Números 32
MYA vs ARC
1 ရုဗင်အနွယ်နှင့်ဂဒ်အနွယ်တို့တွင် သိုးနွား တိရစ္ဆာန်မြောက်မြားစွာရှိကြ၏။ ယာဇာ ပြည်နှင့်ဂိလဒ်ပြည်တွင်စားကျက်ကောင်း များရှိကြောင်းသိရှိရသောအခါ၊-
1 E os filhos de Rúben e os filhos de Gade tinham muito gado em grande multidão; e viram a terra de Jazer e a terra de Gileade, e eis que o lugar era lugar de gado.
2 သူတို့သည်မောရှေ၊ ဧလာဇာနှင့်ဣသရေလ ခေါင်းဆောင်တို့ထံသို့သွား၍၊-
2 Vieram, pois, os filhos de Gade e os filhos de Rúben e falaram a Moisés e a Eleazar, o sacerdote, e aos maiorais da congregação, dizendo:
3 — ausente —
3 Atarote, e Dibom, e Jazer, e Ninra, e Hesbom, e Eleale, e Sebã, e Nebo, e Beom,
4 — ausente —
4 a terra que o Senhor feriu diante da congregação de Israel é terra de gado; e os teus servos têm gado.
5 သို့ဖြစ်၍ဤဒေသတွင်အကျွန်ုပ်တို့နေ ထိုင်ရန်အပိုင်ပေးသနားပါ။ အကျွန်ုပ်တို့ အားယော်ဒန်မြစ်တစ်ဖက်သို့ကူး၍မနေ ထိုင်စေပါနှင့်'' ဟုလျှောက်ထားကြ၏။
5 Disseram mais: Se achamos graça aos teus olhos, dê-se esta terra aos teus servos em possessão, e não nos faças passar o Jordão.
6 ထိုအခါမောရှေက``သင်တို့၏သားချင်းများ စစ်ချီတိုက်ခိုက်နေစဉ် သင်တို့သည်ဤအရပ် တွင်နေထိုင်ကြပါသလော။-
6 Porém Moisés disse aos filhos de Gade e aos filhos de Rúben: Irão vossos irmãos à peleja, e ficareis vós aqui?
7 ဣသရေလအမျိုးသားတို့သည်ယော်ဒန် မြစ်ကိုကူး၍ ထာဝရဘုရားပေးသနား တော်မူသောပြည်သို့ဝင်ရောက်ရေးတွင် သင် တို့သည်အဘယ်ကြောင့်သူတို့ကိုစိတ် ပျက်အားလျော့စေကြသနည်း။-
7 Por que, pois, descorajais o coração dos filhos de Israel, para que não passem à terra que o Senhor lhes tem dado?
8 ငါသည်သင်တို့၏ဘိုးဘေးများအားထို ပြည်ကိုထောက်လှမ်းရန် ကာဒေရှအရပ်မှ စေလွှတ်စဉ်အခါက သူတို့သည်လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ကြ၏။-
8 Assim fizeram vossos pais, quando os mandei de Cades-Barneia a ver esta terra.
9 သူတို့သည်ဧရှကောလချိုင့်ဝှမ်းသို့တိုင်အောင် သွားရောက်ခဲ့ကြ၍ ထိုပြည်ကိုတွေ့မြင်ပြီး နောက်ပြန်လည်ရောက်ရှိလာကြသောအခါ ထာဝရဘုရားပေးသနားတော်မူသော ပြည်သို့မသွားရန်လူတို့ကိုတိုက်တွန်း ကြ၏။-
9 Chegando eles até ao vale de Escol e vendo esta terra, descorajaram o coração dos filhos de Israel, para que não viessem à terra que o Senhor lhes tinha dado.
