအရပ်တွင်ထိုင် စေ၏။ သူတို့ထိုင်ကြသောအခါ၊-
2 Então Boaz tomou dez homens dentre os anciãos da cidade, e lhes disse: Sentai-vos aqui. E eles se sentaram.
3 သူသည်မိမိ၏သားချင်းအား``ယခုအခါ နောမိသည်မောဘပြည်မှပြန်လာပြီ။ သူ သည်ငါတို့သားချင်းဧလိမလက်ပိုင် သည့်လယ်မြေကိုရောင်းချလိုပါသည်။-
3 Disse Boaz ao remidor: Noêmi, que voltou da terra dos moabitas, vendeu a parte da terra que pertencia a Elimeleque; nosso irmão.
4 ဤအကြောင်းကိုသင်သိသင့်သည်ဟု ငါထင် မြင်ပါ၏။ အကယ်၍သင်ဝယ်လိုပါကယခု ထိုင်လျက်နေသည့်လူကြီးများ၏ရှေ့မှောက် တွင်ဝယ်ယူပါလော့။ သို့ရာတွင်မဝယ်လိုလျှင် မူကား မဝယ်လိုကြောင်းပြောပါလော့။ သင် မဝယ်မှငါဝယ်ယူနိုင်ခွင့်ရှိပါသည်'' ဟု ဆို၏။
4 Resolvi informar-te disto, e dizer-te: Compra-a na presença dos que estão sentados aqui, na presença dos anciãos do meu povo; se hás de redimi-la, redime-a, e se não, declara-mo, para que o saiba, pois outro não há, senão tu, que a redima, e eu depois de ti. Então disse ele: Eu a redimirei.
5 ဗောဇက``ထိုလယ်မြေကိုနောမိထံမှသင် ဝယ်ယူပါလျှင် ထိုလယ်မြေသည်သေလွန် သူ၏အိမ်ထောင်စုလက်ဝယ်ဆက်လက်တည် ရှိနေစေရန်မောဘအမျိုးသမီး၊ မုဆိုးမ ဖြစ်သူရုသကိုလည်းဝယ်ယူရပါမည်'' ဟုဆို၏။
5 Disse, porém, Boaz: No dia em que comprares o campo da mão de Noêmi, também tomarás a Rute, a moabita, que foi mulher do falecido, para suscitar o nome dele na sua herança.
6 ထိုသူက``ထိုသို့ဖြစ်ပါမူငါ့သားသမီး များက ထိုလယ်မြေကိုအမွေခံရကြလိမ့် မည်မဟုတ်သဖြင့် ဝယ်ယူပိုင်ခွင့်ကိုငါစွန့် လွှတ်လိုက်ပါပြီ။ ငါမဝယ်ယူလိုတော့ပါ။ သင်ပင်ဝယ်ယူပါလော့'' ဟုပြန်ပြော၏။
6 Então disse o remidor: Não poderei redimi-lo para mim, para que não prejudique a minha própria herança; toma para ti o meu direito de remissão, porque eu não o posso fazer.
7 ထိုစဉ်အခါက အရောင်းအဝယ်ပြုလုပ်သည့် အခါ၌သော်လည်းကောင်း၊ ပစ္စည်းချင်းလဲလှယ် သည့်အခါ၌သော်လည်းကောင်း ရောင်းသူသည် မိမိဖိနပ်ကိုချွတ်၍ ဝယ်သူအားပေးရသည့် ဋ္ဌလေ့ထုံးစံရှိပေသည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် အရောင်း အဝယ်ပြီးပြတ်သည့်အထိမ်းအမှတ်ကို ပြုကြ၏။
7 Outrora em Israel, para confirmar qualquer negócio relativo à remissão e à permuta, o homem descalçava o sapato e o dava ao seu próximo; e isto era por testemunho em Israel.
8 သို့ဖြစ်၍ထိုသူသည်ဗောဇအား``ထိုလယ် မြေကို သင်ပင်လျှင်ဝယ်ယူပါလော့'' ဟု ဆို၍မိမိဖိနပ်ကိုချွတ်ပေးလေသည်။-
8 Dizendo, pois, o remidor a Boaz: Compra-a para ti, descalçou o sapato.
9 ထိုအခါဗောဇကမြို့အကြီးအကဲများ နှင့် အခြားသူအပေါင်းတို့အား``ဧလိမလက်၊ ခိလျုန်နှင့်မဟာလုန်တို့ပိုင်သောဥစ္စာပစ္စည်း မှန်သမျှကို နောမိထံမှယနေ့ငါဝယ်ယူ ကြောင်းသင်တို့အသိသက်သေဖြစ်ကြ၏။-
9 Então Boaz disse aos anciãos e a todo o povo: Sois hoje testemunhas de que comprei tudo quanto foi de Elimeleque, e de Quiliom, e de Malom, da mão de Noêmi,
10 ထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။
10 e de que também tomei por mulher a Rute, a moabita, que foi mulher de Malom, para suscitar o nome do falecido na sua herança, para que a nome dele não seja desarraigado dentre seus irmãos e da porta do seu lugar; disto sois hoje testemunhas.
