Números 16
MYA vs NVT
1 — ausente —
1 Corá, filho de Isar, descendente de Coate, filho de Levi, armou uma conspiração com Datã e Abirão, filhos de Eliabe, e Om, filho de Pelete, da tribo de Rúben.
2 — ausente —
2 Com outros 250 líderes israelitas, todos membros importantes da comunidade, os três instigaram uma rebelião contra Moisés.
3 ထိုသူအပေါင်းတို့သည်မောရှေနှင့်အာရုန် တို့ရှေ့တွင်စုရုံးရောက်ရှိလာ၍``သင်တို့၏ အပြုအမူမှာလွန်ကဲလေပြီ။ ဣသရေလ အမျိုးသားအပေါင်းကိုထာဝရဘုရား ရွေးကောက်တော်မူ၍ ထာဝရဘုရားသည် တစ်မျိုးသားလုံးနှင့်အတူရှိတော်မူ၏။ သို့ ဖြစ်၍မောရှေသည်အဘယ်ကြောင့်ထာဝရ ဘုရား၏ပရိသတ်အပေါ်မှာမိမိကိုယ် ကိုချီးမြှောက်ရပါသနည်း'' ဟုဆိုကြ၏။
3 Juntaram-se contra Moisés e Arão e disseram: “Vocês foram longe demais! A comunidade foi consagrada pelo S enhor , e ele está em nosso meio. Que direito vocês têm de agir como se fossem superiores à comunidade do S enhor ?”.
4 မောရှေသည်သူတို့ပြောဆိုသောစကား ကိုကြားလျှင် မြေပေါ်တွင်ပျပ်ဝပ်၍ဆု တောင်းလေ၏။-
4 Quando Moisés ouviu o que disseram, curvou-se com o rosto em terra.
5 ထိုနောက်သူသည်ကောရနှင့်အပေါင်းပါတို့ အား``နက်ဖြန်နေ့နံနက်တွင်ထာဝရဘုရား သည်မည်သူ့ကိုရွေးကောက်ကြောင်းပြတော် မူမည်။ ထာဝရဘုရားသည်မိမိရွေးကောက် သောသူအားကိုယ်တော်၏ယဇ်ပလ္လင်အနီး သို့ချဉ်းကပ်စေတော်မူမည်။-
5 Em seguida, disse a Corá e a seus seguidores: “Amanhã cedo o S enhor nos mostrará quem pertence a ele e quem é consagrado. Só trará à sua presença aqueles que ele escolher.
6 — ausente —
6 Você, Corá, e todos os seus seguidores, preparem incensários.
7 — ausente —
7 Amanhã, acendam fogo neles e queimem incenso diante do S enhor . Então veremos quem o S enhor escolherá como consagrado a ele. Vocês, levitas, foram longe demais!”.
8 တစ်ဖန်မောရှေသည်ကောရအား``လေဝိ အနွယ်ဝင်တို့၊ နားထောင်လော့။-
8 Moisés falou novamente a Corá: “Agora ouçam, levitas!
9 ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် သင်တို့ကိုထာဝရဘုရားထံ တော်သို့ချဉ်းကပ်ရန် ထာဝရဘုရား၏ တဲတော်တွင်အမှုထမ်းရန်နှင့် တစ်မျိုး သားလုံး၏အမှုကိုဆောင်ရွက်ရန်သီး သန့်ရွေးချယ်တော်မူ၏။ ဤအခွင့်အရေး သည်သေးသိမ်သောအခွင့်အရေးမဟုတ်။-
9 Acaso lhes parece de pouca importância que o Deus de Israel os tenha escolhido dentre toda a comunidade de Israel para estar perto dele a fim de trabalharem no tabernáculo do S enhor e estarem perante a comunidade para servi-la?
10 ထာဝရဘုရားသည်သင်နှင့်တကွအခြား သောလေဝိအနွယ်ဝင်တို့အား ဤအခွင့် အရေးကိုပေးထားပါလျက်နှင့်ယခုသင် တို့သည် ယဇ်ပုရောဟိတ်အရာကိုတောင်းဆို လာကြပါသည်တကား။-
10 Ele já deu a você, Corá, e a seus companheiros levitas essa função, e agora exigem também o serviço sacerdotal?
11 သင်နှင့်သင်၏နောက်လိုက်အပေါင်းတို့က အာရုန်ကိုအပြစ်တင်ကြခြင်းသည်စင်စစ် အားဖြင့် ထာဝရဘုရားကိုပုန်ကန်ခြင်း ပင်ဖြစ်သည်'' ဟုပြောလေ၏။
11 Na verdade, é contra o S enhor que você e seus seguidores estão se rebelando! Afinal, quem é Arão para se queixarem dele?”.
