Números 12
MYA vs ARC
1 မောရှေသည်မိဒျန်အမျိုးသမီးတစ်ဦး နှင့်စုံဖက်သဖြင့် မိရိအံနှင့်အာရုန်တို့ ကသူ့အားအပြစ်တင်ကြလေသည်။-
1 E falaram Miriã e Arão contra Moisés, por causa da mulher cuxita, que tomara; porquanto tinha tomado a mulher cuxita.
2 သူတို့က``ထာဝရဘုရားသည်မောရှေအား ဖြင့်သာလျှင်မိန့်ကြားတော်မူသလော။ ငါ တို့အားဖြင့်လည်းမိန့်ကြားတော်မမူသလော'' ဟုဆိုကြ၏။ ထိုစကားကိုထာဝရဘုရား ကြားတော်မူသည်။-
2 E disseram: Porventura, falou o Senhor somente por Moisés? Não falou também por nós? E o Senhor o ouviu.
3 (မောရှေသည်စိတ်နှိမ့်ချသူဖြစ်၏။ ကမ္ဘာပေါ် တွင်သူကဲ့သို့စိတ်နှိမ့်ချသူတစ်ယောက်မျှ မရှိ။)
3 E era o varão Moisés mui manso, mais do que todos os homens que havia sobre a terra.
4 ချက်ချင်းပင်ထာဝရဘုရားသည်မောရှေ၊ အာရုန်နှင့်မိရိအံတို့အား``သင်တို့သုံး ဦးစလုံးတဲတော်သို့လာခဲ့ကြလော့'' ဟု မိန့်တော်မူ၏။ သူတို့သည်တဲတော်သို့ရောက်ရှိ သောအခါ၊-
4 E logo o Senhor disse a Moisés, e a Arão, e a Miriã: Vós três saí à tenda da congregação. E saíram eles três.
5 ထာဝရဘုရားသည်မိုးတိမ်တိုင်ဖြင့်ကြွ လာ၍ တဲတော်တံခါးဝတွင်ရပ်လျက်``အာရုန်၊ မိရိအံ'' ဟူ၍ခေါ်တော်မူ၏။ ထိုအခါသူ တို့နှစ်ဦးသည်ရှေ့သို့ထွက်လာသဖြင့်၊-
5 Então, o Senhor desceu na coluna de nuvem e se pôs à porta da tenda; depois, chamou a Arão e a Miriã, e eles saíram ambos.
6 ``ငါမိန့်တော်မူသမျှကိုနားထောင်လော့။ သင် တို့တွင်ပရောဖက်များရှိသောအခါ ငါသည် သူတို့အားအိပ်မက်အားဖြင့်သော်လည်းကောင်း၊ ရူပါရုံအားဖြင့်သော်လည်းကောင်းဗျာဒိတ် ပေး၏။-
6 E disse: Ouvi agora as minhas palavras; se entre vós houver profeta, eu, o Senhor , em visão a ele me farei conhecer ou em sonhos falarei com ele.
7 ငါ၏အစေခံမောရှေသည်ကားထိုကဲ့သို့ သောပရောဖက်မဟုတ်။ ငါ၏လူမျိုးတော် ဣသရေလအမျိုးသားအပေါင်းတို့ကို သူ၏လက်ဝယ်၌ငါအပ်ထားပြီ။-
7 Não é assim com o meu servo Moisés, que é fiel em toda a minha casa.
8 သို့ဖြစ်၍ငါသည်သူနှင့်မျက်နှာချင်းဆိုင်၍ ရှင်းလင်းပြတ်သားစွာစကားပြောဆို၏။ စကားဝှက်ဖြင့်ပြောဆိုလေ့မရှိ။ သူသည် ငါ၏ပုံသဏ္ဌာန်တော်ကိုပင်ဖူးတွေ့ခဲ့ရ၏။ သင်တို့သည်ငါ၏အစေခံမောရှေကို အဘယ်ကြောင့်အပြစ်တင်ပြောဆိုဝံ့ သနည်း'' ဟုမိန့်တော်မူ၏။
8 Boca a boca falo com ele, e de vista, e não por figuras; pois, ele vê a semelhança do Senhor ; por que, pois, não tivestes temor de falar contra o meu servo, contra Moisés?
