Marcos 4

DNV vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 တဖန် ယေရှုဟ ဂါလိလဲအိန်ဖေးတွင် စတင် သွန်သင်လေအယ်။ သူ့ပတ်လည်နှိုက် စုရုံးနေသော လူအုပ်ကြီးဟ ရမ်းဆာ့များသဖြင့် ကိုယ်တော်ဟ အိန်ထဲဆိ လှေပေါ်ဟို တက်ယွေ့ ထိန်လေအယ်။ လှေဟ ယေနှိုက် ဆိနေစဉ်၊ လူအုပ်ဟ ကမ်းစပ်နားနှိုက် ရပ်နေကြအယ်။
1 Outra vez começou a ensinar à beira do mar. E reuniu-se a ele tão grande multidão que ele entrou num barco e sentou-se nele, sobre o mar; e todo o povo estava em terra junto do mar.
2 ကိုယ်တော်ဟ သူလို့ဟို ပုံဥပမာအားဖြင့် ရမ်းဆာ့သော အရာများဟို သွန်သင်ပင်း၊ သူလို့ဟို ပြောတာဟ၊
2 Então lhes ensinava muitas coisas por parábolas, e lhes dizia no seu ensino:
3 “နားထောင်ကြလော့၊ မျိုးစေ့ကြဲသူ တယောက်ဟ မျိုးကြဲဖို့ ထွက်သွားအယ်။
3 Ouvi: Eis que o semeador saiu a semear;
4 သူဟ မျိုးစေ့ဟို လယ်နှိုက် ကြဲတာဟ အချို့ မျိုးစေ့လို့ဟ လမ်းတဆှောက် ကျသဖြင့်၊ ငက်လို့ဟ လာယွေ့ စားကြအယ်။
4 e aconteceu que, quando semeava, uma parte da semente caiu à beira do caminho, e vieram as aves e a comeram.
5 အချို့ မျိုးစေ့လို့ဟ မြေကတစ်သာဆိသော ကျောက်ပေါ်သော အရပ်နှိုက် ကျအယ်။ အစေ့များဟ မြေသားတိမ်သဖြင့် မကြာမီ အစေ့များ ပေါက်လာအယ်။
5 Outra caiu no solo pedregoso, onde não havia muita terra: e logo nasceu, porque não tinha terra profunda;
6 နေထွက်သောအခါ ပူလောင်တာ ဖြစ်ယွေ့ အမြစ်မစွဲသောကျောန့် ညှိုးနွမ်းခြောက်သွေ့ သွားလေအယ်။
6 mas, saindo o sol, queimou-se; e, porque não tinha raiz, secou-se.
7 အချို့ မျိုးစေ့လို့ဟ ဆူးပင်များကြားတွင် ကျသဖြင့် ဆူးပင်များ ကြီးထွားလာပင်း အပင်ငယ်လို့ဟို လွှမ်းမိုးသဖြင့် အသီးမသီးနိန်။
7 E outra caiu entre espinhos; e cresceram os espinhos, e a sufocaram; e não deu fruto.
8 အချို့ မျိုးစေ့လို့မှာ ကောင်းသောမြေတွင် ကျသဖြင့်၊ အပင်ပေါက်ယွေ့ ကြီးထွားလာလျက် သီးနှံများအယ် အချို့ဟ အဆသုံးဆယ်၊ အချို့ဟ အဆခြောက်ဆယ်၊ အချို့ဟ အဆတရာ ပွားကြအယ်” ဟု ပြောလေအယ်။
8 Mas outras caíram em boa terra e, vingando e crescendo, davam fruto; e um grão produzia trinta, outro sessenta, e outro cem.
9 ပီးတော့ ယေရှုဟ “ကြားရန် နားဆိသောသူ စသူမဆို၊ ကြားပါစေ” ဟု ပြောလေအယ်။
9 E disse-lhes: Quem tem ouvidos para ouvir, ouça.
10 ယေရှု တယောက်တည်း ဆိသောအခါ၊ ကြားဖူးသူအချို့လို့ဟ တဘဲ့တော် တဆယ့်နေဦးလို့နဲ့ သူဆေသို့ လာယွေ့ ပုံဥပမာလို့ဟို ဆှင်းပြစေရန် အခွင့်တောင်းကြအယ်။
10 Quando se achou só, os que estavam ao redor dele, com os doze, interrogaram-no acerca da parábola.
11 ယေရှုဟ “နင်လို့အား ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ဆိုင်သော လျှို့ဝှက်နက်နဲလဲ့ အကျောန်းအရာလို့ဟို သိနိန်ခွင့်ပေးထားပေမဲ့ အပြင်လူလို့ဟ ပုံဥပမာများအားဖြင့်သာ ကြားခွင့်ရကြအယ် ဟု ပြန်ဖြေအယ်၊
11 E ele lhes disse: A vós é confiado o mistério do reino de Deus, mas aos de fora tudo se lhes diz por parábolas;
12 ပစာကို့၊
12 para que vendo, vejam, e não percebam; e ouvindo, ouçam, e não entendam; para que não se convertam e sejam perdoados.
