Rute 2
MYA vs ACF
1 နောမိတွင်ဗောဇဆိုသူ ဆွေမျိုးတစ်ဦးရှိ ၏။ သူသည်နောမိ၏ခင်ပွန်းဧလိမလက်၏ သားချင်းစုဝင်၊ ချမ်းသာကြွယ်ဝ၍ သြဇာ ရှိသူတစ်ဦးဖြစ်ပေသည်။-
1 E tinha Noemi um parente de seu marido, homem valente e poderoso, da família de Elimeleque; e era o seu nome Boaz.
2 ရုသကနောမိအား``ကောက်ရိတ်သူတို့ချန် ထားခဲ့သည့်ကောက်သင်းကိုကောက်ရန် ကျွန်မ အားလယ်ကွင်းများသို့သွားခွင့်ပြုပါ။ ကျွန် မသည်ဤသို့ကောက်ခွင့်ပြုမည့်တစ်စုံတစ် ယောက်ကိုတွေ့ပါလိမ့်မည်'' ဟုဆိုလျှင်၊
2 E Rute, a moabita, disse a Noemi: Deixa-me ir ao campo, e apanharei espigas atrás daquele em cujos olhos eu achar graça. E ela disse: Vai, minha filha.
3 သို့ဖြစ်၍ရုသသည်လယ်ကွင်းများသို့သွား ပြီးလျှင် ကောက်ရိတ်သမားများ၏နောက်မှ လိုက်၍ သူတို့ချန်ထားခဲ့သည့်ကောက်သင်း ကိုကောက်၏။ သူသွားရောက်မိသည့်လယ်ကွင်း မှာဗောဇပိုင်သောလယ်ကွင်းဖြစ်နေသည်။
3 Foi, pois, e chegou, e apanhava espigas no campo após os segadores; e caiu-lhe em sorte uma parte do campo de Boaz, que era da família de Elimeleque.
4 အချိန်အနည်းငယ်ကြာသောအခါ ဗောဇ ကိုယ်တိုင်ပင်ဗက်လင်မြို့မှရောက်ရှိလာလျက် မိမိ၏အလုပ်သမားများအား``ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဆို၍နှုတ်ဆက်၏။
4 E eis que Boaz veio de Belém, e disse aos segadores: O Senhor seja convosco. E disseram-lhe eles: O Senhor te abençoe.
5 ဗောဇသည်အလုပ်သမားခေါင်းဆောင် အား``ထိုသူငယ်မသည်အဘယ်သူဖြစ် ပါသနည်း'' ဟုမေး၏။
5 Depois disse Boaz a seu moço, que estava posto sobre os segadores: De quem é esta moça?
6 အလုပ်သမားခေါင်းဆောင်က``ထိုသူငယ်မ သည် မောဘပြည်မှနောမိနှင့်အတူလိုက်လာ သည့်မောဘအမျိုးသမီးဖြစ်ပါသည်။-
6 E respondeu o moço, que estava posto sobre os segadores, e disse: Esta é a moça moabita que voltou com Noemi dos campos de Moabe.
7 သူသည်ကောက်ရိတ်သမားများ၏နောက်မှ လိုက်၍ ကောက်သင်းကောက်ခွင့်ကိုကျွန်တော် ၏ထံတွင်တောင်းခံကာ နံနက်စောစောမှစ ၍ကောက်သင်းကောက်လျက်နေခဲ့ပါ၏။ ယခု မှသာလျှင်လယ်တဲတွင်ခေတ္တနားနေပါသည်'' ဟုပြန်လည်ဖြေကြား၏။
7 Disse-me ela: Deixa-me colher espigas, e ajuntá-las entre as gavelas após os segadores. Assim ela veio, e desde pela manhã está aqui até agora, a não ser um pouco que esteve sentada em casa.
8 ထိုအခါဗောဇကရုသအား``နားထောင်ပါ ငါ့သမီး၊ ဤလယ်ကွင်းမှတစ်ပါးအခြား လယ်ကွင်းများသို့သွား၍ ကောက်သင်းမကောက် ပါနှင့်။ ဤလယ်ကွင်းတွင်နေ၍အမျိုးသမီး များနှင့်အတူလုပ်ဆောင်ပါလော့။-
8 Então disse Boaz a Rute: Ouve, filha minha; não vás colher em outro campo, nem tampouco passes daqui; porém aqui ficarás com as minhas moças.
