2 Reis 23

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ယော​ရှိ​မင်း​သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​ရှိ​ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​ပြီး​လျှင်၊-
1 O rei convocou à sua presença todos os anciãos de Judá e de Jerusalém,
2 ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ဆင်း​ရဲ ချမ်း​သာ​မ​ရွေး​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​သို့​ကြွ တော်​မူ​၏။ မင်း​ကြီး​သည်​ထို​သူ​အ​ပေါင်း​တို့ အား ဗိ​မာန်​တော်​ထဲ​တွင်​တွေ့​ရှိ​ရ​သော​ပ​ဋိ ညာဉ်​ကျမ်း​စောင်​ကို အ​စ​အ​ဆုံး​အ​သံ​ကျယ် စွာ​ဖတ်​ပြ​တော်​မူ​၏။-
2 e subiu ao templo do Senhor com todos os homens de Judá e todos os habitantes de Jerusalém, os sacerdotes, profetas e todo o povo, pequenos e grandes. Leu então, diante deles, o texto completo do livro da Aliança que fora descoberto no templo do Senhor.
3 သူ​သည်​ဘု​ရင့်​ကျောက်​တိုင်​အ​နီး​တွင်​ရပ် လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​တ​ရား​တော် နှင့်​ပ​ညတ်​တော်​တို့​ကို ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ သ​မျှ​နှင့်​စောင့်​ထိန်း​ပါ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။
3 O rei, de pé na tribuna, renovou a aliança em presença do Senhor, comprometendo-se a seguir o Senhor, a observar os seus mandamentos, suas instruções e suas leis, de todo o seu coração e de toda a sua alma, e a cumprir todas as cláusulas da aliança contida no livro. Todo o povo concordou com essa aliança.
4 ထို​နောက်​ယော​ရှိ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ၊ သူ​၏​လက်​ထောက်​ယဇ်​ပု​ရော​ဟိတ် များ​နှင့် ဗိ​မာန်​တော်​အ​ဝင်​ဝ​တွင်​တာ​ဝန်​ကျ သည့်​အ​စောင့်​တပ်​သား​များ​အား​ဗာ​လ​ဘု​ရား၊ အာ​ရှ​ရ​ဘု​ရား​မ​နှင့်​ကြယ်​နက္ခတ်​တို့​ကို ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​သည့်​ပစ္စည်း​အ​သုံး အ​ဆောင်​တို့​ကို ဗိ​မာန်​တော်​ထဲ​မှ​ထုတ်​ဆောင် လာ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ မင်း​ကြီး​သည် ဤ​ပစ္စည်း​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို မြို့ ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​အ​နီး​တွင်​မီး​ရှို့​ပြီး လျှင် ပြာ​ကို​ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​သွား စေ​၏။-
4 O rei ordenou em seguida ao sumo sacerdote Helcias, aos sacerdotes da segunda ordem e aos porteiros, que jogassem fora do templo do Senhor todos os objetos fabricados para o culto de Baal, de asserá e de todo o exército dos céus; fê-los queimar fora de Jerusalém, nos campos do Cedron, e mandou levar as suas cinzas para Betel.
5 သူ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ နီး​နား​ဝန်း​ကျင်​တွင် ရုပ်​တု​များ​ကို​ယဇ်​ပူ ဇော်​ရန်​ယု​ဒ​ဘု​ရင်​များ​ခန့်​အပ်​ထား​သည့် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း​ကောင်း၊ ဗာ​လ ဘု​ရား၊ နေ၊ လ၊ ကြယ်၊ နက္ခတ်​တို့​ကို​ယဇ်​ပူ​ဇော် ကြ​သည့် ယဇ်​ပု​ရော​ဟိတ်​များ​ကို​လည်း ကောင်း​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။
5 Despediu os sacerdotes dos ídolos que os reis de Judá tinham estabelecido para oferecer o incenso nos lugares altos, nas cidades de Judá e nos arredores de Jerusalém, assim como os sacerdotes que ofereciam incenso a Baal, ao sol, à luz, aos sinais do zodíaco e a todo o exército dos céus.
