Gênesis 42

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​စ​ပါး​ရှိ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ သူ​၏​သား​တို့ အား``သင်​တို့​အ​ဘယ်​ကြောင့်​မှိုင်​တွေ​နေ​ကြ သ​နည်း။-
1 Jacó, sabendo que havia trigo no Egito, disse aos seus filhos: "Por que estais olhando uns para os outros?
2 အီ​ဂျစ်​ပြည်​၌​စပါး​ရှိ​ကြောင်း​ငါ​ကြား​ရ​သည်။ ငါ​တို့​အ​စာ​ငတ်​၍​မ​သေ​ကြ​စေ​ရန်​သင်​တို့ ထို​ပြည်​သို့​သွား​၍​စ​ပါး​ဝယ်​ကြ​လော့'' ဟု စေ​ခိုင်း​လေ​၏။-
2 Eu soube que há trigo no Egito. Descei lá e comprai-o para nós; poderemos assim viver e escaparemos à morte."
3 ထို​ကြောင့်​ယော​သပ်​၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စပါး​ဝယ်​ရန်​အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ​သွား​ကြ​၏။-
3 E os dez irmãos de José desceram ao Egito para comprar trigo.
4 ယာ​ကုပ်​သည်​ယော​သပ်​၏​ညီ​ရင်း​ဗင်္ယာ​မိန်​ကို ကား ဘေး​ရောက်​မည်​စိုး​ရိမ်​သော​ကြောင့်​အစ်​ကို များ​နှင့်​အ​တူ​မ​စေ​လွှတ်​ချေ။
4 Jacó não deixou partir com seus irmãos Benjamim, irmão de José, "com medo, pensava ele, de que lhe acontecesse alguma desgraça."
5 ခါ​နာန်​ပြည်​တစ်​ပြည်​လုံး​တွင်​အစာ​ခေါင်း​ပါး​ခြင်း ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် ယာ​ကုပ်​၏​သား​တို့​သည် အ​ခြား​သော​စ​ပါး​ဝယ်​ရန်​သွား​သူ​တို့​နှင့်​အ​တူ အီ​ဂျစ်​ပြည်​သို့​သွား​ကြ​၏။-
5 Os filhos de Israel chegaram, pois, no meio de uma multidão de outros para comprar víveres, porque a fome reinava na terra de Canaã.
6 အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​ဖြစ်​သူ​ယော​သပ်​သည် အ​ပြည် ပြည်​မှ​စ​ပါး​ဝယ်​လာ​သော​သူ​တို့​အား​စပါး​ရောင်း ချ​လျက်​ရှိ​၏။ ယော​သပ်​၏​အစ်​ကို​တို့​သည်​လည်း ရောက်​ရှိ​လာ​ကြ​၍​ယော​သပ်​၏​ရှေ့​မှောက်​တွင် ပျပ်​ဝပ်​ကြ​လေ​၏။-
6 José era o governador de toda a região, e era ele quem vendia o trigo a todo o mundo. Desde sua chegada, os irmãos de José prostraram-se diante dele com o rosto por terra.
7 ယော​သပ်​သည်​သူ​၏​အစ်​ကို​တို့​ကို​မြင်​၍​မှတ် မိ​သော်​လည်း အစ်​ကို​တို့​ကို​မ​သိ​ဟန်​ဆောင် လျက်``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​ခက်​ထန်​စွာ​မေး​လေ​၏။
7 José reconheceu-os imediatamente, mas, comportando-se com eles como um estrangeiro, disse-lhes com rudeza: "Donde vindes?" "Da terra de Canaã, responderam eles, para comprar víveres."