9 သူတို့အဘယ်နေရာတွင်ကောက်ရိတ်ကြသည် ကိုစောင့်၍ ကြည့်ကာသူတို့နှင့်အတူလိုက်သွား ပါလော့။ သင့်အားအနှောင့်အယှက်မပေးရန် ငါ၏အလုပ်သမားများကိုမှာထားပြီ။ သင် ရေငတ်သည့်အခါအိုးထားရာသို့သွား၍ သူ တို့ခပ်ထားသည်ရေကိုသောက်ပါလော့'' ဟု ဆို၏။
9 Os teus olhos estarão atentos no campo que segarem, e irás após elas; não dei ordem aos moços, que não te molestem? Tendo tu sede, vai aos vasos, e bebe do que os moços tirarem.
10 ရုသသည်မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ် လျက် ဗောဇအား``အရှင်သည်အဘယ်ကြောင့် ကျွန်မကဲ့သို့နိုင်ငံခြားသူတစ်ဦးကို ဤမျှ ဂရုတစိုက်ပြု၍သနားကြင်နာပါသနည်း'' ဟုဆိုလျှင်၊
10 Então ela caiu sobre o seu rosto, e se inclinou à terra; e disse-lhe: Por que achei graça em teus olhos, para que faças caso de mim, sendo eu uma estrangeira?
11 ဗောဇက``သင်သည်ခင်ပွန်းကွယ်လွန်ချိန်မှစ ၍ မိမိ၏ယောက္ခမအားအဘယ်သို့ပြုစုခဲ့ သည်ကိုငါကြားသိပြီးပါပြီ။ သင်သည် အဘယ်သို့မိမိ၏မိဘများနှင့်တိုင်းပြည် ကိုစွန့်ခွာလျက် ယခင်အဘယ်အခါကမျှ မတွေ့မမြင်ဘူးသည့်အမျိုးသားတို့နှင့် အတူနေထိုင်ရန်လာရောက်ခဲ့ကြောင်းကို လည်းငါသိပါ၏။-
11 E respondeu Boaz, e disse-lhe: Bem se me contou quanto fizeste à tua sogra, depois da morte de teu marido; e deixaste a teu pai e a tua mãe, e a terra onde nasceste, e vieste para um povo que antes não conheceste.
12 ထာဝရဘုရားသည်ယင်းသို့သင်ပြုသည့် အတွက် သင့်အားဆုကျေးဇူးတော်ကိုချ ပေးတော်မူပါစေသော။ သင်ခိုလှုံချဉ်းကပ် သည့်ဣသရေလအမျိုးသားတို့၏ဘုရား သခင်ထာဝရဘုရားသည် သင့်အားဆု ကျေးဇူးတော်ကိုအပြည့်အဝချပေး တော်မူပါစေသော'' ဟုဆိုလေ၏။
12 O Senhor retribua o teu feito; e te seja concedido pleno galardão da parte do Senhor Deus de Israel, sob cujas asas te vieste abrigar.
13 ရုသကလည်း``အရှင်၊ အရှင်သည်ကျွန်မ အပေါ်တွင်များစွာကရုဏာထားပါပြီ။ ကျွန်မသည်အရှင့်အစေခံများ၏အဆင့် အတန်းကိုမီသူပင်မဟုတ်သော်လည်း အရှင် သည်ချိုသာစွာပြောဆိုခြင်းအားဖြင့်ကျွန်မ ကိုအားတက်စေပါ၏'' ဟုပြန်ပြော၏။
13 E disse ela: Ache eu graça em teus olhos, senhor meu, pois me consolaste, e falaste ao coração da tua serva, não sendo eu ainda como uma das tuas criadas.
14 ထမင်းစားချိန်ရောက်သောအခါ၌ ဗောဇ သည်ရုသအား``လာ၍မုန့်သုံးဆောင်လော့။ မုန့်ကိုအချဉ်ရည်တွင်နှစ်၍စားလော့'' ဟု ဆို၏။ သို့ဖြစ်၍ရုသသည် အလုပ်သမား များနှင့်အတူထိုင်လေသည်။ ထိုအခါဗောဇ သည်သူ့အားပေါက်ပေါက်အနည်းငယ်ကို လှမ်း၍ပေး၏။ ရုသသည်ဝအောင်စားပြီး နောက်မုန့်ကျန်သေး၏။-
14 E, sendo já hora de comer, disse-lhe Boaz: Achega-te aqui, e come do pão, e molha o teu bocado no vinagre. E ela se assentou ao lado dos segadores, e ele lhe deu do trigo tostado, e comeu, e se fartou, e ainda lhe sobejou.
15 ထိုနောက်သူသည်ကောက်သင်းကောက်ရန်ထ ၍သွားသောအခါ ဗောဇသည်အလုပ်သမား များအား``သူ့အားကောက်လှိုင်းစီးများချ ထားရာအရပ်၌ပင် ကောက်သင်းကောက်ခွင့် ပြုကြလော့။ သူ့အားမဟန့်တားကြနှင့်။-
15 E, levantando-se ela a colher, Boaz deu ordem aos seus moços, dizendo: Até entre as gavelas deixai-a colher, e não a censureis.