10 ထိုအခါထာဝရဘုရားသည်အမျက် တော်ထွက်၍၊-
10 Então, a ira do Senhor se acendeu naquele mesmo dia, e jurou, dizendo:
11 `သူတို့သည်ငါ့ကိုသစ္စာဖောက်ကြသဖြင့် အီဂျစ်ပြည်မှထွက်လာသောသူတို့တွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက်ရှိ သောမည်သည့်ယောကျာ်းမျှအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားငါပေးမည်ဟုကတိထား သောပြည်သို့မဝင်ရ' ဟုကျိန်ဆို၍မိန့် တော်မူခဲ့၏။-
11 De certo os varões, que subiram do Egito, de vinte anos para cima, não verão a terra que jurei a Abraão, a Isaque e a Jacó, porquanto não perseveraram em seguir-me,
12 ထိုသို့ဒဏ်စီရင်ခြင်းခံရသူတို့တွင် ကေနတ်အမျိုးသားယေဖုန္နာ၏သား ကာ လက်နှင့်နုန်၏သားယောရှုတို့မပါဝင် ချေ။ သူတို့သည်ထာဝရဘုရား၏သစ္စာ တော်ကိုစောင့်သူများဖြစ်ပေသည်။-
12 exceto Calebe, filho de Jefoné, o quenezeu, e Josué, filho de Num, porquanto perseveraram em seguir ao Senhor .
13 ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကိုအမျက်ထွက်သဖြင့် မိမိအလို ကိုဆန့်ကျင်သောအမျိုးဆက်တို့သေဆုံး ကုန်ကြသည်အထိသူတို့ကိုတောကန္တာရ ၌အနှစ်လေးဆယ်ပတ်လုံးလှည့်လည်နေ စေတော်မူ၏။-
13 Assim, se acendeu a ira do Senhor contra Israel, e fê-los andar errantes até que se consumiu toda aquela geração, que fizera mal aos olhos do Senhor .
14 ဘိုးဘေးတို့၏ဒုစရိုက်မျိုးကိုကူးလွန် သောအားဖြင့် ယခုသင်တို့သည်ဒုစရိုက် ပြုသောမျိုးဆက်သစ်ဖြစ်လာကြ၏။ သို့ ဖြစ်၍သင်တို့သည်ထာဝရဘုရား၏ပြင်း ထန်သောအမျက်တော်ကို ဣသရေလ အမျိုးသားတို့အပေါ်သို့တစ်ဖန်ကျ ရောက်စေရန်ပြုကျင့်နေကြပါသည် တကား။-
14 E eis que vós, uma multidão de homens pecadores, vos levantastes em lugar de vossos pais para ainda mais acrescentar o ardor da ira do Senhor contra Israel.
15 ရုဗင်နှင့်ဂဒ်အနွယ်ဝင်များဖြစ်ကြသော သင်တို့သည် ထာဝရဘုရား၏နောက်တော် သို့ယခုမလိုက်ကြလျှင် ကိုယ်တော်သည် ဣသရေလတစ်မျိုးလုံးကိုတောကန္တာရ တွင်တစ်ဖန်စွန့်ပစ်တော်မူလိမ့်မည်။ သို့ဖြစ် ၍သင်တို့ကြောင့်ထိုသူအပေါင်းတို့သည် ပျက်စီးဆုံးပါးရကြလိမ့်မည်'' ဟုပြန် လည်ဖြေကြား၏။