9 ထာဝရဘုရားသည် သူတို့ကိုအမျက်ထွက် တော်မူ၏။ သို့ဖြစ်၍ကိုယ်တော်ပြန်လည်ကြွ သွားလျက်၊-
9 Assim, a ira do Senhor contra eles se acendeu; e foi-se.
10 တဲတော်ပေါ်မှမိုးတိမ်တက်သွားသည့်အခါ မိရိအံတွင် ကြောက်မက်ဖွယ်သောကိုယ်ရေပြား ရောဂါစွဲသဖြင့်တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူ လာလေ၏။ အာရုန်သည်မိရိအံကိုယ်၌ ရောဂါ စွဲသည့်အခြင်းအရာကိုတွေ့မြင်ရသော အခါ၊-
10 E a nuvem se desviou de sobre a tenda; e eis que Miriã era leprosa como a neve; e olhou Arão para Miriã, e eis que era leprosa.
11 မောရှေအား``အရှင်၊ အကျွန်ုပ်တို့၏မိုက်မဲ သောအပြစ်ကြောင့်ဒဏ်မခံရပါစေနှင့်။-
11 Pelo que Arão disse a Moisés: Ah! Senhor meu! Ora, não ponhas sobre nós este pecado, que fizemos loucamente e com que havemos pecado!
12 ဖွားစကပင်ကိုယ်ခန္ဓာတစ်ဝက်ကိုပုပ်ပျက် သော အသေကောင်ကဲ့သို့မိရိအံမဖြစ်ပါ စေနှင့်'' ဟုတောင်းပန်လေ၏။
12 Ora, não seja ela como um morto, que, saindo do ventre de sua mãe, tenha metade da sua carne já consumida.
13 သို့ဖြစ်၍မောရှေသည်ထာဝရဘုရားအား``အို ဘုရားသခင်၊ မိရိအံ၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုအော်ဟစ်တောင်း လျှောက်လေ၏။
13 Clamou, pois, Moisés ao Senhor , dizendo: Ó Deus, rogo-te que a cures.
14 ထာဝရဘုရားကမောရှေအား``အကယ်၍ သူ၏ဖခင်သည်သူ၏မျက်နှာကိုတံတွေး နှင့်ထွေးလျှင် သူသည်ခုနစ်ရက်ပတ်လုံး အရှက်ခွဲခြင်းခံရမည်မဟုတ်လော။ ထို ကြောင့်သူ့ကိုစခန်းအပြင်တွင်ခုနစ်ရက် မျှသီးခြားနေထိုင်စေလော့။ ရက်စေ့လျှင် သူ့ကိုစခန်းအတွင်းသို့ပြန်လည်ခေါ်ဆောင် ရမည်'' ဟုမိန့်တော်မူ၏။-
14 E disse o Senhor a Moisés: Se seu pai cuspira em seu rosto, não seria envergonhada sete dias? Esteja fechada sete dias fora do arraial; e, depois, a recolham.
15 ထို့ကြောင့်မိရိအံကိုစခန်းအပြင်သို့ ခုနစ် ရက်မျှသီးခြားနေထိုင်ရန်ထုတ်ထားကြသည်။ သူစခန်းထဲသို့ပြန်ရောက်မှလူများတို့သည် ခရီးဆက်ကြလေသည်။-
15 Assim, Miriã esteve fechada fora do arraial sete dias, e o povo não partiu, até que recolheram a Miriã.
16 ထိုနောက်သူတို့သည်ဟာဇရုတ်စခန်းမှ ထွက်ခွာ၍ ပါရန်ဟုခေါ်သောတောကန္တာရ တွင်စခန်းချကြလေသည်။
16 Porém, depois, o povo partiu de Hazerote; e assentaram o arraial no deserto de Parã.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?