Números 25
MYA vs ARA
1 ဣသရေလအမျိုးသားတို့သည်အကားရှား ချိုင့်ဝှမ်းတွင်စခန်းချလျက်ရှိနေကြစဉ် အမျိုး သားအချို့တို့သည်ထိုအရပ်သူမောဘ အမျိုးသမီးတို့နှင့်မှားယွင်းကြ၏။-
1 Habitando Israel em Sitim, começou o povo a prostituir-se com as filhas dos moabitas.
2 ထိုအမျိုးသမီးတို့က မောဘဘုရားယဇ်ပူဇော် ပွဲများသို့သူတို့ကိုခေါ်သွားကြ၏။ ဣသရေလ အမျိုးသားတို့သည်ပေဂုရဒေသခံဗာလ ဘုရားအား ပူဇော်သောအစားအစာကိုစား ၍ထိုဘုရားကိုဦးချရှိခိုးကြ၏။-
2 Estas convidaram o povo aos sacrifícios dos seus deuses; e o povo comeu e inclinou-se aos deuses delas.
3 ထိုအခါထာဝရဘုရားသည်အမျက်တော် ထွက်၍၊-
3 Juntando-se Israel a Baal-Peor, a ira do Senhor se acendeu contra Israel.
4 မောရှေအား``ငါ၏အမျက်ပြေစေခြင်းငှာ ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်း တို့ကိုထုတ်ဆောင်၍ လူပရိသတ်ရှေ့တွင်ကွပ် မျက်လော့'' ဟုမိန့်တော်မူ၏။-
4 Disse o Senhor a Moisés: Toma todos os cabeças do povo e enforca-os ao Senhor ao ar livre, e a ardente ira do Senhor se retirará de Israel.
5 မောရှေသည်ဣသရေလအနွယ်အလိုက်အုပ် ချုပ်ရသူတို့အား``သင်တို့တစ်ဦးစီသည်သင် တို့အနွယ်ထဲမှ ပေဂုရဒေသခံဗာလဘုရား အားဦးချရှိခိုးသူအားလုံးကိုကွပ်မျက်ရ မည်'' ဟုအမိန့်ပေးလေသည်။
5 Então, Moisés disse aos juízes de Israel: Cada um mate os homens da sua tribo que se juntaram a Baal-Peor.
6 မောရှေနှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် တဲတော်တံခါးဝတွင်ငိုကြွေးမြည် တမ်းလျက်ရှိနေစဉ် ဣသရေလအမျိုးသား တစ်ဦးသည်သူတို့ရှေ့မှောက်၌ မိဒျန်အမျိုး သမီးတစ်ယောက်ကိုမိမိ၏တဲအတွင်းသို့ ခေါ်သွင်းသွားသည်ကိုမြင်ကြ၏။-
6 Eis que um homem dos filhos de Israel veio e trouxe a seus irmãos uma midianita perante os olhos de Moisés e de toda a congregação dos filhos de Israel, enquanto eles choravam diante da tenda da congregação.
7 ယဇ်ပုရောဟိတ်အာရုန်၏မြေး၊ ဧလာဇာ၏ သားဖိနဟတ်သည်ထိုအခြင်းအရာကို မြင်ရလျှင် ပရိသတ်ထဲမှထွက်သွား၍ လှံတစ်စင်းကိုင်စွဲလျက်၊-
7 Vendo isso Fineias, filho de Eleazar, o filho de Arão, o sacerdote, levantou-se do meio da congregação, e, pegando uma lança,
8 ထိုအမျိုးသားနှင့်အမျိုးသမီးတို့ရှိရာ တဲထဲသို့လိုက်သွားပြီးလျှင် သူတို့နှစ်ယောက် စလုံးအားလှံဖြင့်ထိုးသတ်လေ၏။ ဤနည်း အားဖြင့်ဣသရေလအမျိုးသားတို့ကို သေကြေပျက်စီးစေသည့်ကပ်ရောဂါ ဖြစ်ပွားမှုကိုရပ်စေသည်။-
8 foi após o homem israelita até ao interior da tenda, e os atravessou, ao homem israelita e à mulher, a ambos pelo ventre; então, a praga cessou de sobre os filhos de Israel.