8 ယော​သပ်​က​သူ​၏​အစ်​ကို​တို့​ဖြစ်​မှန်း​သိ သော်​လည်း သူ​တို့​က​ယော​သပ်​ကို​မ​သိ​ကြ။-
8 Foi assim que José reconheceu a seus irmãos, mas eles não o reconheceram.
9 သူ​သည်​သူ​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​သော အိပ်​မက်​ကို​သ​တိ​ရ​၍``သင်​တို့​သည်​သူ​လျှို​များ ဖြစ်​၏။ ဤ​တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​ကြ​သူ​များ​ဖြစ်​သည်'' ဟု​စွပ်​စွဲ လိုက်​လေ​၏။
9 E lembrava-se dos sonhos que tivera outrora a respeito deles; disse-lhes: "Vós sois espiões: viestes explorar os pontos fracos do país."
10 သူ​တို့​က``မ​ဟုတ်​ပါ​အရှင်၊ ကိုယ်​တော်​၏​ကျွန် တို့​သည်​ရိက္ခာ​ဝယ်​ယူ​ရန်​လာ​ကြ​ပါ​သည်။-
10 "Não, meu senhor, responderam, teus servos vieram comprar víveres.
11 ကျွန်​တော်​တို့​သည်​ဖခင်​တစ်​ဦး​တည်း​မှ​ပေါက် ဖွား​သော​ညီ​အစ်​ကို​များ​ဖြစ်​ကြ​ပါ​သည်။ ကိုယ်​တော်​ကျွန်​တို့​သည်​သူ​လျှို​များ​မ​ဟုတ် ပါ။ ရိုး​သား​သူ​များ​ဖြစ်​ကြ​ပါ​သည်'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။
11 Somos todos filhos dum mesmo pai, somos gente honesta; teus servos não são espiões."
12 ယော​သပ်​က​လည်း``သင်​တို့​သည်​ရိုး​သား​သူ​များ မ​ဟုတ်။ တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​သူ​များ​ဖြစ်​ကြ​သည်'' ဟု​တစ်​ဖန် စွပ်​စွဲ​ပြန်​၏။
12 "Não é verdade -, disse-lhes ele, viestes explorar os pontos fracos do país."
13 ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ကျွန်​တို့​သည် ခါ​နာန်​ပြည်​၌​နေ​ထိုင်​သော​တစ်​ယောက်​တည်း သော​သူ​၏ သား​တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ သည်။ ညီ​တစ်​ယောက်​သေ​ဆုံး​၍​ညီ​အ​ငယ်​ဆုံး သည် ယ​ခု​ဖ​ခင်​နှင့်​အ​တူ​ကျန်​ရစ်​ခဲ့​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
13 Eles responderam: "Somos doze irmãos, filhos dum mesmo pai, na terra de Canaã. O mais novo está agora em casa de nosso pai, o outro já não existe."
14 တစ်​ဖန်​ယော​သပ်​က``ငါ​ဆို​ခဲ့​သည့်​အ​တိုင်း သင် တို့​သည်​သူ​လျှို​ဖြစ်​ကြ​၏။-
14 José disse-lhes: "É bem como eu disse: sois espiões.
15 သင်​တို့​ပြော​သ​မျှ​မှန်​သည်​မ​မှန်​သည်​ကို​ဤ​သို့ စစ်​ဆေး​မည်။ ဖာ​ရော​ဘု​ရင်​၏​အ​မိန့်​အာ​ဏာ အ​ရ​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ၏​ညီ​အ​ငယ်​ဆုံး​ကို​ဤ​အ​ရပ်​သို့​မ​ခေါ်​ဆောင်​ခဲ့ လျှင်​သင်​တို့​သည်​ဤ​တိုင်းပြည်​မှ​မ​ထွက်​ခွာ​ရ။-
