Números 10
MYA vs NVI
1 ထာဝရဘုရားသည်မောရှေအား၊-
1 O Senhor disse a Moisés:
2 ``သင်သည်လူများကိုစုရုံးခေါ်ယူရာ၌လည်း ကောင်း၊ စခန်းဖြုတ်ရာ၌လည်းကောင်း မှုတ်ရန် အချက်ပေးငွေတံပိုးခရာနှစ်လုံးကိုထု လုပ်လော့။-
2 "Faça duas cornetas de prata batida a fim de usá-las para reunir a comunidade e para dar aos acampamentos o sinal para partirem.
3 တံပိုးခရာနှစ်လုံးစလုံးကိုအသံရှည်ဆွဲ ၍မှုတ်သည့်အခါ လူအပေါင်းတို့သည်တဲ တော်တံခါးဝရှိသင့်ထံသို့စုရုံးလာရ ကြမည်။-
3 Quando as duas cornetas tocarem, a comunidade inteira se reunirá diante de você, à entrada da Tenda do Encontro.
4 တံပိုးခရာတစ်လုံးတည်းကိုမှုတ်လျှင်သား ချင်းစုခေါင်းဆောင်တို့သာလျှင် သင့်ထံသို့ စုရုံးလာရကြမည်။-
4 Se apenas uma tocar, os líderes, chefes dos clãs de Israel, se reunirão diante de você.
5 တံပိုးခရာမှအသံပြတ်တောင်းမှုတ်လျှင် အရှေ့ဘက်တွင်စခန်းချသောဣသရေလ အနွယ်တို့ခရီးစထွက်ရကြမည်။-
5 Quando a corneta der um toque de alerta, as tribos acampadas a leste deverão partir.
6 ဒုတိယအကြိမ်တံပိုးခရာမှအသံပြတ် တောင်းမှုတ်လျှင် တောင်ဘက်တွင်စခန်းချသော ဣသရေလအနွယ်တို့ခရီးစထွက်ရ ကြမည်။-
6 Ao som do segundo toque, os acampamentos do lado sul partirão. O toque de alerta será o sinal para partir.
7 သို့ဖြစ်၍တံပိုးခရာကိုပြတ်တောင်းမှုတ်သည့် အခါ စခန်းဖြုတ်ရကြမည်။ သို့ရာတွင်လူ အပေါင်းတို့ကိုစုဝေးစေရန်ဆင့်ခေါ်သည့် အခါ တံပိုးခရာကိုအသံရှည်ဆွဲ၍မှုတ် ရမည်။-
7 Para reunir a assembléia, faça soar as cornetas, mas não com o mesmo toque.
8 ယဇ်ပုရောဟိတ်များဖြစ်ကြသောအာရုန် ၏သားများက တံပိုးခရာကိုမှုတ်ရမည်။ ``အောက်ပါပညတ်ကိုသင်တို့အမျိုး အစဉ်အဆက်လိုက်နာစောင့်ထိန်းရမည်။-
8 "Os filhos de Arão, os sacerdotes, tocarão as cornetas. Este é um decreto perpétuo para vocês e para as suas gerações.
9 သင်တို့၏ပြည်ကိုရန်သူများထိပါးတိုက် ခိုက်လာသောအခါ ရန်သူကိုခုခံတိုက်ခိုက် ရန်အတွက် ဤတံပိုးခရာများကိုမှုတ်၍ တပ်လှန့်နှိုးဆော်ရမည်။ သင်တို့ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်တို့ကိုသတိရ လျက်ရန်သူ၏လက်မှကယ်တင်တော်မူမည်။-
9 Quando em sua terra vocês entrarem em guerra contra um adversário que os esteja oprimindo, toquem as cornetas; e o Senhor, o Deus de vocês se lembrará de vocês e os libertará dos seus inimigos.
10 ထို့အပြင်ပျော်ပွဲရွှင်ပွဲများဖြစ်သောလဆန်း ပွဲများနှင့်အခြားဘာသာရေးပွဲများတွင် မီး ရှို့ရာယဇ်နှင့်မိတ်သဟာယဇ်ကိုပူဇော်သော အခါ သင်တို့သည်တံပိုးခရာများကိုမှုတ် ရမည်။ ထိုအခါငါသည်သင်တို့အားကူညီ ထောက်မတော်မူမည်။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူသည်'' ဟုမိန့်တော်မူ၏။
10 Também em seus dias festivos, nas festas fixas e no primeiro dia de cada mês, vocês deverão tocar as cornetas por ocasião dos seus holocaustos e das suas ofertas de comunhão, e elas serão um memorial em favor de vocês perante o seu Deus. Eu sou o Senhor, o Deus de vocês".
11 ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင်တဲတော် ကိုဖုံးလွှမ်းနေသောမိုးတိမ်သည်အထက် သို့တက်ကြွသဖြင့်၊-
11 No vigésimo dia do segundo mês do segundo ano, a nuvem se levantou de cima do tabernáculo que guarda as tábuas da aliança.