9 သို့ရာတွင်ထိုကပ်ရောဂါကြောင့်လူပေါင်း နှစ်သောင်းလေးထောင်သေဆုံးပြီးဖြစ်သည်။
9 Os que morreram da praga foram vinte e quatro mil.
10 ထာဝရဘုရားကမောရှေအား၊-
10 Então, disse o Senhor a Moisés:
11 ``ဖိနဟတ်ပြုသောအမှုကြောင့်ငါ၏အမျက် ပြေပြီ။ သူသည်ငါမှတစ်ပါးအခြားသော ဘုရားအား ကိုးကွယ်မှုကိုသည်းမခံနိုင်။ သို့ ဖြစ်၍ငါသည်အမျက်ထွက်သဖြင့် ဣသရေလ အမျိုးသားအပေါင်းကိုမသုတ်သင်မဖျက် ဆီးခဲ့ချေ။-
11 Fineias, filho de Eleazar, filho de Arão, o sacerdote, desviou a minha ira de sobre os filhos de Israel, pois estava animado com o meu zelo entre eles; de sorte que, no meu zelo, não consumi os filhos de Israel.
12 ထို့ကြောင့်ငါသည်ထာဝစဉ်တည်မည့်ပဋိ ညာဉ်ကို သူနှင့်ပြုလုပ်မည်ဖြစ်ကြောင်းသူ့ အားပြောလော့။-
12 Portanto, dize: Eis que lhe dou a minha aliança de paz.
13 သူသည်ငါမှတစ်ပါးအခြားသောဘုရားကို လက်မခံသဖြင့် ဣသရေလအမျိုးသားတို့ ၏အပြစ်ပြေရာပြေကြောင်းကိုဆောင်ရွက်ခဲ့ သောကြောင့် သူမှစ၍သူ၏အဆက်အနွယ် တို့သည်ယဇ်ပုရောဟိတ်အရာကိုအမြဲ ဆက်ခံစေရမည်'' ဟုမိန့်တော်မူ၏။
13 E ele e a sua descendência depois dele terão a aliança do sacerdócio perpétuo; porquanto teve zelo pelo seu Deus e fez expiação pelos filhos de Israel.
14 မိဒျန်အမျိုးသမီးနှင့်အတူအသတ်ခံရ သော ဣသရေလအမျိုးသားနာမည်သည်ကား ရှိမောင်အနွယ်ဝင်မိသားစု၏အကြီး အကဲဖြစ်သူသာလု၏သားဇိမရိဖြစ် သတည်း။-
14 O nome do israelita que foi morto (morto com a midianita) era Zinri, filho de Salu, príncipe da casa paterna dos simeonitas.
15 အမျိုးသမီး၏နာမည်မှာကောဇဘိဖြစ်၏။ သူ၏ဖခင်ဇုရသည်မိဒျန်သားချင်းစု တစ်စုတွင်အကြီးအကဲဖြစ်သည်။
15 O nome da mulher midianita que foi morta era Cosbi, filha de Zur, cabeça do povo da casa paterna entre os midianitas.
16 — ausente —
16 Disse mais o Senhor a Moisés:
17 — ausente —
17 Afligireis os midianitas e os ferireis,
18 အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေဂုရ အရပ်တွင် သင်တို့ကိုလှည့်ဖြား၍ပြစ်မှားစေ သောကြောင့်လည်းကောင်း၊ ထိုအရပ်တွင်ရောဂါ ကပ်ကျရောက်စဉ်သေဆုံးသွားသောကောဇဘိ ကိစ္စကြောင့်လည်းကောင်း မိဒျန်အမျိုးသား တို့ကိုတိုက်ခိုက်သုတ်သင်ဖျက်ဆီးလော့'' ဟုမိန့်တော်မူ၏။
18 porque eles vos afligiram a vós outros quando vos enganaram no caso de Peor e no caso de Cosbi, filha do príncipe dos midianitas, irmã deles, que foi morta no dia da praga no caso de Peor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?