12 ထိုနောက်မောရှေသည်ဒါသန်နှင့်အဘိရံ တို့ကိုဆင့်ခေါ်သော်လည်း သူတို့သည်မ လာကြ။-
12 Então Moisés mandou chamar Datã e Abirão, filhos de Eliabe, mas eles responderam: “Não iremos!
13 သူတို့က``သင်သည်ငါတို့ကိုတောကန္တာရ၌ သေကုန်စေခြင်းငှာ အစာရေစာပေါကြွယ်ဝ သောအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီမဟုတ် လော။ ယခုသင်သည်ငါတို့အပေါ်တွင်မင်း မူလိုပါသလော။-
13 Não basta você nos ter tirado do Egito, uma terra que produz leite e mel com fartura, para nos matar aqui no deserto? Agora quer nos tratar como se fosse autoridade sobre nós?
14 သင်သည်ငါတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့မပို့ဆောင်နိုင်သေးသည်သာ မက ငါတို့ပိုင်ဆိုင်ရန်လယ်ယာမြေနှင့်စပျစ် ဥယျာဉ်များကိုလည်းမပေးနိုင်။ သင်သည် ငါတို့အားလှည့်စားဦးမည်ကြံသလော။ ငါတို့သင့်ထံသို့မလာ'' ဟုဆိုကြ၏။
14 Além disso, você não nos levou a outra terra que produz leite e mel com fartura, e não nos deu uma nova propriedade com campos e vinhedos. Está tentando enganar estes homens? Não iremos!”.
15 ထိုအခါမောရှေသည်သူတို့ကိုအလွန် အမျက်ထွက်၍ ထာဝရဘုရားအား``ဤသူ တို့ဆက်သသောပူဇော်သကာကိုလက်ခံ တော်မမူပါနှင့်။ အကျွန်ုပ်သည်သူတို့တစ် ဦးတစ်ယောက်ကိုမျှမတော်မတရားမပြု လုပ်ခဲ့ပါ။ သူတို့ထံမှမြည်းတစ်ကောင်မျှ မသိမ်းမယူခဲ့ပါ'' ဟုလျှောက်ထားလေ၏။
15 Moisés ficou furioso e disse ao S enhor : “Não aceites as ofertas de cereais deles! Não tomei deles nem sequer um jumento, e jamais lhes fiz algum mal”.
16 မောရှေကကောရအား``နက်ဖြန်နေ့တွင် သင်နှင့်တကွ သင်၏နောက်လိုက်သူနှစ်ရာ့ ငါးဆယ်တို့သည်တဲတော်သို့လာရကြ မည်။ အာရုန်သည်လည်းတဲတော်တွင်ရှိ လိမ့်မည်။-
16 E Moisés disse a Corá: “Você e seus seguidores venham aqui amanhã e apresentem-se diante do S enhor . Arão também virá.
17 သင်တို့အသီးသီးသည်ယဇ်ပလ္လင်၌ဆက် သရန် မိမိ၏မီးကျီးခံအိုးတွင်နံ့သာ ပေါင်းထည့်၍ယူခဲ့ရမည်'' ဟုဆို၏။-
17 Você e cada um de seus 250 seguidores prepararão um incensário e colocarão incenso nele, a fim de apresentá-lo diante do S enhor . Arão também trará seu incensário”.
18 ထိုကြောင့်လူတိုင်းပင်မိမိ၏မီးကျီးခဲ နှင့်နံ့သာပေါင်းထည့်၍မောရှေ၊ အာရုန်တို့ နှင့်အတူတဲတော်တံခါးဝ၌ရပ်နေ ကြသည်။-
18 Cada um deles preparou um incensário, acendeu o fogo e colocou incenso nele. Depois, todos se apresentaram à entrada da tenda do encontro com Moisés e Arão.
19 ကောရသည်လူအပေါင်းတို့ကိုစုဝေးစေ ၍တဲတော်တံခါးဝတွင် မောရှေနှင့်အာရုန် တို့ကိုမျက်နှာချင်းဆိုင်၍ရပ်နေစေသည်။ ထိုခဏချင်းတွင်လူအပေါင်းတို့ရှေ့၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထွန်းတောက်လေသည်။-
19 Corá havia instigado toda a comunidade contra Moisés e Arão, e todos se reuniram à entrada da tenda do encontro. Então a presença gloriosa do S enhor apareceu a toda a comunidade,
20 ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား၊-
20 e o S enhor disse a Moisés e a Arão:
21 ဤသူတို့အနီးအပါးမှခွာ၍နေလော့။ ငါသည်သူတို့ကိုယခုချက်ချင်းဖျက် ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။
21 “Afastem-se dessa comunidade, para que eu a destrua agora mesmo!”.
