Atos 13
Common Language Bible (MYA) vs ARC
1 အန္တိအုတ်မြို့အသင်းတော်တွင် ပရောဖက်များ နှင့်ဆရာများရှိ၏။ ထိုသူတို့ကားဗာနဗ၊ နိဂါခေါ်ရှုမောင်၊ ကုရေနေပြည်သားလုကိ၊ (စော်ဘွားဟေရုဒ်၏ငယ်သူငယ်ချင်းဖြစ်သူ) မာနင်နှင့်ရှောလုတို့တည်း။-
1 Na igreja que estava em Antioquia havia alguns profetas e doutores, a saber: Barnabé, e Simeão, chamado Níger, e Lúcio, cireneu, e Manaém, que fora criado com Herodes, o tetrarca, e Saulo.
2 ထိုသူတို့သည်သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်ကသူတို့အား ``ရှောလု နှင့်ဗာနဗတို့ကို ငါ၏အမှုတော်ဆောင်ရန် အတွက်သီးသန့်ရွေးချယ်ကြလော့'' ဟုမိန့် တော်မူ၏။
2 E, servindo eles ao Senhor e jejuando, disse o Espírito Santo: Apartai-me a Barnabé e a Saulo para a obra a que os tenho chamado.
3 ထိုအခါသူတို့သည်အစာရှောင်၍ဆု တောင်းပတ္ထနာပြုပြီးလျှင် ဗာနဗနှင့်ရှောလု တို့၏ဦးခေါင်းပေါ်တွင်မိမိတို့လက်ကိုတင် ကြ၏။ ထိုနောက်သူတို့အားအမှုတော် ဆောင်ရွက်ရန်စေလွှတ်လိုက်ကြ၏။
3 Então, jejuando, e orando, e pondo sobre eles as mãos, os despediram.
4 ဗာနဗနှင့်ရှောလုတို့သည်သန့်ရှင်းသော ဝိညာဉ်တော်စေလွှတ်တော်မူသည်အတိုင်း သေလုကိမြို့သို့သွားရောက်၍ထိုမြို့မှ ကုပရုကျွန်းသို့သင်္ဘောလွှင့်ကြ၏။-
4 E assim estes, enviados pelo Espírito Santo, desceram a Selêucia e dali navegaram para Chipre.
5 သူတို့သည်ရှာလမိမြို့သို့ရောက်သောအခါ တရားဇရပ်များတွင်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။ ယောဟန်မာကုသည်သူတို့၏လက်ထောက် အဖြစ်ကူညီဆောင်ရွက်၏။
5 E, chegados a Salamina, anunciavam a palavra de Deus nas sinagogas dos judeus; e tinham também a João como cooperador.
6 သူတို့သည်ထိုကျွန်းကိုဖြတ်၍ပါဖုမြို့ အထိလျှောက်သွားကြ၏။ ထိုမြို့တွင်ယုဒ အမျိုးသားမိစ္ဆာပရောဖက်ဖြစ်သောမှော် ဆရာတစ်ယောက်ကိုတွေ့ကြ၏။ သူ၏နာမည် မှာဗာယေရှုဖြစ်၏။-
6 E, havendo atravessado a ilha até Pafos, acharam um certo judeu, mágico, falso profeta, chamado Barjesus,
7 သူသည်ဘုရင်ခံသေရဂိပေါလု၏မိတ်ဆွေ ဖြစ်၏။ ထိုဘုရင်ခံကားသတိပညာရှိသူ တစ်ယောက်ဖြစ်ပေသည်။ သူသည်ဘုရားသခင် ၏နှုတ်ကပတ်တရားတော်ကိုကြားနာလို၍ ဗာနဗနှင့်ရှောလုကိုပင့်ဖိတ်လေ၏။-
7 o qual estava com o procônsul Sérgio Paulo, varão prudente. Este, chamando a si Barnabé e Saulo, procurava muito ouvir a palavra de Deus.