15 Se vós vos virardes de segui-lo, também ele os deixará de novo no deserto, e destruireis a todo este povo.
16 တစ်ဖန်သူတို့သည် မောရှေအနီးသို့ချဉ်း ကပ်၍``ရှေးဦးစွာအကျွန်ုပ်တို့၏သိုးများ ထားရန်ကျောက်တုံးခြံစည်းရိုးများကို လည်းကောင်း၊ အကျွန်ုပ်တို့ကိုမှီခိုသူများ နေထိုင်ရန် တံတိုင်းကာရံထားသောမြို့များ ကိုလည်းကောင်းတည်ဆောက်ခွင့်ပေးပါ။-
16 Então, chegaram-se a ele e disseram: Edificaremos currais aqui para o nosso gado e cidades para as nossas crianças;
17 ထိုနောက်အကျွန်ုပ်တို့သည်အမျိုးသားချင်း တို့အပိုင်ရမည့်ပြည်တွင် အခြေချနေထိုင် ရသည်အထိသူတို့ကိုရှေ့ဆောင်၍စစ်ချီ တိုက်ခိုက်ပါမည်။ ဤအတောအတွင်းအကျွန်ုပ် တို့ကိုမှီခိုသူများသည် ခိုင်ခံ့သောမြို့များ တွင်နေထိုင်ရသဖြင့် ဤအရပ်သားတို့၏ ရန်မှကင်းလွတ်နိုင်ကြပါလိမ့်မည်။-
17 porém nós nos armaremos, apressando-nos diante dos de Israel, até que os levemos ao seu lugar; e ficarão as nossas crianças nas cidades fortes por causa dos moradores da terra.
18 အခြားသောဣသရေလအနွယ်ဝင်တို့ သည် မိမိတို့နေထိုင်ရမည့်ပြည်ကိုအပိုင် မရမချင်းအကျွန်ုပ်တို့သည်ကိုယ့်အိမ် သို့မပြန်ပါ။-
18 Não voltaremos para nossas casas até que os filhos de Israel estejam de posse, cada um, da sua herança.
19 ယော်ဒန်မြစ်အရှေ့ဘက်တွင်အကျွန်ုပ်တို့ အားနယ်မြေဝေစုပေးထားပြီးဖြစ်သဖြင့် အနောက်ဘက်ကမ်းတွင်နယ်မြေဝေစုကို ထပ်မံ၍မတောင်းဆိုပါ'' ဟူ၍လျှောက် ထားကြ၏။
19 Porque não herdaremos com eles dalém do Jordão, nem mais adiante; porquanto nós já teremos a nossa herança daquém do Jordão ao oriente.
20 ထိုအခါမောရှေက``သင်တို့ကတိတည် မည်ဆိုလျှင် ထာဝရဘုရားရှေ့တော်၌ စစ်ချီတိုက်ရန်အသင့်ပြင်လော့။-
20 Então, Moisés lhes disse: Se isto fizerdes assim, se vos armardes para a guerra perante o Senhor ,
21 သင်တို့၏တပ်သားအပေါင်းတို့သည်ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးလျှင် ထာဝရဘုရား၏ အမိန့်ကိုနာခံလျက် ငါတို့၏ရန်သူများကို တိုက်ခိုက်ချေမှုန်း၍၊-
21 e cada um de vós armado passar o Jordão perante o Senhor , até que haja lançado fora os seus inimigos de diante dele,
22 တိုင်းပြည်ကိုသိမ်းပိုက်ရမည်။ ထိုနောက်သင် တို့သည်ထာဝရဘုရားနှင့်အမျိုးသား ချင်းတို့အတွက် တာဝန်ကျေပွန်ပြီဖြစ်၍ ဤအရပ်သို့ပြန်လာနိုင်သည်။ ထိုအခါ ထာဝရဘုရားသည်ယော်ဒန်မြစ်အရှေ့ ဘက်ရှိ ဤပြည်သည်သင်တို့ဝေစုဖြစ် ကြောင်းသိမှတ်တော်မူလိမ့်မည်။-
22 e a terra esteja subjugada perante o Senhor , então, voltareis depois e ficareis desculpados perante o Senhor e perante Israel; e esta terra vos será por possessão perante o Senhor ;
23 သို့ရာတွင်သင်တို့သည်ကတိမတည်လျှင် ထာဝရဘုရားအားပြစ်မှားရာရောက်လိမ့် မည်။ ထိုအခါသင်တို့သည်အပြစ်ဒဏ်ကို မုချခံကြရမည်။-
23 e, se não fizerdes assim, eis que pecastes contra o Senhor ; porém sentireis o vosso pecado, quando vos achar.