22 သို့ရာတွင်မောရှေနှင့်အာရုန်တို့သည်မြေ ပေါ်တွင်ပျပ်ဝပ်၍`အို ဘုရားသခင်၊ ကိုယ် တော်သည်လူသတ္တဝါအပေါင်းတို့၏အသက် သခင်ဖြစ်တော်မူပါ၏။ လူတစ်ဦးတစ် ယောက်၏အပြစ်ကြောင့်တစ်မျိုးသားလုံး ကိုအမျက်ထွက်တော်မူမည်လော'' ဟု လျှောက်ထားလေသည်။
22 Moisés e Arão, porém, se prostraram com o rosto em terra e suplicaram. “Ó Deus, tu és aquele que dá fôlego a todas as criaturas. É necessário que fiques irado com toda a comunidade quando somente um homem pecou?”.
23 ထာဝရဘုရားကမောရှေအား၊-
23 O S enhor disse a Moisés:
24 ``လူအပေါင်းတို့ကိုကောရ၊ ဒါသန်နှင့် အဘိရံတို့၏တဲများနှင့်ဝေးဝေးခွာ၍ နေကြရန်ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
24 “Então diga a toda a comunidade que se afaste das tendas de Corá, Datã e Abirão”.
25 ထိုအခါမောရှေသည် ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူဒါသန်နှင့် အဘိရံတို့ထံသို့သွားလေသည်။-
25 Moisés se levantou e foi até as tendas de Datã e Abirão, e as autoridades de Israel o seguiram.
26 သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-
26 “Vamos!”, disse ele ao povo. “Afastem-se das tendas destes homens perversos e não toquem em coisa alguma que seja deles. Do contrário, vocês serão destruídos por causa dos pecados deles.”
27 သို့ဖြစ်၍သူတို့သည်ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲများမှဝေးရာသို့ ခွာသွားကြလေသည်။
27 Todo o povo se afastou das tendas de Corá, Datã e Abirão, e Datã e Abirão saíram e ficaram em pé à entrada das tendas, junto com suas esposas, seus filhos e suas crianças pequenas.
28 မောရှေက``ထာဝရဘုရားစေခိုင်း၍ဤ အမှုအလုံးစုံတို့ကိုငါပြုလုပ်ကြောင်း၊ ငါ့အလိုအတိုင်းပြုလုပ်ခြင်းမဟုတ် ကြောင်းကိုသင်တို့သိနိုင်မည့်နည်းမှာဤ သို့တည်း။-
28 Então Moisés disse: “Assim vocês saberão que o S enhor me enviou para fazer todas estas coisas que tenho feito, pois não as realizei por minha própria conta.
29 ဤသူတို့သည်ဘုရားသခင်ဒဏ်ခတ်သည် မဟုတ်ဘဲဋ္ဌမ္မတာအလျောက် သေဆုံးသည်ရှိ သော်ထာဝရဘုရားသည်ငါ့ကိုစေလွှတ် ခြင်းမဟုတ်ဟုသိမှတ်ကြလော့။-
29 Se estes homens morrerem de causas naturais, ou se nada fora do comum acontecer, então o S enhor não me enviou.
30 သို့ရာတွင်ထာဝရဘုရားသည်ယခင်က မကြားစဖူးသောအမှုကိုပြုတော်မူခြင်း အားဖြင့် သူတို့နှင့်တကွသူတို့ပိုင်ဆိုင်သမျှ ပစ္စည်းများကိုမြေမျိုလိုက်သောကြောင့် သူတို့ သည်အရှင်လတ်လတ်သေဆုံးကြသော် သူ တို့ကိုထာဝရဘုရားပစ်ပယ်သည်ဟုသိ မှတ်ကြလော့'' ဟုလူအပေါင်းတို့အားပြော လေသည်။
30 Mas, se o S enhor fizer algo completamente novo e o chão abrir sua boca e os engolir junto com todos os seus pertences, e eles descerem vivos à sepultura, vocês saberão que estes homens mostraram desprezo pelo S enhor ”.