6 သူ​သည်​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား သည့်​တံ​ခွန်​တိုင်​ကို​လည်း ဗိ​မာန်​တော်​ထဲ​မှ​ဖယ် ရှား​ကာ မြို့​ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​သို့​ထုတ်​ပြီး လျှင်​မီး​ရှို့​လေ​သည်။ ထို​နောက်​ပြာ​ကို​ညက်​အောင် ထောင်း​၍ အ​များ​ပြည်​သူ​တို့​၏​သင်္ချိုင်း​မြေ​ပေါ် တွင်​ကြဲ​ဖြန့်​လေ​သည်။-
6 Mandou tirar do templo do Senhor o ídolo asserá e levá-lo para fora de Jerusalém, para o vale do Cedron, onde o queimaram. Depois de tê-lo reduzido a cinzas, mandou-as lançar sobre os sepulcros do povo.
7 ဘာ​သာ​ရေး​ဆိုင်​ရာ​ပြည့်​တန်​ဆာ​ တို့​၏​နေ​အိမ်​များ​ကို​လည်း​ဖျက်​ဆီး​တော်​မူ​၏။ (အာ​ရှာ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ၌ အ​သုံး​ပြု​သည့်​ဝတ်​လုံ​များ​ကို​ထို​နေ​အိမ် များ​တွင်​အ​မျိုး​သ​မီး​တို့​ရက်​လုပ်​ကြ​သည်။-)
7 Destruiu os apartamentos das prostitutas que se encontravam no templo do Senhor, onde as mulheres teciam vestes para asserá.
8 မင်း​ကြီး​သည်​ယု​ဒ​မြို့​များ​မှ​ယဇ်​ပု​ရော ဟိတ်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် ပြီး​လျှင် တစ်​ပြည်​လုံး​ရှိ​ထို​သူ​တို့​ယဇ်​ပူ ဇော်​ခဲ့​သော​ပလ္လင်​များ​ကို​ညစ်​ညမ်း​စေ​တော် မူ​၏။ မြို့​ထဲ​သို့​ဝင်​သော​အ​ခါ​မြို့​တံ​ခါး​မ ကြီး​၏​လက်​ဝဲ​ဘက်​တွင်​မြို့​ဝန်​ယော​ရှု​တည် ဆောက်​ထား​သည့်​တံ​ခါး​အ​နီး ဆိတ်​နတ်​မိစ္ဆာ တို့​အား​ဆက်​ကပ်​ထား​သော​ယဇ်​ပလ္လင်​များ ကို​လည်း​ဖြို​ဖျက်​တော်​မူ​၏။-
8 Convocou todos os sacerdotes das cidades de Judá, profanou os lugares altos onde os sacerdotes tinham oferecido incenso, desde Gabaa até Bersabéia, e destruiu o lugar alto das portas, à entrada da casa de Josué, prefeito da cidade, que ficava à esquerda de quem entra na cidade por essa porta.
9 အ​ဆို​ပါ​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန် တော်​တွင် အ​မှု​တော်​ဆောင်​ခွင့်​မ​ရ​ကြ​သော် လည်း မိ​မိ​တို့​အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​ရ ရှိ​ကြ​သည့်​တ​ဆေး​မဲ့​မုန့်​ကို​မူ​စား​ခွင့်​ရ ကြ​၏။
9 Entretanto, os sacerdotes dos lugares altos não subiam ao altar do Senhor em Jerusalém, mas comiam somente dos pães ázimos no meio de seus irmãos.