24 သင်တို့မြို့များနှင့်သိုးခြံများကိုတည် ဆောက်ကြလော့။ သို့ရာတွင်သင်တို့ကတိ ကိုမဖျက်ကြနှင့်'' ဟုသတိပေးလေ၏။
24 Edificai vós cidades para as vossas crianças e currais para as vossas ovelhas e fazei o que saiu da vossa boca.
25 ထိုအခါဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ် ဝင်တို့က``ကိုယ်တော်မိန့်မှာသည်အတိုင်း အကျွန်ုပ်ဆောင်ရွက်ပါမည်။-
25 Então, falaram os filhos de Gade e os filhos de Rúben a Moisés, dizendo: Como ordena meu senhor, assim farão teus servos.
26 အကျွန်ုပ်တို့၏ဇနီးနှင့်သားသမီးများ၊ သိုး၊ ဆိတ်၊ နွားများသည်ဤအရပ်ရှိဂိလဒ် မြို့များတွင်နေရစ်ကြပါမည်။-
26 As nossas crianças, as nossas mulheres, a nossa fazenda e todos os nossos animais estarão aí nas cidades de Gileade.
27 အကျွန်ုပ်တို့မူကားထာဝရဘုရား၏အမိန့် ကိုနာခံလျက် စစ်ချီတက်ရန်အသင့်ရှိနေ ကြပါသည်။ ကိုယ်တော်မိန့်မှာသည့်အတိုင်း အကျွန်ုပ်တို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး ၍ရန်သူများကိုတိုက်ခိုက်ပါမည်'' ဟူ၍ မောရှေအားကတိပေးကြ၏။
27 Mas os teus servos passarão, cada um armado para pelejar para a guerra, perante o Senhor , como tem dito meu senhor.
28 ထို့ကြောင့်မောရှေကဧလာဇာ၊ ယောရှုနှင့် အခြားသောဣသရေလခေါင်းဆောင်တို့ အား၊-
28 Então, Moisés deu ordem acerca deles a Eleazar, o sacerdote, e a Josué, filho de Num, e aos cabeças das casas dos pais das tribos dos filhos de Israel;
29 ``ဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ်ဝင်တို့သည် ထာဝရဘုရား၏အမိန့်တော်အရယော်ဒန် မြစ်ကိုဖြတ်ကူး၍ စစ်ချီတိုက်ခိုက်လျှင်လည်း ကောင်း၊ သင်တို့သည်သူတို့၏အကူအညီ ဖြင့်ထိုပြည်ကိုတိုက်ခိုက်အောင်မြင်လျှင် လည်းကောင်း ဂိလဒ်ပြည်ကိုသူတို့အား အပိုင်ပေးလော့။-
29 e disse-lhes Moisés: Se os filhos de Gade e os filhos de Rúben passarem convosco o Jordão, armado cada um para a guerra perante o Senhor , e a terra estiver subjugada diante de vós, em possessão lhes dareis a terra de Gileade;
30 သို့ရာတွင်သူတို့သည်သင်တို့နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်ကူး၍စစ်ချီတိုက်ခိုက် ခြင်းမပြုကြလျှင် သင်တို့နည်းတူခါနာန် ပြည်ထဲ၌သာသူတို့ဝေစုကိုရစေရမည်'' ဟုအမိန့်ပေးလေ၏။
30 porém, se não passarem armados convosco, então, se porão por possuidores no meio de vós na terra de Canaã.
31 ဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ်ဝင်တို့ က``အကျွန်ုပ်တို့သည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်းဆောင်ရွက်ပါမည်။-
31 E responderam os filhos de Gade e os filhos de Rúben, dizendo: O que o Senhor falou a teus servos, isso faremos.
32 အကျွန်ုပ်တို့သည်ယော်ဒန်မြစ်အရှေ့ဘက် ရှိပြည်ကိုအပိုင်ရနိုင်ရန် ထာဝရဘုရား ၏ရှေ့ဆောင်မှုကိုနာခံလျက် ခါနာန်ပြည် ဘက်သို့ကူး၍စစ်ချီတိုက်ခိုက်ပါမည်'' ဟုလျှောက်ထားကြလေသည်။