15 Sereis, aliás, postos à prova: pela vida do faraó, não saireis daqui antes que tenha vindo vosso irmão mais novo.
16 သင်​တို့​အ​နက်​တစ်​ယောက်​ယောက်​ကို​စေ​လွှတ်​၍ သင်​တို့​၏​ညီ​ကို​ခေါ်​ဆောင်​ခဲ့​ရ​မည်။ သင်​တို့​၏ စ​ကား​မှန်​သည်​မ​မှန်​သည်​ကို​သိ​နိုင်​သည့်​တိုင် အောင် ကျန်​ရစ်​သော​သင်​တို့​ကို​အ​ကျဉ်း​ချ​ထား မည်။ သင်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သင်​တို့​သည်​ဖာ​ရော​ဘု​ရင်​အ​သက်​ရှင်​တော် မူ​သည်​အ​တိုင်း​သူ​လျှို​များ​မု​ချ​ဖြစ်​ရ​မည်'' ဟု​ဆို​ပြီး​လျှင်၊-
16 Mandai um de vós buscá-lo; enquanto isso, ficareis prisioneiros. Vossas palavras serão assim provadas, e veremos se dissestes a verdade. Do contrário, pela vida do faraó, sois espiões!"
17 သူ​တို့​အား​လုံး​ကို​သုံး​ရက်​ချုပ်​ထား​လေ​၏။
17 E mandou metê-los numa prisão durante três dias.
18 တ​တိ​ယ​နေ့​၌ ယော​သပ်​က​သူ​တို့​အား``ငါ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​ဖြစ်​၏။ သင် တို့​အ​သက်​ချမ်း​သာ​စေ​ရန် ဤ​သို့​ပြု​လုပ်​လော့။-
18 No terceiro dia, José disse-lhes: "Fazei isto, e vivereis, porque sou cheio do temor a Deus.
19 သင်​တို့​ရိုး​သား​ကြောင်း​ကို​သက်​သေ​ပြ​ရန်​သင် တို့​အ​နက်​တစ်​ယောက်​ယောက်​သည် ဤ​အ​ကျဉ်း ထောင်​ထဲ​၌​နေ​ရစ်​ခဲ့​ရ​မည်။ ကျန်​သော​သူ​တို့ က​ရိက္ခာ​ပြတ်​နေ​သော​သင်​တို့​၏​မိ​သား​စု အ​တွက် ဝယ်​ယူ​သော​စ​ပါး​ကို​ယူ​ဆောင်​သွား ကြ​လော့။-
19 Se sois gente de bem, que um dentre vós fique detido em prisão; e os outros partam levando o trigo para alimentar vossas famílias.
20 ထို​နောက်​သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ ၏​စ​ကား​မှန်​ကန်​ကြောင်း​သိ​ရ​မည်။ သင်​တို့​သည် လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု ဆို​လေ​၏။
20 Trazei-me então vosso irmão mais novo, para que eu possa verificar a verdade de vossas palavras, e não morrereis." Foi o que fizeram.
21 ထို​နောက်​သူ​တို့​အ​ချင်း​ချင်း​က``အ​ကယ်​စင်​စစ် ငါ​တို့​ညီ​အား​ပြု​ခဲ့​သ​မျှ​အ​တွက် ယ​ခု​ငါ​တို့ ခံ​ရ​ကြ​လေ​ပြီ။ သ​နား​ညှာ​တာ​ရန်​ငါ​တို့​၏​ညီ က​တောင်း​ပန်​သော​အ​ခါ ငါ​တို့​သည်​သူ​၏​စိတ် ဆင်း​ရဲ​ခြင်း​ကို​မြင်​လျက်​နှင့်​သူ့​အား​မ​သ​နား မ​ညှာ​တာ​ခဲ့​ချေ။ ထို့​ကြောင့်​ငါ​တို့​သည်​ယ​ခု ဝဋ်​လည်​နေ​ရ​ကြ​၏'' ဟု​ပြော​ဆို​ကြ​၏။
21 Disseram uns aos outros: "Em verdade, expiamos o crime cometido contra o nosso irmão, porque víamos a angústia de sua alma quando ele nos suplicava, e não o escutamos! Eis por que veio sobre nós esta desgraça!"
