Números 19
MYA vs ARIB
1 ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့ မှတစ်ဆင့်၊
1 Disse mais o Senhor a Moisés e a Arão:
2 ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ ဣသရေလအမျိုးသားတို့သည် အပြစ် အနာကင်း၍ထမ်းပိုးမတင်ရသေးသော နွားနီမတစ်ကောင်ကို၊-
2 Este é o estatuto da lei que o Senhor ordenou, dizendo: Dize aos filhos de Israel que te tragam uma novilha vermelha sem defeito, que não tenha mancha, e sobre a qual não se tenha posto jugo:
3 ယဇ်ပုရောဟိတ်ဧလာဇာထံသို့ယူဆောင်ခဲ့ ရသည်။ နွားကိုစခန်းအပြင်သို့ထုတ်၍ ယဇ်ပုရောဟိတ်၏ရှေ့မှောက်တွင်သတ်ရမည်။-
3 Entregá-la-eis a Eleazar, o sacerdote; ele a tirará para fora do arraial, e a imolarão diante dele.
4 ဧလာဇာသည်သွေးကိုလက်ချောင်းဖြင့်တို့၍ တဲတော်ရှိရာဘက်ခုနစ်ကြိမ်ဖျန်းရမည်။-
4 Eleazar, o sacerdote, tomará do sangue com o dedo, e dele espargirá para a frente da tenda da revelação sete vezes.
5 နွား၏အရေ၊ အသား၊ သွေးနှင့်အူမှစ၍တစ် ကောင်လုံးကို ယဇ်ပုရောဟိတ်ရှေ့တွင်မီးရှို့ ရမည်။-
5 Então à vista dele se queimará a novilha, tanto o couro e a carne, como o sangue e o excremento;
6 ထိုနောက်သူသည်အကာရှသစ်သား၊ ဟုဿုပ် ညွန့်နှင့်ချည်ကြိုးအနီတို့ကိုမီးပုံထဲသို့ ပစ်ချရမည်။-
6 e o sacerdote, tomando pau do cedro, hissopo e carmesim, os lançará no meio do fogo que queima a novilha.
7 ထို့နောက်သူသည်မိမိအဝတ်များကိုဖွပ် လျှော်၍ ရေချိုးပြီးလျှင်စခန်းတွင်းသို့ဝင် နိုင်သည်။ သို့ရာတွင်ဘာသာရေးထုံးနည်း အရ သူသည်ညနေခင်းသို့တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
7 Então o sacerdote lavará as suas vestes e banhará o seu corpo em água; depois entrará no arraial; e o sacerdote será imundo até a tarde.
8 နွားမကိုမီးရှို့သောသူသည်လည်း မိမိ အဝတ်များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည်လည်းညနေခင်းသို့တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
8 Também o que a tiver queimado lavará as suas vestes e banhará o seu corpo em água, e será imundo até a tarde.
9 ထိုနောက်ဘာသာရေးထုံးနည်းအရသန့်စင် သူတစ်ဦးက နွားမ၏ပြာကိုစုသိမ်း၍ စခန်းအပြင်ဘက်ရှိဘာသာရေးထုံးနည်း အရ သန့်သောနေရာတွင်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ဘာသာရေး ထုံးနည်းအရ မသန့်စင်မှုကိုသန့်စင်စေမည့် ရေကိုဖော်စပ်ရာ၌ထိုပြာကိုအသုံးပြု ရမည်။ ဤဝတ်သည်အပြစ်ကင်းစေရန်ပြု သောဝတ်ဖြစ်သည်။-
9 E um homem limpo recolherá a cinza da novilha, e a depositará fora do arraial, num lugar limpo, e ficará ela guardada para a congregação dos filhos de Israel, para a água de purificação; é oferta pelo pecado.
10 နွားမ၏ပြာကိုစုသိမ်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်ရမည်။ သူသည်လည်းည နေခင်းသို့တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။ ဣသရေလအမျိုးသားတို့နှင့်တကွသူတို့ နှင့်အတူနေထိုင်သောလူမျိုးခြားများသည် ဤပညတ်ကိုအစဉ်အမြဲစောင့်ထိန်းရမည်။
10 E o que recolher a cinza da novilha lavará as suas vestes e será imundo até a tarde; isto será por estatuto perpétuo aos filhos de Israel e ao estrangeiro que peregrina entre eles.
11 လူသေကောင်ကိုကိုင်တွယ်မိသူသည်ဘာသာ ရေးထုံးနည်းအရ ခုနစ်ရက်တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။-
11 Aquele que tocar o cadáver de algum homem, será imundo sete dias.
12 သူသည်တတိယနေ့နှင့်သတ္တမနေ့များ တွင်သန့်စင်ခြင်းဝတ်ဆိုင်ရာရေဖြင့် မိမိ ကိုယ်ကိုသန့်စင်စေရမည်။ ထိုနောက်သူ သည်သန့်စင်လာလိမ့်မည်။ တတိယနေ့ နှင့်သတ္တမနေ့များတွင်သန့်စင်မှုမပြု လျှင် သူသည်သန့်စင်လိမ့်မည်မဟုတ်။-
12 Ao terceiro dia o mesmo se purificará com aquela água, e ao sétimo dia se tornará limpo; mas, se ao terceiro dia não se purificar, não se tornará limpo ao sétimo dia.