10 နောက်​တစ်​ဖန်​မည်​သူ​မျှ​မော​လုတ်​ဘု​ရား အား သား​သ​မီး​ကို​မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​စေ​ရန် ယော​ရှိ​မင်း​သည်​ဟိန္နုံ​ချိုင့်​ဝှမ်း​ရှိ​ရုပ်​တု​ကိုး ကွယ်​ရာ​တော​ဖက်​ဟု​ခေါ်​သော​အ​ရပ်​ကို လည်း​ညစ်​ညမ်း​စေ​တော်​မူ​၏။-
10 Profanou também Tofet, no vale do filho de Enom, a fim de que ninguém fizesse passar pelo fogo seu filho ou sua filha em honra de Moloc.
11 သူ​သည်​နေ​ကို​ဆက်​ကပ်​ပူ​ဇော်​ရန်​ယု​ဒ​ဘု​ရင် တို့​ပေး​လှူ​ထား​သည့်​မြင်း​တို့​ကို​ဖယ်​ရှား​၍ ဝတ် ပြု​ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​သည့်​ရ​ထား​များ ကို​လည်း​မီး​ရှို့​တော်​မူ​၏။ (ဤ​အ​ရာ​များ​ကို အ​ထက်​တန်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​သူ​နာ​သမ္မေ လက်​၏​အိမ်​အ​နီး​ဗိ​မာန်​တော်​ဝင်း​အ​ဝင်​ဝ တွင်​ထား​ရှိ​သည်။-)
11 Fez desaparecer também os cavalos que os reis de Judá tinham dedicado ao sol, à entrada do templo do Senhor, junto do pavilhão do eunuco Natã-Melec, no recinto, e queimou os carros do sol.
12 အာ​ခတ်​မင်း​စံ​ခဲ့​သည့်​အ​ဆောင်​တော်​အ​ထက် ရှိ​နန်း​တော်​အ​မိုး​ပေါ်​တွင်​ယု​ဒ​ဘု​ရင်​တို့ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​ကို​လည်း ကောင်း၊ ဗိ​မာန်​တော်​ဝင်း​နှစ်​ခု​အ​တွင်း​မ​နာ​ရှေ မင်း​ဆောက်​လုပ်​ခဲ့​သော ယဇ်​ပလ္လင်​များ​ကို​လည်း ကောင်း​ယော​ရှိ​မင်း​သည်​ဖြို​ဖျက်​၍​ကြေ​မွ အောင်​ဖျက်​ဆီး​ပြီး​လျှင် ကေဒြုန်​ချိုင့်​ဝှမ်း ထဲ​သို့​ပစ်​ချ​လိုက်​လေ​သည်။-
12 O rei destruiu os altares que tinham sido construídos pelos reis de Judá no terraço da câmara superior de Acaz, e os que Manassés tinha levantado nos dois átrios do templo do Senhor; quebrou-os, levou-os dali e lançou as cinzas deles na torrente do Cedron.
13 ယော​ရှိ​သည်​ယေ​ရု​ရှ​လင်​မြို့​၏​အ​ရှေ့၊ သံ လွင်​တောင်​၏​တောင်​ဘက်​၌​ဇိ​ဒုန်​ဘု​ရား​အာ​ရှ တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့်​အမ္မုန်​ဘု​ရား မော​လုတ်​တို့​ကို​ကိုး​ကွယ်​ရန် ရှော​လ​မုန်​မင်း​ကြီး တည်​ဆောက်​ခဲ့​သော​ယဇ်​ပလ္လင်​များ​ကို​လည်း ညစ်​ညမ်း​စေ​တော်​မူ​၏။-
13 O rei profanou igualmente os lugares altos situados defronte de Jerusalém, à direita do monte da Perdição. Salomão, rei de Israel, tinha-os levantado em honra de Astarte, ídolo abominável dos sidônios, de Camos, ídolo abominável dos moabitas, e de Melcom, ídolo abominável dos amonitas.