22 ထို​အ​ခါ​ရု​ဗင်​က``ငါ​သည်​သင်​တို့​အား​သူ​ငယ် ကို ဘေး​ဒုက္ခ​မ​ရောက်​စေ​ပါ​နှင့်​ဟူ​၍​သ​တိ​ပေး ခဲ့​သော်​လည်း​သင်​တို့​သည်​နား​မ​ထောင်​ကြ။ ထို့ ကြောင့်​ငါ​တို့​သည်​ယ​ခု​ဝဋ်​လည်​နေ​ရ​ကြ​ပြီ'' ဟု​ဆို​လေ​၏။-
22 "Não vos tinha eu dito, disse-lhes Rubem, para não pecardes contra o menino? Não quisestes ouvir-me, e eis agora que nos é reclamado o seu sangue!"
23 သူ​တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​ယော​သပ် နား​လည်​၏။ ယော​သပ်​သည်​သူ​တို့​နှင့်​ပြော​ဆို​ရာ တွင်​စ​ကား​ပြန်​ကို​အ​သုံး​ပြု​သော​ကြောင့် သူ တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​သူ​နား လည်​မည်​မ​ဟုတ်​ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။
23 Ora, não sabiam que José os compreendia, porque lhes tinha falado por meio de um intérprete.
24 ထို​နောက်​ယော​သပ်​သည်​သူ​တို့​ထံ​မှ​ထွက်​သွား​၍ ငို​ကြွေး​လေ​၏။ သူ​သည်​ဣန္ဒြေ​ဆည်​နိုင်​သော​အ​ခါ သူ​တို့​ထံ​ပြန်​၍ သူ​တို့​အ​နက်​ရှိ​မောင်​ကို​ရွေး ထုတ်​လျက်​သူ​တို့​၏​ရှေ့​တွင်​ချည်​နှောင်​စေ​၏။
24 E José afastou-se deles para chorar. Voltou em seguida e falou-lhes; e escolheu Simeão, ao qual mandou prender na presença deles.
25 ယော​သပ်​က​သူ​၏​အစ်​ကို​တို့​၏​အိတ်​များ​တွင် စ​ပါး​အ​ပြည့်​ထည့်​ပေး​၍ တစ်​ယောက်​စီ​ထံ​မှ​ရ သော​စ​ပါး​ဖိုး​ငွေ​ကို​အ​သီး​သီး​တို့​၏​အိတ်​၌ ပြန်​ထည့်​ပေး​ရန်​နှင့် လမ်း​ခ​ရီး​၌​စား​ရန်​ရိက္ခာ ကို​လည်း​ထည့်​ပေး​ရန်​အ​မိန့်​ပေး​သည့်​အ​တိုင်း တာ​ဝန်​ခံ​က​ပြု​၏။-
25 José ordenou depois que se enchessem de trigo os seus sacos, e que se pusesse o dinheiro de cada um em seu saco de viagem, e também que se lhes dessem provisões para o caminho: assim foi feito.
26 ယော​သပ်​၏​အစ်​ကို​တို့​သည်​မြည်း​များ​ပေါ် တွင် စ​ပါး​အိတ်​များ​ကို​တင်​ပြီး​နောက်​ထွက် ခွာ​သွား​ကြ​လေ​၏။-
26 Eles carregaram o trigo sobre os seus jumentos e partiram.
27 ည​အိပ်​စ​ခန်း​ချ​ရန်​အ​ရပ်​သို့​ရောက်​ကြ​သော အ​ခါ သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​က​မြည်း​ကို အ​စာ​ကျွေး​ရန် သူ​၏​အိတ်​ကို​ဖွင့်​လိုက်​ရာ​အိတ် ဝ​တွင်​မိ​မိ​၏​ငွေ​ကို​တွေ့​ရ​လေ​၏။-
27 Na estalagem, abrindo um deles o seu saco para dar de comer ao seu jumento, viu que o seu dinheiro estava na boca do saco.
28 သူ​က​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ်​၏​ငွေ​ကို​ပြန် ထည့်​ပေး​လိုက်​ပါ​သည်​တ​ကား'' ဟု​ဆို​၍​စ​ပါး အိတ်​ထဲ​က​ငွေ​ကို​ပြ​လေ​၏။ ထို​အ​ခါ​သူ​တို့ သည်​စိတ်​တုန်​လှုပ်​ချောက်​ချား​လျက်``ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​မည်​သို့​ပြု​တော်​မူ​ဘိ သ​နည်း'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
28 "Devolveram-me o meu dinheiro, disse ele aos seus irmãos; ei-lo aqui no meu saco!" Desfaleceu-se-lhes o coração, e, tomados de espanto, disseram uns aos outros: "Que é isto que Deus nos fez?"