13 အဲပင်းရင် ယေရှုဟ “နင်လို့ဟ ဟေပုံဥပမာဟို နားမလည်ဝူးလော၊ အဲလိုဖြစ်ရင် ပစာလိုမျိုး ပုံဥပမာဟို နင်လို့ နားလည်နိန်မှာမို့လုန်းဟု သူလို့ဟို ပြောအယ်၊
13 Disse-lhes ainda: Não percebeis esta parábola? como pois entendereis todas as parábolas?
14 မျိုးစေ့ကြဲသောသူဟ ဘုရားသခင်ရဲ့ တရားစကားဟို ကြဲအယ်။
14 O semeador semeia a palavra.
15 လူအချို့လို့ဟ လမ်းမြေတွင်ကျလဲ့ မျိုးစေ့နဲ့ တူအယ်။ သူလို့ဟ တရားစကားကြားတာနဲ့ တပြိုင်နက်၊ စာတန်ဟ လာယွေ့ သူလို့နှိုက် ကြဲထားသော တရားတော်ဟို နုတ်ယူသွားအယ်။
15 E os que estão junto do caminho são aqueles em quem a palavra é semeada; mas, tendo-a eles ouvido, vem logo Satanás e tira a palavra que neles foi semeada.
16 အဲနည်းတူစွာ အချို့သော သူလို့ဟ ကျောက်ခံမြေတွင်ကျလဲ့ မျိုးစေ့နဲ့ တူအယ်။ သူလို့ဟ တရားတော်ဟို ကြားကြားချင်း ဝမ်းမြောက်စွာ လက်ခံကြအယ်။
16 Do mesmo modo, aqueles que foram semeados nos lugares pedregosos são os que, ouvindo a palavra, imediatamente com alegria a recebem;
17 အားပင်မဲ့ တရားတော်ဟ စိတ်နေလုံးတွင် အမြစ်မစွဲဘဲ၊ ခဏဘဲ ခံအယ်။ အဲပင်းရင် ဟေတရားစကားကျောန့် ဆင်းရဲဒုက္ခ အဲဟာမဟုတ်ရင် နှိပ်စက်ညှဉ်းပမ်းမှုဟို ရောက်လာသောအခါ သူလို့ဟ ခပ်မြန်မြန်ပင် စိတ်ပျက်သွားကြအယ်။
17 mas não têm raiz em si mesmos, antes são de pouca duração; depois, sobrevindo tribulação ou perseguição por causa da palavra, logo se escandalizam.
18 အချို့သောသူလို့ဟ ဆူးတောမြေတွင် ကျသည့် မျိုးစေ့နဲ့ တူအယ်။ သူလို့ဟ တရားစကားဟို ကြားအယ်၊
18 Outros ainda são aqueles que foram semeados entre os espinhos; estes são os que ouvem a palavra;
19 အားပင်မဲ့ ဖဝါ့အတွက် စိုးရိမ်ကျောန့်ကြစရာများ၊ စည်းစိမ်ချမ်းသာ ခံစားလိုမှုများနဲ့ အခြား လိုအင်ဆန္ဒများ ပေါ်ပေါက်လာပင်းရင် အဲတရားစကားဟို လွှမ်းမိုးသဖြင့် တရားစကားဟ ပစာလိုမျှ အသီး မသီးနိန်။
19 mas os cuidados do mundo, a sedução das riquezas e a cobiça doutras coisas, entrando, sufocam a palavra, e ela fica infrutífera.
20 အခြားသော သူများဟ ကောင်းသောမြေတွင် ကြဲလဲ့ မျိုးစေ့နဲ့ တူအယ်။ သူလို့ဟ တရားစကားဟို ကြားယွေ့ ခံယူကြအယ်ဖြစ်ရာ အချို့ဟ အဆသုံးဆယ်၊ အချို့ဟ အဆခြောက်ဆယ်၊ အချို့ဟ အဆတရာ သီးနှံများ သီးကြကုန်အယ်” ဟု ပြောလေအယ်။
20 Aqueles outros que foram semeados em boa terra são os que ouvem a palavra e a recebem, e dão fruto, a trinta, a sessenta, e a cem, por um.
21 ယေရှုဟ “ဆီမီးဟို တောင်းဇလားအောက် အဲဟာမဟုတ်ရင် ခုတင်အောက်တွင် ထားရန် တစုံတယောက်ဟ ယူလာလေ့ ဆိသလော။ အဲအစား ဆီမီးခုံပေါ်မှာသာ တင်ထားရန် မဟုတ်လော။
21 Disse-lhes mais: Vem porventura a candeia para se meter debaixo do alqueire, ou debaixo da cama? não é antes para se colocar no velador?