14 ယော​ရှိ​မင်း​သည်​ကျောက်​တိုင်​များ​ကို​ဖြို​ဖျက် ၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ခုတ်​လှဲ​ကာ ယင်း​တို့​တည်​ရာ​ဌာ​န​များ​တို့​ကို လူ​သေ​အ​ရိုး​တို့​နှင့်​ပြည့်​စေ​လေ​၏။-
14 Quebrou as estátuas, cortou os ídolos asserás e encheu o lugar com ossos humanos.
15 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ် ကူး​လွန်​ရန် ရှေ့​ဆောင်​လမ်း​ပြ​သူ၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​မင်း​တည်​ဆောက်​ခဲ့​သည့်​ဗေ​သ​လ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​ကို​လည်း​ဖြို​ဖျက်​လေ သည်။ ယော​ရှိ​သည်​ယဇ်​ပလ္လင်​ကို​ဖြို​ချ​ပြီး​လျှင် အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား​သော တံ​ခွန်​တိုင်​ကို​မီး​ရှို့​၏။-
15 Destruiu também o altar de Betel e o lugar alto que tinha edificado Jeroboão, filho de Nabat, que arrastara Israel ao pecado. Ele os destruiu, queimou e reduziu a cinzas o lugar alto, incendiando igualmente a asserá.
16 ထို​နောက်​သူ​သည်​လှည့်​လည်​၍​ကြည့်​သော​အ​ခါ တောင်​ပေါ်​တွင်​သင်္ချိုင်း​အ​ချို့​ကို​တွေ့​မြင်​သ​ဖြင့် ထို​သင်္ချိုင်း​များ​မှ​လူ​ရိုး​တို့​ကို​ထုတ်​ယူ​ကာ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​စေ​၏။ ဤ​နည်း​အား​ဖြင့် မင်း​ကြီး​သည် ထို​ယဇ်​ပလ္လင်​ကို​ညစ်​ညမ်း​စေ​တော် မူ​သ​တည်း။ ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​လွန် လေ​ပြီး​သော​အ​ခါ​က ယေ​ရော​ဗောင်​မင်း​သည် မိ​မိ​ကျင်း​ပ​သည့်​ဘာ​သာ​ရေး​ပွဲ​တော်​အ​ခါ ၌​ယဇ်​ပလ္လင်​အ​နီး​တွင်​ရပ်​လျက်​နေ​စဉ် ပ​ရော ဖက်​တစ်​ပါး​ဟော​ကြား​ခဲ့​သည့်​ဗျာ​ဒိတ်​တော် အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။ ယော​ရှိ​မင်း​သည် လှည့်​လည်​၍ ကြည့်​ပြန်​ရာ​ယင်း​သို့​ဟော​ကြား ခဲ့​သည့်​ပ​ရော​ဖက်​၏​သင်္ချိုင်း​ကို​တွေ့​မြင် လျှင်၊-
16 Josias, olhando em torno de si, viu os túmulos que havia sobre a colina; mandou buscar os ossos dos sepulcros e queimou-os no altar. Este altar foi assim profanado, segundo o oráculo que o Senhor tinha proferido pelo homem de Deus que havia predito essas coisas.
17 ဤ​သင်္ချိုင်း​ကား​မည်​သူ​၏​သ​င်္ချိုင်း​ဖြစ် သ​နည်း'' ဟု​မေး​တော်​မူ​၏။
17 E o rei perguntou: Que monumento é esse que eu vejo? Os habitantes da cidade responderam-lhe: É o túmulo do homem de Deus que veio de Judá, e que predisse tudo o que fizeste ao altar de Betel.
18 ယော​ရှိ​က``ထို​သင်္ချိုင်း​ကို​ရှိ​မြဲ​ရှိ​စေ​လော့။ သူ​၏​အ​ရိုး​တို့​ကို​မ​ရွှေ့​မ​ပြောင်း​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
18 Deixai-o, disse o rei; paz aos seus ossos. E os seus ossos ficaram intactos, assim como os ossos do profeta que tinha vindo de Samaria.