12 သူတို့သည်သိနာတောကန္တာရမှခရီးထွက် ခွာလာကြလေသည်။ မိုးတိမ်သည်ပါရန်ဟု ခေါ်သောတောကန္တာရသို့ရောက်သောအခါ ရပ်တန့်လေသည်။
12 Então os israelitas partiram do deserto do Sinai e viajaram por etapas, até que a nuvem pousou no deserto de Parã.
13 သူတို့သည်မောရှေမှတစ်ဆင့် ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်းခရီး ထွက်ကြ၏။-
13 Assim partiram pela primeira vez, conforme a ordem do Senhor anunciada por Moisés.
14 ခရီးထွက်သည့်အခါတိုင်းသတ်မှတ်ထား သောအစီအစဉ်အရချီတက်ကြသည်။ ယုဒအနွယ်တပ်အလံနောက်မှလိုက်ရသော လူစုကို အမိနဒပ်၏သားနာရှုန်ကအုပ် ချုပ်ရသည်။ သူတို့သည်တပ်စုအလိုက်ရှေ့ ဆုံးမှချီတက်ရသည်။-
14 Os exércitos do acampamento de Judá partiram primeiro, junto à sua bandeira. Naassom, filho de Aminadabe, estava no comando.
15 ဣသခါအနွယ်ကိုဇုအာ၏သားနာသ နေလကလည်းကောင်း၊-
15 Natanael, filho de Zuar, comandava os exércitos da tribo de Issacar,
16 ဇာဗုလုန်အနွယ်ကိုဟေလုန်၏သားဧလျာဘ ကလည်းကောင်းအုပ်ချုပ်ရသည်။
16 e Eliabe, filho de Helom, chefiava os exércitos da tribo de Zebulom.
17 ထိုနောက်တဲတော်ကိုဖြုတ်ချ၍ဂေရရှုန် သားချင်းစုနှင့် မေရာရိသားချင်းစုတို့ သည်တဲတော်ကိုထမ်းလျက်ချီတက်ရသည်။
17 Quando o tabernáculo era desmontado, os gersonitas e os meraritas o carregavam e partiam.
18 ထိုနောက်ရုဗင်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို ရှေဒုရ၏သားဧလိ ဇုရသည်အုပ်ချုပ်လျက်တပ်စုအလိုက်ချီ တက်ရသည်။-
18 Os exércitos do acampamento de Rúben partiram em seguida, junto à sua bandeira. Elizur, filho de Sedeur, estava no comando.
19 ဇုရိရှဒ္ဒဲ၏သားရှေလုမျေလသည် ရှိမောင် အနွယ်ကိုလည်းကောင်း၊-
19 Selumiel, filho de Zurisadai, comandava os exércitos da tribo de Simeão,
20 ဒွေလ၏သားဧလျာသပ်သည်ဂဒ်အနွယ် ကိုလည်းကောင်းအုပ်ချုပ်ရသည်။
20 e Eliasafe, filho de Deuel, chefiava os exércitos da tribo de Gade.
21 ထိုနောက်လေဝိအနွယ်ကောဟတ်သားချင်းစု တို့သည် တဲတော်ဆိုင်ရာပစ္စည်းများကိုထမ်းလျက် ချီတက်ရသည်။ သူတို့သည်နောက်စခန်းသို့ ဆိုက်ရောက်သည့်အခါ တဲတော်ကိုထူနှင့်ပြီး ဖြစ်သည်။
21 Então os coatitas partiam carregando as coisas sagradas. Antes que eles chegassem, o tabernáculo já deveria estar armado.
22 ထိုနောက်ဧဖရိမ်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို အမိဟုဒ်၏သားဧလိ ရှမာသည်အုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။-
22 Os exércitos do acampamento de Efraim partiram em seguida, junto à sua bandeira. Elisama, filho de Amiúde, estava no comando.
23 မနာရှေ၏အနွယ်ကိုပေဒါဇုရ၏သား ဂါမလျေလအုပ်ချုပ်ရသည်။-
23 Gamaliel, filho de Pedazur, comandava os exércitos da tribo de Manassés,
24 ဗင်္ယာမိန်အနွယ်ကိုဂိဒေါနိ၏သားအဘိဒန် အုပ်ချုပ်ရသည်။
24 e Abidã, filho de Gideoni, os exércitos da tribo de Benjamim.
25 နောက်ဆုံးတပ်ဖြစ်သောဒန်အနွယ်တပ်အလံ နောက်မှလိုက်ရသောလူစုကို အမိရှဒ္ဒဲ၏သား အဟေဇာအုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။-
25 Finalmente, partiram os exércitos do acampamento de Dã, junto à sua bandeira, como retaguarda para todos os acampamentos. Aieser, filho de Amisadai, estava no comando.