22 အောင်းထားသော အရာမန်သမျှဟ ပွင့်လင်းစွာ ထုတ်ပြလိမ့်မယ်၊ ဖုံးအုပ်ထားသောအရာ မန်သမျှဟ ပွင့်လိမ့်မယ်။
22 Porque nada está encoberto senão para ser manifesto; e nada foi escondido senão para vir à luz.
23 ကြားရန် နားဆိသောသူ စသူမဆို၊ ကြားပါစေ။”
23 Se alguém tem ouvidos para ouvir, ouça.
24 အဲပင်းရင် ကိုယ်တော်ဟ “နင်ဘာကြားလဲဆိုတာဟို အာရုံစိုက်ပါ၊ နင်လို့ဟ တပါးသူအား စီရင်လဲ့အတိုင်း ဘုရားသခင်ဟလည်း နင်ဟို စီရင်လိမ့်မယ်၊ အဲထက်မက ပိုယွေ့ ပြင်းထန်စွာ ခံရမယ်။
24 Também lhes disse: Atendei ao que ouvis. Com a medida com que medis vos medirão a vós, e ainda se vos acrescentará.
25 ဆိသောသူအား ထပ်ယွေ့ပေးလိမ့်မယ်၊ မဆိသောသူဆေမှ သူနှိုက်ဆိသော အရာဟိုပင် သိမ်းယူလိမ့်မယ်” ဟု ပြောအယ်။
25 Pois ao que tem, ser-lhe-á dado; e ao que não tem, até aquilo que tem ser-lhe-á tirado.
26 အဲပင်းရင် ယေရှုဟ ဆက်ယွေ့ ပြောတာဟ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ လူတယောက် သူရဲ့ လယ်နှိုက် မျိုးစေ့ကြဲတာနဲ့ တူအယ်။
26 Disse também: O reino de Deus é assim como se um homem lançasse semente à terra,
27 သူဟ ညဖက်နှိုက် အိပ်ပင်း၊ နေ့ခင်းဖက်တွင် ထယွေ့ အစေ့များ အပင်ပေါက်လာတာနဲ့ တပြိုင်နက် ကြီးထွားလာအယ်။ အဲလိုလဲ စလိုဖြစ်သွားတာဟို သူမသိ။
27 e dormisse e se levantasse de noite e de dia, e a semente brotasse e crescesse, sem ele saber como.
28 မြေကြီးဟ သူ့တတ်တိုင်း အပင်ဟို ကြီးစေယွေ့ အသီးဟို သီးလာအယ်၊ ဦးရင်ဆုံး အညှောက်ဟို ထွက်စေအယ်၊ အဲပင်းရင် အနှံဟို ဖြစ်စေအယ်၊ နောက်ဆုံးမှာ အောင်သောအနှံဟို ဖြစ်စေအယ်။
28 A terra por si mesma produz fruto, primeiro a erva, depois a espiga, e por último o grão cheio na espiga.
29 စပါးနှံများ ရိတ်ချိန်ရောက်သောအခါ၊ အဲသူဟ သူရဲ့ တန်းစဉ်နဲ့ စတင်ပင်း ရိတ်အယ်၊ ပစာကို့ ရိတ်သိမ်းချိန် ရောက်လာသောကျောန့် ဖြစ်အယ်” ဟု ပြောလေအယ်။
29 Mas assim que o fruto amadurecer, logo lhe mete a foice, porque é chegada a ceifa.
30 ယေရှုဟ “ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ တူတာဟို စလိုပြောရမလုန်း၊ အဲဟာမဟုတ်ရင် ပစာပုံဥပမာဟို ငါလို့ အသုံးပြုပင်း ဆှင်းပြသင့်လဲ၊
30 Disse ainda: A que assemelharemos o reino de Deus? ou com que parábola o representaremos?
31 အဲဒီအရာဟ မုန်ညင်းစေ့နဲ့ တူအယ်၊ လူတယောက်ဟ မုန်ညင်းစေ့ဟာ မြေနှိုက် စိုက်သောအခါ မြေကြီးပေါ်ဆိ အစေ့တကာလို့ထက် သေးငယ်အယ်။
31 É como um grão de mostarda que, quando se semeia, é a menor de todas as sementes que há na terra;
32 စိုက်ပင်းနောက် ကြီးပွားလာတာနဲ့ တပြိုင်နက် အခြားသော အသီးအရွက်အပင် အားလုံးထက် ပိုပင်း ကြီးမားအယ်။ ကြီးမားလဲ့ အကိုင်းများထွက်လာပင်း အဲအရိပ်အောက်တွင် ငက်များလာယွေ့ သူလို့ရဲ့ အသိုက်များ ပြုလုပ်နိန်အယ်” ဟု ပြောအယ်။
32 mas, tendo sido semeado, cresce e faz-se a maior de todas as hortaliças e cria grandes ramos, de tal modo que as aves do céu podem aninhar-se à sua sombra.