19 ယော​ရှိ​မင်း​သည်​ဣ​သ​ရေ​လ​ပြည်​အ​မြို့​မြို့ အ​ရွာ​ရွာ​ရှိ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖြို​ဖျက်​တော်​မူ​၏။ ထို​ဌာ​န​များ​ကို​တည်​ဆောက် ခြင်း​အား​ဖြင့် ဣသ​ရေ​လ​ဘု​ရင်​တို့​သည်​ထာ​ဝရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ သ​တည်း။ ယော​ရှိ​သည်​ဗေ​သ​လ​မြို့​တွင်​ပြု တော်​မူ​သ​ကဲ့​သို့ ထို​ယဇ်​ပလ္လင်​အ​ပေါင်း​တို့ ကို​လည်း​ပြု​တော်​မူ​၏။-
19 Josias destruiu assim todos os santuários dos lugares altos que se encontravam nas cidades de Samaria, e que os reis de Israel tinham edificado, para grande cólera do Senhor. Fez deles o que tinha feito do altar de Betel.
20 သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် အ​မှု​ထမ်း​သော​ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့ ကို မိ​မိ​တို့​ယဇ်​ပူ​ဇော်​သည့်​ပလ္လင်​များ​ပေါ်​တွင် တင်​၍​သတ်​ပြီး​လျှင် လူ​သေ​အရိုး​တို့​ကို​ထို ပလ္လင်​များ​အ​ပေါ်​တွင်​မီး​ရှို့​လေ​သည်။ ထို​နောက် မင်း​ကြီး​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား တော်​မူ​၏။
20 Matou todos os sacerdotes dos lugares altos que ali havia, e queimou sobre esses altares ossos humanos. Depois voltou para Jerusalém.
21 ယော​ရှိ​မင်း​သည်​ပ​ဋိ​ညာဉ်​ကျမ်း​စောင်​တော်​တွင် ပါ​ရှိ​သည့်​အ​တိုင်း လူ​တို့​အား​မိ​မိ​တို့​ဘု​ရား သခင်​ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း သည့်​ပ​သ​ခါ​ပွဲ​ကျင်း​ပ​ကြ​ရန်​အ​မိန့်​ပေး တော်​မူ​၏။-
21 O rei deu esta ordem a todo o povo: Celebrareis a Páscoa em honra do Senhor, vosso Deus, segundo as prescrições do livro da Aliança.
22 ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ခဲ့​သော​တ​ရား​သူ ကြီး​များ​၏​လက်​ထက်​မှ​စ​၍ အ​ဘယ်​ဣ​သ​ရေ​လ ဘု​ရင်​သို့​မ​ဟုတ်​ယုဒ​ဘု​ရင်​မျှ ဤ​ပ​သ​ခါ​ပွဲ မျိုး​ကို​ကျင်း​ပ​ခဲ့​ဖူး​သည်​မ​ရှိ။-
22 Jamais se celebrou Páscoa semelhante, desde a época dos juízes que tinham regido Israel, e durante todo o tempo dos reis de Israel e de Judá.
23 ယ​ခု​ယော​ရှိ​၏​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ်​မြောက် ၌ ယေ​ရု​ရှ​လင်​မြို့​တွင်​ပ​သ​ခါ​ပွဲ​ကို​ကျင်း​ပ ခြင်း​ဖြစ်​သ​တည်း။
23 Esta Páscoa foi celebrada em honra do Senhor em Jerusalém, no décimo oitavo ano do reinado de Josias.
24 ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​တွင် ယဇ်​ပု​ရော​ဟိတ် မင်း​တွေ့​ရှိ​ခဲ့​သည့်​ကျမ်း​စာ​တော်​၌​ဖော်​ပြ​ထား သော​ပ​ညတ်​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​တစ်​ပြည်​လုံး​၌​တွေ့ ရှိ​သ​မျှ​နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ၊ အိမ်​စောင့်​နတ်​အ​ရုပ်​များ၊ ရုပ်​တု​များ​နှင့် အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဝတ္ထု​ပစ္စည်း​များ ကို​ဖယ်​ရှား​တော်​မူ​၏။-
24 Josias acabou também com os necromantes, os adivinhos, os terafins, os ídolos e as abominações que se viam na terra de Judá e em Jerusalém, pois queria obedecer às prescrições da lei tais quais figuravam no livro que o sacerdote Helcias descobriu no templo do Senhor.