31 မောရှေ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဒါသန်နှင့်အဘိရံအောက်တွင်ရှိသော မြေသည်ကွဲအက်၍၊-
31 Mal ele havia acabado de dizer essas palavras, e o chão debaixo deles rachou.
32 သူတို့နှင့်တကွသူတို့၏သားမယားများ၊ ကောရ၏နောက်လိုက်များနှင့်သူတို့ပိုင်ဆိုင် သမျှပစ္စည်းများကိုမြေမျိုလေ၏။-
32 A terra abriu a boca e engoliu os homens, todas as suas famílias, todos os seus seguidores e tudo que possuíam.
33 ထိုသို့အားဖြင့်သူတို့ပိုင်ဆိုင်သမျှပစ္စည်း တို့နှင့်အတူ သူတို့သည်သေမင်းနိုင်ငံသို့ အရှင်လတ်လတ်သက်ဆင်းရကြလေသည်။ သူတို့သည်မြေမျိုသဖြင့်ပျောက်ကွယ် သွားကြလေ၏။-
33 Desceram vivos à sepultura, junto com todos os seus pertences. A terra se fechou sobre eles, e desapareceram do meio da comunidade.
34 ထိုအရပ်တွင်ရှိသောဣသရေလအမျိုး သားအပေါင်းတို့သည်လည်း သူတို့၏အော် ဟစ်သံကိုကြားရသောအခါ``ပြေးကြ၊ ငါတို့လည်းမြေမျိုခံရလိမ့်မည်'' ဟု အော်ဟစ်ကြ၏။
34 Todo o povo que estava ao redor fugiu quando ouviu os gritos deles. “A terra nos engolirá também!”, exclamaram.
35 ထိုနောက်ထာဝရဘုရားသည်လောင်မီးကျ စေ၍ နံ့သာပေါင်းဆက်သသောသူနှစ်ရာ့ ငါးဆယ်ကိုမီးလောင်ကျွမ်းစေ၏။
35 Em seguida, um fogo ardente saiu do S enhor e queimou os 250 homens que ofereciam incenso.
36 ထိုနောက်ထာဝရဘုရားကမောရှေအား၊-
36 O S enhor disse a Moisés:
37 ``ကြေးဝါမီးကျီးခံအိုးများသည်ဆက်ကပ် ထားသောပစ္စည်းများဖြစ်သဖြင့် ယဇ်ပုရော ဟိတ်အာရုန်၏သားဧလာဇာအား ထိုမီး ကျီးခံအိုးများကိုမီးလောင်သေဆုံးသူတို့ ထံမှသိမ်းယူပြီးလျှင်မီးခဲများကိုတစ် နေရာတွင်သွန်ချစေလော့။-
37 “Ordene a Eleazar, filho do sacerdote Arão, que tire todos os incensários do meio do fogo, pois são santos. Diga-lhe também que espalhe as brasas.
38 ထာဝရဘုရား၏ယဇ်ပလ္လင်တွင်နံ့သာပေါင်း မီးရှို့ဆက်သရာ မီးကျီးခံအိုးများကို အသုံးပြုသောကြောင့် ယင်းတို့သည်ဆက် ကပ်ထားသောပစ္စည်းများဖြစ်၏။ သို့ဖြစ်၍ မိမိတို့၏အပြစ်ကြောင့်သေဆုံးရသူ တို့ထံမှ မီးကျီးခံအိုးများကိုယူပြီး လျှင်အပြားခတ်၍ယဇ်ပလ္လင်ကိုဖုံးအုပ် လော့။ ထိုကြေးဝါပြားသည်ဣသရေလ အမျိုးသားတို့အားသတိတရား ရစေလိမ့်မည်'' ဟုမိန့်တော်မူ၏။-
38 Pegue os incensários dos homens que pecaram e pagaram por isso com a própria vida e bata o metal com um martelo, até formar uma lâmina para revestir o altar. Uma vez que esses incensários foram usados na presença do S enhor , eles se tornaram santos. Que sirvam de advertência para o povo de Israel”.
39 ထိုကြောင့်ယဇ်ပုရောဟိတ်ဧလာဇာသည် မီးကျီးခံအိုးများကိုယူ၍ ယဇ်ပလ္လင် ကိုဖုံးရန်အပြားခတ်လေသည်။-
39 O sacerdote Eleazar recolheu os incensários de bronze usados pelos homens que morreram queimados e bateu o metal com um martelo, até formar uma lâmina para revestir o altar.
40 အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
40 Essa lâmina serviria como recordação aos israelitas; ninguém que não fosse descendente de Arão poderia entrar na presença do S enhor para queimar incenso. Se alguém o fizesse, aconteceria a ele o mesmo que havia acontecido a Corá e seus seguidores, conforme o S enhor tinha dito por meio de Moisés.