11 မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-
11 Ao que todo o povo que estava na porta e os anciãos responderam: Somos testemunhas. O Senhor faça a esta mulher, que entra na tua casa, como a Raquel e a Léia, que juntas edificaram a casa de Israel. Porta-te valorosamente em Efrata, e faze-te nome afamado em Belém.
12 ဤအမျိုးသမီးအားဖြင့် ထာဝရဘုရား ပေးတော်မူသောသားသမီးများသည် ယုဒ နှင့်တာမာတို့၏သားဖာရက်၏အိမ်ထောင် စုဝင်များကဲ့သို့ဖြစ်ကြပါစေသော'' ဟု ဆိုကြ၏။
12 Também seja a tua casa como a casa de Pérez, que Tamar deu a Judá, pela posteridade que o Senhor te der desta moça.
13 သို့ဖြစ်၍ဗောဇသည်ရုသအားမိမိ၏ ဇနီးအဖြစ်သိမ်းပိုက်ပြီးလျှင် အိမ်သို့ခေါ် ဆောင်သွားလေသည်။ ထာဝရဘုရားသည် ရုသအားကောင်းချီးပေးတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင်၍သားကိုဖွား မြင်၏။-
13 Assim tomou Boaz a Rute, e ela lhe foi por mulher; ele a conheceu, e o Senhor permitiu a Rute conceber, e ela teve um filho.
14 အမျိုးသမီးများကနောမိအား``ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါ လော့။ ကိုယ်တော်သည်သင့်ကိုကြည့်ရှုစောင့် ရှောက်ရန်အတွက် မြေးယောကျာ်းကလေးကို ယနေ့ပေးသနားတော်မူလေပြီ။ ထိုသူငယ် သည် ဣသရေလပြည်တွင်ထင်ပေါ်ကျော်စော သူဖြစ်လာပါစေသော။-
14 Disseram então as mulheres a Noêmi: Bendito seja o Senhor, que não te deixou hoje sem remidor; e torne-se o seu nome afamado em Israel.
15 သင်၏ချွေးမသည်သင့်ကိုချစ်သဖြင့် သား ယောကျာ်းခုနစ်ယောက်ထက်ပင်သင့်အားပို ၍ပြုစုခဲ့သူဖြစ်ပေသည်။ ယခုသူသည် မြေးယောကျာ်းကလေးကို မွေးဖွားပေးလေ ပြီ။ ထိုသူငယ်သည်သင့်အားဘဝသစ်ကို ပေး၍ သင်အိုမင်းမစွမ်းရှိချိန်၌လုံခြုံ မှုကိုပေးမည့်သူဖြစ်ပါ၏'' ဟုပြောဆို ကြ၏။-
15 Ele será restaurador da tua vida, e consolador da tua velhice, pois tua nora, que te ama, o deu à luz; ela te é melhor do que sete filhos.
16 နောမိသည်ကလေးငယ်ကိုယူ၍ပိုက်ချီ လျက်ထိန်းလေ၏။
16 E Noêmi tomou o menino, pô-lo no seu regaço, e foi sua ama.
17 အိမ်နီးချင်းအမျိုးသမီးများက ထိုသူ ငယ်ကိုသြဗက်ဟူသောနာမည်ကိုပေးကြ လျက်``နောမိသည်သားယောကျာ်းကလေး ကိုရရှိလေပြီ'' ဟုလူအပေါင်းတို့အား ပြောကြားကြ၏။ သြဗက်သည် ဒါဝိဒ်၏ အဖဖြစ်သူယေရှဲ၏ဖခင်ဖြစ်လာလေ သည်။
17 E as vizinhas deram-lhe nome, dizendo: A Noêmi nasceu um filho, E chamaram ao menino Obede. Este é o pai de Jessé, pai de Davi.
18 — ausente —
18 São estas as gerações de Pérez: Pérez gerou a Hezrom,
19 — ausente —
19 Hezrom gerou a Rão, Rão gerou a Aminadabe,
20 — ausente —
20 Aminadabe gereu a Nasom, Nasom gerou a Salmom,
21 — ausente —
21 Salmom gerou a Boaz, Boaz gerou a Obede,
22 — ausente —
22 Obede gerou a Jessé, e Jessé gerou a Davi.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?