8 သို့ရာတွင် (ဂရိဘာသာအားဖြင့်ဧလုမဟု နာမည်ရှိသော) ထိုမှော်ဆရာသည်ဘုရင်ခံ အားယုံကြည်ခြင်းလွဲမှားစေရန် ဗာနဗ နှင့်ရှောလုတို့ကိုအတိုက်အခံပြုလေ၏။-
8 Mas resistia-lhes Elimas, o encantador (porque assim se interpreta o seu nome), procurando apartar da fé o procônsul.
9 ထိုအခါပေါလုခေါ်ရှောလုသည် သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလျက် မှော် ဆရာအားစိုက်ကြည့်ပြီးနောက်၊-
9 Todavia, Saulo, que também se chama Paulo, cheio do Espírito Santo e fixando os olhos nele, disse:
10 ``မာရ်နတ်၏သား၊ လှည့်စားလိမ်လည်တတ်သူ၊ အမှန်တရား၏ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ဖြောင့်မှန်သောတရားလမ်းကို ကောက်လိမ်အောင်ပြုပါသည်တကား။-
10 Ó filho do diabo, cheio de todo o engano e de toda a malícia, inimigo de toda a justiça, não cessarás de perturbar os retos caminhos do Senhor?
11 ယခုပင်လျှင်ထာဝရဘုရား၏လက်တော် သည် သင့်ပေါ်သို့ကျရောက်တော်မူသဖြင့် သင် သည်မျက်စိကွယ်လိမ့်မည်။ ကာလအတန် အကြာနေကိုမြင်ရလိမ့်မည်မဟုတ်'' ဟု မြွက်ဆို၏။
11 Eis aí, pois, agora, contra ti a mão do Senhor, e ficarás cego, sem ver o sol por algum tempo. No mesmo instante, a escuridão e as trevas caíram sobre ele, e, andando à roda, buscava a quem o guiasse pela mão.
12 ဘုရင်ခံသည်ထိုအဖြစ်အပျက်ကိုမြင်လျှင် ယုံကြည်လာ၏။ သူသည်သခင်ဘုရား၏တရား တော်ကိုကြားသောအခါအံ့သြမိန်းမော၍ နေ၏။
12 Então, o procônsul, vendo o que havia acontecido, creu, maravilhado da doutrina do Senhor.
13 ပေါလုနှင့်အပေါင်းဖော်များသည်ပါဖုမြို့မှ သင်္ဘောလွှင့်၍ ပံဖုလိပြည်ပေရဂေမြို့သို့ရောက် ကြ၏။ ထိုအခါယောဟန်မာကုသည်သူတို့ နှင့်ခွဲခွာ၍ယေရုရှလင်မြို့သို့ပြန်လေ၏။-
13 E, partindo de Pafos, Paulo e os que estavam com ele chegaram a Perge, da Panfília. Mas João, apartando-se deles, voltou para Jerusalém.
14 သူတို့သည်ပေရဂေမြို့မှထွက်ခွာကြရာ ပိသိဒိပြည်အန္တိအုတ်မြို့သို့ရောက်၍ ဥပုသ် နေ့၌တရားဇရပ်သို့ဝင်၍ထိုင်ကြ၏။-
14 E eles, saindo de Perge, chegaram a Antioquia da Pisídia e, entrando na sinagoga, num dia de sábado, assentaram-se.
15 ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းကိုဖတ်ပြီး သောအခါ တရားဇရပ်အမှုဆောင်လူကြီး များသည်သူတို့အား ``ညီအစ်ကိုတို့၊ လူတို့ အားတိုက်တွန်းအားပေးစကားပြောကြား ရန်ရှိပါလျှင်ပြောကြပါ'' ဟုလူလွှတ်၍ အကြောင်းကြားကြ၏။-
15 E, depois da lição da Lei e dos Profetas, lhes mandaram dizer os principais da sinagoga: Varões irmãos, se tendes alguma palavra de consolação para o povo, falai.
16 ပေါလုသည်နေရာမှထ၍လက်ရိပ်ပြ ပြီးနောက် ``ဣသရေလအမျိုးသားတို့နှင့် ဘုရားသခင်အားကိုးကွယ်သူအခြား အမျိုးသားတို့၊ နားထောင်ကြလော့။-
16 E, levantando-se Paulo e pedindo silêncio com a mão, disse: Varões israelitas e os que temeis a Deus, ouvi:
17 ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ငါတို့ဘိုးဘေးများအီဂျစ်ပြည်တွင် သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင်ကြစဉ်၊ သူတို့အားရွေးကောက်၍ လူမျိုးကြီးဖြစ်စေ တော်မူ၏။ မဟာတန်ခိုးတော်ဖြင့်ထိုပြည် မှထုတ်ဆောင်သွားတော်မူကာ၊-
17 O Deus deste povo de Israel escolheu a nossos pais e exaltou o povo, sendo eles estrangeiros na terra do Egito; e com braço poderoso o tirou dela;
18 တောကန္တာရတွင်အနှစ်လေးဆယ်ပတ်လုံး သူတို့အားသည်းခံတော်မူ၏။-
18 e suportou os seus costumes no deserto por espaço de quase quarenta anos.