25 ယ​ခင်​အ​ခါ​များ​က​ယော​ရှိ​ကဲ့​သို့​မော​ရှေ ၏​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​၍ စိတ်​စွမ်း၊ ဉာဏ်​စွမ်း၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ ဘု​ရား​အား ကိုး​ကွယ်​သည့်​ဘု​ရင်​တစ်​ပါး​မျှ မ​ပေါ်​စ​ဖူး။ သူ​၏​နောက်​၌​လည်း​မ​ပေါ်​ခဲ့ ချေ။-
25 Não houve jamais, antes de Josias, um rei que se convertesse como ele ao Senhor, de todo o seu coração, de toda a sua alma e de todas as suas forças, seguindo em tudo a lei de Moisés; nem depois dele houve outro semelhante.
26 သို့​သော်​မ​နာ​ရှေ​မင်း​ပြု​ခဲ့​သည့်​အ​ပြစ်​များ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​ရာ​ယ​ခု​တိုင် အောင်​ပင်​အ​မျက်​တော်​မ​ပြေ​ချေ။-
26 Contudo, por causa dos crimes com que Manassés o tinha irritado, o Senhor não abrandou a violência de seu furor contra Judá,
27 ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣသ​ရေ​လ​ပြည်​ကို ပြု​သ​ကဲ့​သို့ ယု​ဒ​ပြည်​ကို​လည်း​ပြု​မည်။ ယု​ဒ ပြည်​သူ​တို့​ကို ငါ​၏​မျက်​မှောက်​တော်​မှ​နှင်​ထုတ် မည်။ ငါ​ရွေး​ချယ်​ထား​သည့်​ယေရု​ရှ​လင်​မြို့​နှင့် ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာ​န​အ​ဖြစ် ငါ​သတ်​မှတ်​ပေး​သော​ဗိ​မာန်​တော်​ကို​ပင်​ငါ စွန့်​ခွာ​မည်'' ဟု​မိန့်​တော်​မူ​၏။
27 porque tinha dito: Expulsarei também Judá para longe de mim, como rejeitei Israel; rejeitarei esta cidade de Jerusalém que escolhi, e o templo do qual eu disse: Aqui residirá o meu nome.
28 ယော​ရှိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-
28 O resto da história de Josias, seus atos e grandes feitos, tudo se acha consignado no livro das Crônicas dos reis de Judá.
29 ယော​ရှိ​နန်း​စံ​ချိန်​၌​အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည် အာ​ရှု​ရိ​ဘု​ရင်​ကို​စစ်​ကူ​ပေး​ရန်​တပ်​မ​တော် နှင့်​ဥ​ဖ​ရတ်​မြစ်​သို့​ချီ​တက်​လာ​၏။ ယော​ရှိ​မင်း သည်​အီ​ဂျစ်​တပ်​မ​တော်​ကို​မေ​ဂိဒ္ဒေါ​မြို့​တွင် ဆီး တား​ရန်​ကြိုး​စား​ရာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​တော် မူ​၏။-
29 Durante o seu reinado, o faraó Necao, rei do Egito, subiu contra o rei da Assíria, na direção do Eufrates. O rei Josias saiu-lhe ao encontro, mas foi morto pelo faraó em Magedo, logo no primeiro combate.