32 Nós passaremos, armados, perante o Senhor à terra de Canaã e teremos a possessão de nossa herança daquém do Jordão.
33 ထို့ကြောင့်မောရှေသည်အာမောရိဘုရင် ရှိဟုန်နှင့် ဗာရှန်ဘုရင်သြဃတို့ပိုင်သမျှ သောနယ်မြေနှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ ရွာများကိုဂဒ်အနွယ်ဝင်၊ ရုဗင်အနွယ်ဝင် နှင့်မနာရှေအနွယ်ဝင်တို့အားသတ်မှတ် ပေးလေသည်။-
33 Assim, deu-lhes Moisés, aos filhos de Gade, e aos filhos de Rúben, e à meia tribo de Manassés, filho de José, o reino de Seom, rei dos amorreus, e o reino de Ogue, rei de Basã: a terra com as suas cidades nos seus termos, as cidades do seu contorno.
34 ဂဒ်အနွယ်ဝင်တို့သည်ဒိဗုန်မြို့၊ အတရုပ် မြို့၊ အာရော်မြို့၊-
34 E os filhos de Gade edificaram a Dibom, e Atarote, e Aroer;
35 အာတရုတ်ရှောဖန်မြို့၊ ယာဇာမြို့၊ ယုမ္ဘေဟ မြို့၊-
35 e Atarote-Sofã, e Jazer, e Jogbeá;
36 ဗက်နိမရာမြို့နှင့်ဗေသာရန်မြို့စသော တံတိုင်းကာရံထားသည့် မြို့များကိုပြန် လည်တည်ဆောက်ကြ၏။-
36 e Bete-Ninra, e Bete-Harã, cidades fortes, e currais de ovelhas.
37 ရုဗင်အနွယ်ဝင်တို့သည်ဟေရှဘုန်မြို့၊ ဧလာလေမြို့၊ ကိရယသိမ်မြို့၊-
37 E os filhos de Rúben edificaram a Hesbom, e Eleale, e Quiriataim;
38 နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။
38 e Nebo, e Baal-Meom, mudando-lhes o nome, e Sibma; e os nomes das cidades que edificaram chamaram por outros nomes.
39 မနာရှေသားမာခိရ၏သားချင်းစုသည် ဂိလဒ်ပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီးလျှင် ထိုပြည်တွင်နေထိုင်သောအာမောရိအမျိုး သားတို့ကိုမောင်းထုတ်၍ပြည်ကိုသိမ်းပိုက် လေသည်။-
39 E os filhos de Maquir, filho de Manassés, foram-se para Gileade e a tomaram; e daquela possessão lançaram os amorreus, que estavam nela.
40 ထို့ကြောင့်မောရှေသည်မာခိရသားချင်းစု အားဂိလဒ်ပြည်ကိုပေးသဖြင့် သူတို့သည် ထိုပြည်တွင်နေထိုင်ကြ၏။-
40 Assim, Moisés deu Gileade a Maquir, filho de Manassés, o qual habitou nela.
41 မနာရှေ၏အနွယ်ဝင်ဖြစ်သောယာဣရ သည် ကျေးရွာအချို့ကိုတိုက်ခိုက်သိမ်းပိုက် ပြီးလျှင်``ယာဣရကျေးရွာများ'' ဟု သမုတ်လေသည်။-
41 E foi-se Jair, filho de Manassés, e tomou as suas aldeias e chamou-lhes Havote-Jair.
42 နောဗာဆိုသူသည်လည်းကေနတ်မြို့နှင့် အနီးရှိ ကျေးရွာများကိုတိုက်ခိုက်သိမ်း ပိုက်ပြီးလျှင် မိမိ၏အမည်ကိုစွဲ၍ နောဗာမြို့ဟုမှည့်ခေါ်လေ၏။
42 E foi-se Noba e tomou a Quenate com as suas aldeias; e chamou-lhe Noba, segundo o seu nome.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?