33 ယေရှုဟ သူရဲ့ တရားတော်ဟို လူလို့အား တခြား ပုံဥပမာများစွာဟို ဟေလိုမျိုး အသုံးပြုပင်း ဟောအယ်။ ကိုယ်တော်ဟ သူလို့ နားလည်နိန်သလောက် ပြောအယ်။
33 E com muitas parábolas tais lhes dirigia a palavra, conforme podiam compreender.
34 ကိုယ်တော်ဟ ပုံဥပမာ မသုံးဘဲ သူလို့ဟို မဟောပေမဲ့ ကိုယ်တော်ဟ တဘဲ့တော်တွေနဲ့ပဲ ကျန်တဲ့အချိန်မှာ သူလို့ဟို အကုန်လုံး ဆှင်းပြလေအယ်။
34 E sem parábola não lhes falava; mas em particular explicava tudo a seus discípulos.
35 အဲနေ့တည်း ညနေချမ်းအချိန်တွင် ယေရှုဟ တဘဲ့တော်လို့အား “ငါလို့ အိန်တဖက်ကမ်းဟို ကူးကြကုန်အံ့” ဟု ပြောအယ်။
35 Naquele dia, quando já era tarde, disse-lhes: Passemos para o outro lado.
36 အေးကျောန့် သူလို့ဟလည်း လူအုပ်ထဲမှ ထွက်ခွာပင်း၊ တဘဲ့တော်လို့ဟ ယေရှု အဆင်သင့်ထိန်နေလဲ့ လှေထဲဟို တက်ကြယွေ့၊ ယေရှုဟို သူလို့နဲ့အတူ ခေါ်သွားကြအယ်။ အခြား လှေများလည်း ကိုယ်တော်နဲ့အတူ လိုက်ပါကြအယ်။
36 E eles, deixando a multidão, o levaram consigo, assim como estava, no barco; e havia com ele também outros barcos.
37 ရုတ်တရက် ပြင်းစွာသော လေတိုက်ခတ်သဖြင့်၊ လှိုင်းများဟ စတင်ပင်း လှေဟို ကျော်ယွေ့ လှေဟ ယေနဲ့ အပြေ့လောက် ဆိအယ်။
37 E se levantou grande tempestade de vento, e as ondas batiam dentro do barco, de modo que já se enchia.
38 ယေရှုဟ လှေပဲ့ပိုင်းတွင် မှီအုံးတခုပေါ်မှာ အိပ်မွေ့လျက် နေလေအယ်။ တဘဲ့တော်လို့ဟ ကိုယ်တော်ဟို နှိုးကြပင်းရင် “ဆရာ၊ ငါလို့ သေတော့မဲ့အကျောန်းဟို ကိုယ်တော် ဂရုမစိုက်တော့ဝူးလော” ဟု မေးကြအယ်။
38 Ele, porém, estava na popa dormindo sobre a almofada; e despertaram-no, e lhe perguntaram: Mestre, não se te dá que pereçamos?
39 ယေရှုဟ ထယွေ့ လေဟို “တိတ်တိတ်နေလော့” လှိုင်းဟိုလည်း “ငြိမ်သက်လော့” ဟု အမိန့်အာဏာနဲ့ ပြောလေအယ်၊ လေဟ ငြိမ်သွားအယ်၊ လှိုင်းလည်း မထတော့ပေ။
39 E ele, levantando-se, repreendeu o vento, e disse ao mar: Cala-te, aquieta-te. E cessou o vento, e fez-se grande bonança.
40 အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့အား “ပစာကျောန့် ဟေလောက်ထိ ကြောက်လန့်ကြလုန်း။ အခုတိုင်အောန် နင်လို့ဟ ငါ့အပေါ်နှိုက် ယုံကြည်ကိုးစားမှု ဆိကြသေးဝူးလော” ဟု မေးလေအယ်။
40 Então lhes perguntou: Por que sois assim tímidos? Ainda não tendes fé?
41 အဲအခါ သူလို့ဟ ရမ်းဆာ့ ကြောက်လန့်ကြအယ်။ “ဟေသူရာ့ စသူရီးလုန်း။ လေနဲ့ လှိုင်းများပင်လျှင် သူ့အမိန့်ဟို နားထောင်ကြအယ်” ဟု သူလို့ချင်း ပြောဆိုကြအယ်။
41 Encheram-se de grande temor, e diziam uns aos outros: Quem, porventura, é este, que até o vento e o mar lhe obedecem?

Ler em outra tradução

Comparar com outra