30 သူ​၏​အရာ​ရှိ​များ​သည်​မင်း​ကြီး​၏​အ​လောင်း​ကို စစ်​ရ​ထား​ပေါ်​တွင်​တင်​၍ ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​ပြီး​လျှင်​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ယုဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏ သား​တော်​ယော​ခတ်​ကို​ရွေး​ချယ်​ကာ​ဘိ​သိက် ပေး​၍​မင်း​မြှောက်​ကြ​လေ​သည်။
30 Seus servos transportaram seu cadáver num carro, de Magedo a Jerusalém, e sepultaram-no em seu sepulcro. O povo elegeu então Joacaz, filho de Josias, que foi ungido e aclamado rei em lugar de seu pai.
31 ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏ သ​မီး​ဟာ​မု​တာ​လ​ဖြစ်​၏။-
31 Joacaz tinha vinte e três anos quando começou a reinar, e reinou durante três meses em Jerusalém. Sua mãe chamava-se Amital, filha de Jeremias, natural de Lobna.
32 ထို​မင်း​သည်​မိ​မိ​ဘိုး​ဘေး​တော်​တို့​၏​လမ်း​စဉ် ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၏။-
32 Fez o mal diante do Senhor, assim como o tinham feito seus pais.
33 အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​အား​ဟာ​မတ် ပြည်​ရိ​ဗ​လ​မြို့​၌​အ​ကျဉ်း​ချ​ထား​ပြီး​လျှင် ယု​ဒ​ပြည်​မှ​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ်​ထောင့် ငါး​ရာ​နှင့်​ရွှေ​အ​လေး​ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင် ကို အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​တောင်း​လေ​၏။ ထို​အ​ခါ မှ​စ​၍​ယော​ခတ်​၏​နန်း​သက်​မှာ​ကုန်​ဆုံး​သွား တော့​၏။-
33 O faraó Necao acorrentou-o em Rebla, na terra de Emat, de modo que ele não reinou mais em Jerusalém, e impôs à terra uma contribuição de cem talentos de prata e um talento de ouro.
34 နေ​ခေါ​မင်း​သည်​ယော​ရှ​၏​သား​တော်​ဧ​လျာ​ကိမ် အား ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး​၍ ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​၌​နန်း​တင်​လေ သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​၏။ ယော​ခတ်​သည်​ထို​ပြည်​၌​ပင်​ကွယ်​လွန် လေ​သည်။
34 O faraó Necao estabeleceu Eliacim, filho de Josias, no trono, em lugar de seu pai Josias, e mudou-lhe o nome para Joaquim. Quanto a Joacaz, foi levado para o Egito, onde morreu.
35 ယော​ယ​ကိမ်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​တောင်း​ခံ သည့်​အ​ခွန်​ဘဏ္ဍာ​ကို​ဆက်​သ​နိုင်​ရန် ပြည်​သူ တို့​ထံ​မှ​ဋ္ဌ​န​အင်​အား​အ​လိုက်​အ​ချိုး​ကျ အ​ခွန်​တော်​ကို​ကောက်​ခံ​လေ​သည်။
35 Joaquim deu ao faraó a prata e o ouro exigidos, mas, para fornecer o peso estipulado, exigiu-o do povo, fixando a quantia que cada um devia pagar, e levantou essa contribuição de ouro e de prata para dar ao faraó Necao.
36 ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင် တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ​ရုမ​မြို့​သား ပေ​ဒဲ​ယ​၏​သမီး​ဇေ​ဗု​ဒ​ဖြစ်​၏။-
36 Joaquim tinha vinte e cinco anos quando começou a reinar. Seu reino durou onze anos em Jerusalém. Sua mãe chamava-se Zebida, filha de Fadaías, natural de Ruma.
37 ယော​ယ​ကိမ်​သည်​ဘေး​တော်​ဘိုး​တော်​တို့​၏ လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​အား​ပြစ် မှား​၏။
37 Fez o mal aos olhos do Senhor, como o tinham feito seus pais.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.