13 လူသေကောင်ကိုကိုင်တွယ်မိသောသူသည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုကိုယ်ပေါ်သို့ ပက်၍ သန့်စင်မှုမပြုလျှင်မသန့်စင်ဘဲရှိ နေလိမ့်မည်။ ထိုသူသည်ထာဝရဘုရား၏ တဲတော်ကိုညစ်ညမ်းစေသဖြင့် ဘုရားသခင် ၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံရမည်။
13 Todo aquele que tocar o cadáver de algum homem que tenha morrido, e não se purificar, contamina o tabernáculo do Senhor; e essa alma será extirpada de Israel; porque a água da purificação não foi espargida sobre ele, continua imundo; a sua imundícia está ainda sobre ele.
14 တဲထဲတွင်လူတစ်ယောက်ယောက်သေဆုံးခဲ့ လျှင် ထိုအချိန်တွင်တဲတွင်း၌ရှိသောသူ နှင့်တဲထဲသို့ဝင်လာသောသူသည် ဘာသာ ရေးထုံးနည်းအရခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
14 Esta é a lei, quando um homem morrer numa tenda: todo aquele que entrar na tenda, e todo aquele que nela estiver, será imundo sete dias.
15 တဲတွင်း၌အဖုံးမရှိသောအိုးခွက်ရှိသမျှ တို့သည်လည်းညစ်ညမ်းလိမ့်မည်။-
15 Também, todo vaso aberto, sobre que não houver pano atado, será imundo.
16 မြို့ပြင်တွင်အသတ်ခံရသူသို့မဟုတ် သဘာဝအလျောက်သေဆုံးသူ၏အလောင်း၊ အရိုး၊ သင်္ချိုင်းကိုကိုင်တွယ်မိသောသူသည် ခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။
16 E todo aquele que no campo tocar alguém que tenha sido morto pela espada, ou outro cadáver, ou um osso de algum homem, ou uma sepultura, será imundo sete dias.
17 ထိုကဲ့သို့မသန့်စင်သူများကိုသန့်စင်လာ စေရန် အပြစ်ဖြေရာနွားနီမ၏ပြာအိုး တစ်လုံးတွင်စမ်းရေနှင့်ရော၍ထည့်ရမည်။-
17 Para o imundo, pois, tomarão da cinza da queima da oferta pelo pecado, e sobre ela deitarão água viva num vaso;
18 အိမ်၌လူသေသဖြင့်မသန့်စင်မှုပေါ်ပေါက် ခဲ့သော် ဘာသာရေးထုံးနည်းအရသန့်စင် သူက ဟုဿုပ်ညွန့်ကိုရေထဲ၌နှစ်ပြီးလျှင် တဲကိုလည်းကောင်း၊ တဲထဲ၌ရှိသမျှသော ပစ္စည်းများနှင့်လူများကိုလည်းကောင်းဖျန်း ရမည်။ လူသေအရိုး၊ လူသေကောင်သို့မဟုတ် သင်္ချိုင်းကိုကိုင်တွယ်မိ၍ မသန့်စင်သူကို သန့်စင်သူကရေနှင့်ဖျန်းရမည်။-
18 e um homem limpo tomará hissopo, e o molhará na água, e a espargirá sobre a tenda, sobre todos os objetos e sobre as pessoas que ali estiverem, como também sobre aquele que tiver tocado o osso, ou o que foi morto, ou o que faleceu, ou a sepultura.
19 သန့်စင်သူကမသန့်စင်သူကိုတတိယနေ့ နှင့် သတ္တမနေ့များတွင်ရေနှင့်ဖျန်းရမည်။ မ သန့်စင်သူအားသန့်စင်ခြင်းဝတ်ကိုပြုလုပ် ပေးရမည်။ သတ္တမနေ့တွင်သန့်စင်သူကမိမိ ၏အဝတ်များကိုဖွတ်လျှော်၍ ရေချိုးပြီး နောက်နေဝင်ချိန်တွင်သန့်စင်လာလိမ့်မည်။
19 Também o limpo, ao terceiro dia e ao sétimo dia, a espargirá sobre o imundo, e ao sétimo dia o purificará; e o que era imundo lavará as suas vestes, e se banhará em água, e à tarde será limpo.
20 ဘာသာရေးထုံးနည်းအရမသန့်စင်သူ သည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုမိမိ ကိုယ်ပေါ်သို့ပက်၍ သန့်စင်မှုမပြုလျှင် မသန့်စင်ဘဲရှိနေလိမ့်မည်။ ထိုသူသည် ထာဝရဘုရား၏တဲတော်ကိုညစ်ညမ်း စေသဖြင့် ဘုရားသခင်၏လူမျိုးတော် မှထုတ်ပယ်ခြင်းခံရမည်။-
20 Mas o que estiver imundo e não se purificar, esse será extirpado do meio da assembléia, porquanto contaminou o santuário do Senhor; a água de purificação não foi espargida sobre ele; é imundo.
21 သင်တို့သည်ဤပညတ်ကိုနောင်အစဉ် အဆက်စောင့်ထိန်းရကြမည်။ သန့်စင်ခြင်း ဝတ်ဆိုင်ရာရေကိုဖျန်းပေးသောသူသည် လည်း မိမိ၏အဝတ်များကိုဖွပ်လျှော်ရမည်။ ထိုရေကိုထိကိုင်မိသောသူသည် ညနေသို့ တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
21 Isto lhes será por estatuto perpétuo: o que espargir a água de purificação lavará as suas vestes; e o que tocar a água de purificação será imundo até a tarde.
22 မသန့်စင်သူကိုင်တွယ်မိသမျှတို့သည်ညစ် ညမ်းလာသဖြင့် ထိုအရာဝတ္ထုများကိုကိုင် တွယ်မိသူသည်ညနေသို့တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။
22 E tudo quanto o imundo tocar também será imundo; e a pessoa que tocar naquilo será imunda até a tarde.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?