16 ကောက်လှိုင်းစည်းများမှစပါးနှံအနည်း ငယ်ကိုဆွဲထုတ်၍ သူ၏အတွက်ချထား ပေးကြလော့'' ဟုမှာကြားလေ၏။
16 E deixai cair alguns punhados, e deixai-os ficar, para que os colha, e não a repreendais.
17 သို့ဖြစ်၍ရုသသည် လယ်ကွင်းထဲတွင်ညနေ စောင်းသည်တိုင်အောင် ကောက်သင်းကောက်ပြီး နောက်ကောက်နှံများကို နယ်လိုက်သောအခါ မုယောစပါးတင်းဝက်ခန့်ရရှိလေသည်။-
17 E esteve ela apanhando naquele campo até à tarde; e debulhou o que apanhou, e foi quase um efa de cevada.
18 သူသည်ထိုစပါးကိုယူ၍မြို့သို့ပြန်ပြီး လျှင် မိမိ၏ယောက္ခမအားပြ၏။ မိမိချန် ထားသည့်အစားအစာကိုလည်းပေး၏။-
18 E tomou-o, e veio à cidade; e viu sua sogra o que tinha apanhado; também tirou, e deu-lhe o que sobejara depois de fartar-se.
19 နောမိက``သင်သည်ယနေ့အဘယ်မှာကောက် သင်းကောက်ခဲ့ပါသနည်း။ မည်သူ့လယ်တွင် ကောက်ခဲ့ပါသနည်း။ ဘုရားသခင်သည် သင့် ကိုကြည့်ရှုသူအားကောင်းချီးပေးတော် မူပါစေသော'' ဟုဆို၏။
19 Então disse-lhe sua sogra: Onde colheste hoje, e onde trabalhaste? Bendito seja aquele que te reconheceu. E relatou à sua sogra com quem tinha trabalhado, e disse: O nome do homem com quem hoje trabalhei é Boaz.
20 နောမိကလည်း``ထာဝရဘုရားသည် ဗောဇ အားကောင်းချီးပေးတော်မူပါစေသော။ ထာဝရ ဘုရားသည်အသက်ရှင်သူ၊ သေသူတို့အား မိမိထားရှိသည့်ကတိတော်တို့ကိုအစဉ် အမြဲတည်စေတော်မူပါ၏'' ဟုဆိုပြီးလျှင် ဆက်လက်၍``ဤသူသည်ငါတို့နှင့်ဆွေမျိုး ရင်းချာတော်စပ်၍ ငါတို့အားကြည့်ရှုစောင့် ရှောက်ရန်အတွက်တာဝန်ရှိသူတစ်ဦးဖြစ် သည်'' ဟုဆို၏။
20 Então Noemi disse à sua nora: Bendito seja ele do Senhor, que ainda não tem deixado a sua beneficência nem para com os vivos nem para com os mortos. Disse-lhe mais Noemi: Este homem é nosso parente chegado, e um dentre os nossos remidores.
21 ထိုအခါရုသက``မုယောစပါးကိုအလုပ် သမားတို့ရိတ်သိမ်းကာလမကုန်မချင်း ကောက်သင်းလာ၍ ကောက်ရန်ကျွန်မအားသူ မှာကြားလိုက်ပါသည်'' ဟုပြော၏။
21 E disse Rute, a moabita: Também ainda me disse: Com os moços que tenho te ajuntarás, até que acabem toda a sega que tenho.
22 နောမိသည်ရုသအား``ငါ့သမီး၊ သင်သည် အခြားသူတစ်ဦးတစ်ယောက်၏လယ်သို့ သွားခဲ့သော် အနှောင့်အယှက်ခံကောင်းခံ ရပေလိမ့်မည်။-''
22 E disse Noemi a sua nora: Melhor é, filha minha, que saias com as suas moças, para que noutro campo não te encontrem.
23 သို့ဖြစ်၍ရုသသည်ဗောဇ၏လယ်၌ပင် အမျိုးသမီးများနှင့်အတူလုပ်ဆောင်ကာ မုယောစပါးနှင့်ဂျုံစပါးများရိတ်သိမ်းပြီး သည်တိုင်အောင် ကောက်သင်းကောက်လျက်နေ၏။ သူသည်မိမိ၏ယောက္ခမနှင့်အတူဆက် လက်၍နေထိုင်လေသည်။
23 Assim, ajuntou-se com as moças de Boaz, para colher até que a sega das cevadas e dos trigos se acabou; e ficou com a sua sogra.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?