41 နောက်တစ်နေ့တွင်ဣသရေလအမျိုးသား အပေါင်းတို့သည် မောရှေနှင့်အာရုန်တို့အား``သင် တို့သည်ထာဝရဘုရား၏လူမျိုးတော်ဝင် အချို့ကိုသတ်ပစ်ကြပြီ'' ဟုအပြစ်တင်ကြ လေသည်။-
41 Logo na manhã seguinte, porém, toda a comunidade de Israel começou a se queixar de Moisés e Arão outra vez. “Vocês mataram o povo do S enhor !”, diziam eles.
42 သူတို့သည်မောရှေနှင့်အာရုန်တို့ကိုအပြစ် တင်ရန်စုဝေးလာပြီးနောက်တဲတော်ဘက်သို့ မျှော်ကြည့်ရာ မိုးတိမ်သည်တဲတော်ကိုဖုံးလျက် ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း တောက်သည်ကိုမြင်ရလေသည်။-
42 Mas, enquanto se reuniam para protestar contra Moisés e Arão, voltaram-se para a tenda do encontro e viram a nuvem cobri-la, e a presença gloriosa do S enhor apareceu.
43 ထိုအခါမောရှေနှင့်အာရုန်တို့သည်တဲတော် ရှေ့သို့ချဉ်းကပ်၍ရပ်နေကြ၏။-
43 Moisés e Arão foram para a frente da tenda do encontro,
44 ထာဝရဘုရားကမောရှေအား၊
44 e o S enhor disse a Moisés:
45 ``ဤသူတို့ထံမှခွာ၍နေလော့။ ငါသည်သူတို့ ကိုချက်ချင်းဖျက်ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။
45 “Afaste-se desta comunidade, para que eu a destrua agora mesmo!”, e Moisés e Arão se prostraram com o rosto em terra.
46 မောရှေကအာရုန်အား``သင်၏မီးကျီးခဲ များကိုယူ၍ထည့်ပြီးလျှင်နံ့သာပေါင်း ကိုမီးကျီးခဲပေါ်တွင်တင်လော့။ ထိုနောက် မီးကျီးခံအိုးကိုလူအပေါင်းတို့ထံသို့ အလျင်အမြန်ယူဆောင်သွားပြီးလျှင်သူ တို့အတွက်သန့်စင်ခြင်းဝတ်ကိုပြုလော့။ ထာဝရဘုရားသည်သူတို့ကိုအမျက် ထွက်သဖြင့်သူတို့တွင်ရောဂါဆိုက်ရောက် စေပြီ'' ဟုဆိုလေ၏။-
46 Então Moisés disse a Arão: “Rápido! Pegue um incensário e coloque nele brasas do altar. Acrescente incenso e leve-o para o meio da comunidade, a fim de fazer expiação por ela, pois a ira do S enhor está acesa, e a praga já começou!”.
47 မောရှေစေခိုင်းသည်အတိုင်းအာရုန်သည် မီးကျီးခံအိုးကိုယူ၍လူအစုအဝေး ထဲသို့ပြေးဝင်လေသည်။ သူသည်လူတို့တွင် ရောဂါကပ်ဆိုက်ရောက်လျက်ရှိကြောင်းတွေ့ မြင်လျှင်မီးခဲများပေါ်၌နံ့သာပေါင်း ကိုတင်လျက်သူတို့အတွက်သန့်စင်ခြင်း ဝတ်ကိုပြုလေ၏။-
47 Arão seguiu a ordem de Moisés e correu para o meio da comunidade. A praga já havia começado a matá-los, mas Arão queimou o incenso e fez expiação por eles.
48 ထိုအခါရောဂါအန္တရာယ်ပပျောက်သွား သဖြင့် သူသည်သေသူနှင့်ရှင်သူတို့၏ အလယ်တွင်ရပ်လျက်ရှိ၏။-
48 Colocou-se entre os mortos e os vivos, e a praga cessou.
49 ကောရပုန်ကန်မှုကြောင့်သေဆုံးသူများ အပြင်ရောဂါကပ်ကြောင့်သေဆုံးသူ အပေါင်းမှာတစ်သောင်းလေးထောင့်ခုနစ် ရာယောက်ဖြစ်သည်။-
49 Ainda assim, 14.700 pessoas morreram da praga, além daqueles que tinham morrido por causa da rebelião de Corá.
50 ရောဂါအန္တရာယ်ပပျောက်သွားပြီးနောက် အာရုန်သည်မောရှေရှိရာတဲတော်တံခါးဝ သို့ပြန်လာခဲ့လေသည်။
50 Uma vez que a praga cessou, Arão voltou a Moisés, que estava à entrada da tenda do encontro.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?