19 ထိုနောက်ခါနာန်ပြည်နေလူခုနစ်မျိုးတို့ ကိုဖယ်ရှားပြီးလျှင်ထိုပြည်ကို၊-
19 E, destruindo a sete nações na terra de Canaã, deu-lhes por sorte a terra deles.
20 မိမိလူစုတော်အားပိုင်ဆိုင်ခွင့်ကိုပေး တော်မူ၏။ ဤအဖြစ်အပျက်အထိနှစ် ပေါင်းလေးရာ့ငါးဆယ်ကြာခဲ့၏။
20 E, depois disto, por quase quatrocentos e cinquenta anos, lhes deu juízes, até ao profeta Samuel.
21 သူတို့သည်ရှင်ဘုရင်တစ်ပါးခန့်ပေးရန် ရှမွေလအားတောင်းဆိုကြသဖြင့် ဘုရား သခင်သည်ကိရှ၏သားဗင်္ယာမိန်အနွယ်ဝင် ရှောလုကိုခန့်ထားတော်မူ၏။ ရှောလုသည် အနှစ်လေးဆယ်ပတ်လုံးနန်းစံတော်မူ သတည်း။-
21 E, depois, pediram um rei, e Deus lhes deu, por quarenta anos, a Saul, filho de Quis, varão da tribo de Benjamim.
22 ထိုနောက်ဘုရားသခင်သည်ရှောလုကိုဖယ် ရှားပြီးလျှင် ဒါဝိဒ်အားဣသရေလဘုရင် အဖြစ်ချီးမြှောက်တော်မူ၏။ ဘုရားသခင်က `ယေရှဲ၏သားဒါဝိဒ်သည်ငါ၏စိတ်တော်နှင့် တွေ့သူ၊ ငါဆောင်ရွက်စေလိုသမျှတို့ကိုဆောင် ရွက်မည့်သူဖြစ်ကြောင်းငါတွေ့ရှိရပြီ' ဟု ဒါဝိဒ်နှင့်ပတ်သက်၍မိန့်တော်မူ၏။-
22 E, quando este foi retirado, lhes levantou como rei a Davi, ao qual também deu testemunho e disse: Achei a Davi, filho de Jessé, varão conforme o meu coração, que executará toda a minha vontade.
23 ဘုရားသခင်သည်မိမိ၏ကတိတော်အတိုင်း ဣသရေလအမျိုးသားတို့အဖို့ကယ်တင်ရှင် ကို ထိုသူ၏သားမြေးများအထဲမှပေါ်ထွန်း စေတော်မူ၏။ ထိုအရှင်ကားသခင်ယေရှုပင် ဖြစ်သတည်း။-
23 Da descendência deste, conforme a promessa, levantou Deus a Jesus para Salvador de Israel,
24 ထိုအရှင်အမှုတော်ကိုစတင်၍ဆောင်ရွက် တော်မမူမီယောဟန်သည် ဣသရေလအမျိုး သားအပေါင်းတို့အား `နောင်တရ၍ဗတ္တိဇံ မင်္ဂလာကိုခံကြလော့' ဟုဟောပြော၏။-
24 tendo primeiramente João, antes da vinda dele, pregado a todo o povo de Israel o batismo do arrependimento.
25 မိမိဆောင်ရွက်ရမည့်အမှုပြီးဆုံးချိန်နီး သောအခါ ယောဟန်က `ငါသည်သင်တို့စောင့် မျှော်နေသည့်အရှင်မဟုတ်။ ထိုအရှင်သည် ငါ့နောက်တွင်ပေါ်ထွန်းလိမ့်မည်။ ငါသည်ထို အရှင်၏ဖိနပ်ကိုမျှမချွတ်ထိုက်' ဟုဆို၏။
25 Mas João, quando completava a carreira, disse: Quem pensais vós que eu sou? Eu não sou o Cristo ; mas eis que após mim vem aquele a quem não sou digno de desatar as sandálias dos pés.
26 ``အာဗြဟံ၏သားမြေးဖြစ်သူငါ့ညီအစ်ကို တို့နှင့် ဘုရားသခင်ကိုကိုးကွယ်သူအခြား အမျိုးသားတို့၊ ဤကယ်တင်ခြင်းဆိုင်ရာ တရားကိုငါတို့ထံသို့ရောက်ရှိလာစေ၏။-
26 Varões irmãos, filhos da geração de Abraão, e os que dentre vós temem a Deus, a vós vos é enviada a palavra desta salvação.