26 အာရှာအနွယ်ကိုသြကရန်၏သားပါဂျေလ အုပ်ချုပ်၍၊-
26 Pagiel, filho de Ocrã, comandava os exércitos da tribo de Aser,
27 နဿလိအနွယ်ကိုဧနန်၏သားအဟိရ အုပ်ချုပ်ရသည်။-
27 e Aira, filho de Enã, a divisão da tribo de Naftali.
28 ဣသရေလအမျိုးသားတို့သည်စခန်းဖြုတ် ၍ခရီးထွက်သည့်အခါတိုင်း အထက်ဖော်ပြ ပါအစီအစဉ်အရတပ်စုအလိုက်ချီတက် ကြရသည်။
28 Essa era a ordem que os exércitos israelitas seguiam quando se punham em marcha.
29 မောရှေသည်မိဒျန်အမျိုးသားယေသရော ၏သား မိမိ၏ယောက်ဖဟောဗပ်အား``ထာဝရ ဘုရားကငါတို့အားပေးမည်ဟုကတိထား တော်မူသောပြည်သို့ ငါတို့ယခုသွားကြမည်။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ကြီးပွားစေမည်ဟူ၍ ကတိတော်ရှိ သဖြင့်ငါတို့နှင့်အတူလိုက်ခဲ့ပါလော့။ သင် သည်ငါတို့နှင့်အကျိုးတူခံစားခွင့်ရလိမ့် မည်'' ဟုဆိုလေ၏။
29 Então Moisés disse a Hobabe, filho do midianita Reuel, sogro de Moisés: "Estamos partindo para o lugar sobre o qual o Senhor disse: ‘Eu o darei a vocês’. Venha conosco e lhe trataremos bem, pois o Senhor prometeu boas coisas para Israel".
30 ဟောဗပ်က``ငါမလိုက်လိုပါ။ ငါ၏နေရင်း ပြည်သို့ပြန်မည်'' ဟုဖြေကြားလေ၏။
30 Ele respondeu: "Não, não irei; voltarei para a minha terra e para o meu povo".
31 ထိုအခါမောရှေက``ငါတို့ကိုစွန့်ပစ်၍မထား ခဲ့ပါနှင့်။ သင်သည်တောကန္တာရခရီးလမ်းသိ ကျွမ်းသူဖြစ်သဖြင့် စခန်းချရာအရပ်ကို ငါတို့အားညွှန်ပြနိုင်မည်ဖြစ်သည်။-
31 Moisés, porém, disse: "Por favor, não nos deixe. Você sabe onde devemos acampar no deserto e pode ser o nosso guia.
32 ငါတို့နှင့်အတူလိုက်ခဲ့ပါမူငါတို့အား ထာဝရဘုရားချပေးတော်မူသော ကောင်း ချီးမင်္ဂလာအပေါင်းတို့ကိုသင်လည်းခံ စားခွင့်ရရှိစေပါမည်'' ဟုဆို၏။
32 Se vier conosco, partilharemos com você todas as coisas boas que o Senhor nos der".
33 ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရား၏သိနာတောင်တော်မှထွက်ခွာ၍ သုံး ရက်ကြာမျှခရီးပြုလေသည်။ သူတို့စခန်း ချရာအရပ်ကိုညွှန်ပြရန် ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်သည်သူတို့ရှေ့မှ အစဉ်သွားရ၏။-
33 Então eles partiram do monte do Senhor e viajaram três dias. A arca da aliança do Senhor foi à frente deles durante aqueles três dias para encontrar um lugar para descansarem.
34 သူတို့စခန်းမှထွက်ခွာလာသည့်အခါတိုင်း ထာဝရဘုရား၏မိုးတိမ်သည်နေ့အချိန် တွင်သူတို့၏အပေါ်မှလိုက်ပါလျက်ရှိ၏။
34 A nuvem do Senhor estava sobre eles de dia, sempre que partiam de um acampamento.
35 ပဋိညာဉ်သေတ္တာတော်ခရီးစထွက်သည့်အခါ မောရှေက``အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့ကိုကစဥ့်ကလျား ဖြစ်စေ၍ ကိုယ်တော်အားမုန်းတီးသူတို့ကို ထွက်ပြေးစေတော်မူပါ'' ဟူ၍လည်း ကောင်း၊-
35 Sempre que a arca partia, Moisés dizia: "Levanta-te, ó Senhor! Sejam espalhados os teus inimigos e fujam de diante de ti os teus adversários".
36 ပဋိညာဉ်သေတ္တာတော်ရပ်နားသောအခါ``အို ထာဝရဘုရား၊ ထောင်သောင်းမကသောဣသ ရေလအမျိုးသားတို့ထံသို့ပြန်ကြွတော် မူပါ'' ဟူ၍လည်းကောင်းလျှောက်ဆိုလေ့ရှိ၏။
36 Sempre que a arca parava, ele dizia: "Volta, ó Senhor, para os incontáveis milhares de Israel".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?