29 ခါ​နာန်​ပြည်​ရှိ​သူ​တို့​၏​အ​ဖ​ယာ​ကုပ်​ထံ သို့​ရောက်​ကြ​သော​အ​ခါ ဖြစ်​ပျက်​ခဲ့​သ​မျှ အ​ကြောင်း​စုံ​ကို​ဖ​ခင်​အား​ပြော​ပြ​ကြ​လေ သည်။-
29 Voltaram para junto de Jacó, seu pai, na terra de Canaã, e contaram-lhe nestes termos tudo o que lhes tinha acontecido:
30 သူ​တို့​က``အီ​ဂျစ်​ပြည်​ကို​အ​စိုး​ရ​သူ​သည် ကျွန် တော်​တို့​အား​ခက်​ထန်​စွာ​ပြော​ဆို​ဆက်​ဆံ​ပါ သည်။ ကျွန်​တော်​တို့​သည်​သူ​၏​တိုင်း​ပြည်​ကို ထောက်​လှမ်း​သော​သူ​လျှို​များ​ဖြစ်​သည်​ဟု စွပ်​စွဲ​ပါ​သည်။-
30 "O homem que governa o país nos falou asperamente e nos tomou por espiões.
31 ကျွန်​တော်​တို့​က`ကျွန်​တော်​တို့​သည်​ရိုး​သား သော​သူ​များ​ဖြစ်​ပါ​သည်။ သူ​လျှို​မ​ဟုတ်​ပါ။-
31 Dissemos-lhe que éramos gente honesta, e não espiões;
32 ဖ​ခင်​တစ်​ဦး​တည်း​မှ​ပေါက်​ဖွား​သော​ညီ​အစ်​ကို တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ​သည်။ တစ်​ယောက် သည်​သေ​ဆုံး​၍ ညီ​အ​ငယ်​ဆုံး​သည်​အ​ဖ​နှင့် ခါ​နာန်​ပြည်​၌​ရှိ​နေ​ပါ​သည်' ဟု​လျှောက်​ကြ ပါ​သည်။-
32 que éramos doze irmãos, filhos dum mesmo pai, dos quais um já não existia mais, e o mais novo estava no momento com nosso pai, na terra de Canaã.
33 ထို​ပြည်​ကို​အုပ်​စိုး​သူ​က`သင်​တို့​သည်​ရိုး​သား သူ​များ​ဖြစ်​ကြောင်း​ကို ငါ​သိ​နိုင်​ရန်​ဤ​သို့​ပြု လုပ်​ရ​မည်။ သင်​တို့​အ​နက်​တစ်​ယောက်​ကို​ငါ​ထံ ၌​ထား​ခဲ့​ရ​မည်။ ကျန်​သော​သူ​တို့​က​ရိက္ခာ​ပြတ် နေ​သော​သင်​တို့​၏​မိ​သား​စု​ထံ​သို့​စ​ပါး​ယူ ၍​ပြန်​ကြ​လော့။-
33 O governador do país disse-nos: por isso reconhecerei se sois gente de bem: deixai junto de mim um de vossos irmãos, levai o trigo que precisais para alimentar vossas famílias, e parti.
34 သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့​ခေါ် ဆောင်​ခဲ့​လော့။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ သူ​လျှို​မ​ဟုတ်၊ ရိုး​သား​သူ​များ​ဖြစ်​သည်​ကို ငါ​သိ​နိုင်​မည်။ ထို​နောက်​သင်​တို့​၏​ညီ​ကို​သင် တို့​ထံ​သို့​ငါ​ပြန်​အပ်​မည်။ သင်​တို့​သည်​လည်း ဤ​ပြည်​တွင်​နေ​ထိုင်​၍​ရောင်း​ဝယ်​ဖောက်​ကား နိုင်​ကြ​မည်' '' ဟူ​၍​ဆို​ကြ​၏။
34 Conduzir-me-eis então vosso irmão mais novo: assim saberei que não sois espiões, mas gente honesta. Eu vos devolverei então vosso irmão, e podereis negociar no país."