27 ယေရုရှလင်မြို့သားများနှင့်သူတို့၏ခေါင်း ဆောင်များကား ထိုအရှင်သည်ကယ်တင်ရှင် ဖြစ်သည်ကိုမသိမမြင်ကြ။ ဥပုသ်နေ့တိုင်း မိမိတို့ဖတ်ကြသည့်ပရောဖက်ကျမ်းစကား ကိုလည်းနားမလည်ကြ။ သို့သော်ထိုသူတို့ သည်ပရောဖက်များ၏ဟောကြားချက်အတိုင်း ဖြစ်ပျက်စေရန် ထိုအရှင်ကိုသေဒဏ်စီရင် ကြ၏။-
27 Por não terem conhecido a este, os que habitavam em Jerusalém e os seus príncipes, condenaram-no, cumprindo assim as vozes dos profetas que se leem todos os sábados.
28 ဤသို့သေဒဏ်စီရင်ထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမတွေ့သော်လည်း သေဒဏ်ပေး ရန်ပိလတ်မင်းအားတောင်းဆိုကြ၏။-
28 E, embora não achassem alguma causa de morte, pediram a Pilatos que ele fosse morto.
29 သူတို့သည်ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသမျှသောအရာတို့ ကိုပြုကြပြီးနောက် ထိုအရှင်၏တပည့်တို့ သည်အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှ ချ၍သင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကြ၏။-
29 E, havendo eles cumprido todas as coisas que dele estavam escritas, tirando- o do madeiro, o puseram na sepultura.
30 သို့ရာတွင်ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၏။-
30 Mas Deus o ressuscitou dos mortos.
31 ထိုနောက်ထိုအရှင်သည်ယခင်ကမိမိနှင့်အတူ ဂါလိလဲပြည်မှယေရုရှလင်မြို့သို့လိုက်ပါ ကြသူတို့အား ရက်ပေါင်းများစွာကိုယ်ထင်ပြ တော်မူ၏။ သူတို့သည်ယခုအခါဣသရေလ အမျိုးသားတို့အား ကိုယ်တော်၏အကြောင်းကို သက်သေခံလျက်ရှိကြ၏။-
31 E ele, por muitos dias, foi visto pelos que subiram com ele da Galileia a Jerusalém, e são suas testemunhas para com o povo.
32 — ausente —
32 E nós vos anunciamos que a promessa que foi feita aos pais, Deus a cumpriu a nós, seus filhos, ressuscitando a Jesus,
33 — ausente —
33 como também está escrito no Salmo segundo: Meu filho és tu; hoje te gerei.
34 — ausente —
34 E que o ressuscitaria dos mortos, para nunca mais tornar à corrupção, disse- o assim: As santas e fiéis bênçãos de Davi vos darei.
35 — ausente —
35 Pelo que também em outro Salmo diz: Não permitirás que o teu Santo veja corrupção.
36 ဒါဝိဒ်သည်မိမိအသက်ရှင်စဉ်ကာလ၌ ဘုရား သခင်အကြံအစည်တော်ရှိသည်အတိုင်း လိုက်လျှောက်ဆောင်ရွက်ပြီးနောက်သေလွန်၍ ဘိုးဘေးများ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းကို ခံရ၏။ သူ၏ကိုယ်ခန္ဓာသည်သင်္ချိုင်းတွင်ပုပ် ပျက်သွားရ၏။-
36 Porque, na verdade, tendo Davi, no seu tempo, servido conforme a vontade de Deus, dormiu, e foi posto junto de seus pais, e viu a corrupção.
37 သို့ရာတွင်သေခြင်းမှဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောအရှင်၏ကိုယ်ခန္ဓာ ကားထိုသို့ပုပ်ပျက်ခြင်းမရှိ။-
37 Mas aquele a quem Deus ressuscitou nenhuma corrupção viu.
38 — ausente —
38 Seja-vos, pois, notório, varões irmãos, que por este se vos anuncia a remissão dos pecados.
39 — ausente —
39 E de tudo o que, pela lei de Moisés, não pudestes ser justificados, por ele é justificado todo aquele que crê.
40 — ausente —
40 Vede, pois, que não venha sobre vós o que está dito nos profetas:
41 — ausente —
41 Vede, ó desprezadores, e espantai-vos e desaparecei; porque opero uma obra em vossos dias, obra tal que não crereis se alguém vo-la contar.