35 သူ​တို့​သည်​စ​ပါး​အိတ်​များ​ကို​သွန်​ချ​ကြ သော​အ​ခါ လူ​တိုင်း​က​မိ​မိ​၏​ငွေ​ထုပ်​ကို​မိ​မိ အိတ်​ထဲ​တွင်​တွေ့​ရ​လေ​သော် အ​ဖ​နှင့်​တ​ကွ သား​တို့​သည်​ကြောက်​လန့်​ကြ​၏။-
35 E, esvaziando os seus sacos, eis que o pacote de dinheiro de cada um se encontrava em seu saco. Quando eles e seu pai viram seu dinheiro, tiveram medo.
36 သူ​တို့​အ​ဖ​က``သင်​တို့​သည်​ငါ့​သား​များ​ကို တစ်​ယောက်​ပြီး​တစ်​ယောက်​ဆုံး​ပါး​စေ​တော့ မည်​လော။ ယော​သပ်​လည်း​မ​ရှိ။ ရှိ​မောင်​လည်း မ​ရှိ။ ယ​ခု​ဗင်္ယာ​မိန်​ကို​ခေါ်​ဆောင်​သွား​ကြ ဦး​မည်​လော။ ငါ​၌​အ​တိ​ဒုက္ခ​ရောက်​ရ​ပါ သည်​တ​ကား'' ဟု​ဆို​လေ​၏။
36 Jacó disse-lhes: "Vós me tirais os meus filhos! José já não existe, Simeão tampouco, e quereis me tomar ainda Benjamim! Tudo vem cair sobre mim!"
37 ထို​အ​ခါ​ရု​ဗင်​က​အ​ဖ​အား``ဗင်္ယာ​မိန်​ကို အ​ဖ​ထံ​သို့​ကျွန်​တော်​ပြန်​၍​မ​ခေါ်​နိုင်​ခဲ့ လျှင် ကျွန်​တော်​၏​သား​နှစ်​ယောက်​သေ​ဒဏ်​ခံ ရ​ပါ​စေ။ သူ့​အ​တွက်​ကျွန်​တော်​တာ​ဝန်​ယူ ပါ​မည်။ အဖ​ထံ​သို့​သူ့​ကို​ကျွန်​တော်​အ​ရောက် ပြန်​လည်​ခေါ်​ဆောင်​ခဲ့​ပါ​မည်'' ဟု​ပြော​လေ​၏။
37 Rubem disse-lhe: "Tira a vida aos meus dois filhos, se eu não te reconduzir Benjamim! Confia-o a mim: eu to reconduzirei."
38 သို့​ရာ​တွင်​ယာ​ကုပ်​က``ငါ့​သား​ကို​သင်​တို့​နှင့် အ​တူ​မ​လွှတ်​နိုင်။ သူ​၏​အစ်ကို​သေ​ဆုံး​ပြီ​ဖြစ် ၍​သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​သည်။ ငါ​သည် အ​သက်​အ​ရွယ်​အို​မင်း​ပါ​ပြီ။ အ​ကယ်​၍​ခ​ရီး လမ်း​တွင်​သူ​သည်​ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ သော် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ ရ​ပါ​မည်'' ဟု​ဆို​လေ​၏။
38 "Meu filho, tornou Jacó, não descerá convosco, porque seu irmão morreu, e só resta ele. Se lhe acontecesse um acidente nesta viagem que ides fazer, faríeis descer os meus cabelos brancos à habitação dos mortos, sob o peso da dor."

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 42, comparar traduções ou montar um estudo — tudo direto pelo WhatsApp.