42 တရားဇရပ်မှပေါလုနှင့်ဗာနဗတို့ထွက်ခွာ လာကြစဉ် လူတို့ကမိမိတို့အားနောက်လာ မည့်ဥပုသ်နေ့၌ ဤအကြောင်းအရာများကို တစ်ဖန်ဟောပြောရန်တောင်းပန်ကြ၏။-
42 E, saídos os judeus da sinagoga, os gentios rogaram que no sábado seguinte lhes fossem ditas as mesmas coisas.
43 တရားဇရပ်မှလူစုကွဲသောအခါယုဒ အမျိုးသားအမြောက်အမြားနှင့် ယုဒဘာသာ သို့ကူးပြောင်းလာသူအမြောက်အမြားတို့သည် ပေါလုနှင့်ဗာနဗတို့၏နောက်သို့လိုက်ကြ၏။ တမန်တော်တို့ကထိုသူတို့အား ဘုရားသခင် ၏ကျေးဇူးတော်၌ဆက်လက်သက်ရှင်ကြရန် အားပေးတိုက်တွန်းကြ၏။
43 E, despedida a sinagoga, muitos dos judeus e dos prosélitos religiosos seguiram Paulo e Barnabé, os quais, falando-lhes, os exortavam a que permanecessem na graça de Deus.
44 နောက်ဥပုသ်နေ့၌သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုကြားနာရန် မြို့လုံးကျွတ်နီး ပါးလူတို့လာရောက်ကြ၏။-
44 E, no sábado seguinte, ajuntou-se quase toda a cidade a ouvir a palavra de Deus.
45 သို့သော်ယုဒအမျိုးသားတို့သည်လူပရိသတ် ကိုမြင်သောအခါ မနာလိုစိတ်ရှိသဖြင့် ပေါလု ဟောပြောသောစကားများကိုငြင်းခုံကာပုတ် ခတ်ပြောဆိုကြ၏။-
45 Então, os judeus, vendo a multidão, encheram-se de inveja e, blasfemando, contradiziam o que Paulo dizia.
46 ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
46 Mas Paulo e Barnabé, usando de ousadia, disseram: Era mister que a vós se vos pregasse primeiro a palavra de Deus; mas, visto que a rejeitais, e vos não julgais dignos da vida eterna, eis que nos voltamos para os gentios.
47 ငါတို့အားထာဝရဘုရားက၊
47 Porque o Senhor assim no-lo mandou: Eu te pus para luz dos gentios, para que sejas de salvação até aos confins da terra.
48 လူမျိုးခြားတို့သည်ထိုစကားကိုကြားသော အခါ ရွှင်လန်းဝမ်းမြောက်ကာသခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းပြောဆို ကြ၏။ ထာဝရအသက်ရရှိရန်ရွေးကောက် ခြင်းခံရသူတို့သည်ယုံကြည်သူများဖြစ် လာကြ၏။-
48 E os gentios, ouvindo isto, alegraram-se e glorificavam a palavra do Senhor, e creram todos quantos estavam ordenados para a vida eterna.
49 သို့ဖြစ်၍သခင်ဘုရား၏တရားတော်သည် ထိုဒေသတစ်ခုလုံးတွင်နှံ့ပြားလေ၏။-
49 E a palavra do Senhor se divulgava por toda aquela província.
50 သို့သော်လည်းယုဒအမျိုးသားတို့သည် ဘုရား သခင်ကိုကိုးကွယ်သူအထက်တန်းလွှာအမျိုး သမီးများနှင့် မြို့မျက်နှာဖုံးအမျိုးသားများ ကိုလှုံ့ဆော်ကာပေါလုနှင့်ဗာနဗတို့အား ညှဉ်းပန်းနှိပ်စက်စေကြ၏။ သူတို့သည်ထိုသူ နှစ်ဦးအားမိမိတို့နယ်မှနှင်ထုတ်လိုက်ကြ၏။-
50 Mas os judeus incitaram algumas mulheres religiosas e honestas, e os principais da cidade, e levantaram perseguição contra Paulo e Barnabé, e os lançaram fora dos seus limites.
51 ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့၏စိတ် သဘောကိုမနှစ်သက်သည့်အနေဖြင့် မိမိ တို့ခြေမှမြေမှုန့်ကိုခါချခဲ့ပြီးလျှင် ဣကောနိမြို့သို့ထွက်သွားကြ၏။-
51 Sacudindo, porém, contra eles o pó dos pés, partiram para Icônio.
52 အန္တိအုတ်မြို့ရှိတပည့်တော်တို့သည်ရွှန်လန်း ဝမ်းမြောက်၍ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက်ရှိကြ၏။
52 E os discípulos estavam cheios de alegria e do Espírito Santo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.