Marcos 16
DNV vs ARIB
1 ဥပုသ်နေ့ လွန်သွားသောအခါ၊ မာဂဒလမြို့သူ မာရိ၊ ယာကုပ်ရဲ့ အမေ မာရိနဲ့ ရှာလုံလို့ဟ ယေရှုရဲ့ အလောင်းဟို သွားယွေ့ လိမ်းရန် ဆီမွှေးများဟို ဝယ်ယူကြအယ်။
1 Ora, passado o sábado, Maria Madalena, Maria, mãe de Tiago, e Salomé, compraram aromas para irem ungi-lo.
2 တနင်္ဂနွေနေ့ နက်စာအစော၊ နေထွက်ချိန်တွင်၊ သူလို့ဟ လုတ်တိုင်းသို့ သွားကြအယ်။
2 E, no primeiro dia da semana, foram ao sepulcro muito cedo, ao levantar do sol.
3 အားပင်း သူလို့ဟ “လုတ်တိုင်းဂူဝမှ ကျောက်တုံးဟို စသူ လှိမ့်ဖယ်ပေးမှာလုန်း” ဟု အချင်းချင်း ပြောဆိုကြအယ်။
3 E diziam umas às outras: Quem nos revolverá a pedra da porta do sepulcro?
4 အဲလိုလဲ သူလို့ မော်ကျေ့လိုက်သောအခါ၊ ရမ်းဆာ့ကြီးသော ကျောက်တုံးမှာ၊ လှိမ့်ထားနှင့်ပီး ဖြစ်တာဟို သူလို့ မျော်ကြအယ်။
4 Mas, levantando os olhos, notaram que a pedra, que era muito grande, já estava revolvida;
5 သူလို့ဟ လုတ်တိုင်းဂူထဲသို့ ဝင်စဉ်၊ သူလို့ဟ အဖြူရောင် ဝတ်ရုံဟို ဝတ်ဆင်ထားသော လူငယ်တဦးဟ လက်ယာဖက်ဘက်နှိုက် ထိန်နေတာဟို မျော်ကြအယ်၊ အဲအခါ သူလို့ဟ ထိတ်လန့်ကြအယ်။
5 e entrando no sepulcro, viram um moço sentado à direita, vestido de alvo manto; e ficaram atemorizadas.
6 သူဟ “မထိတ်လန့်ကြနဲ့” ဟု ပြောအယ်။ နင်လို့ဟ လက်ဝါးကပ်တိုင်တွင် တင်ယွေ့ အသတ်ခံရသူ နာဇရက်မြို့သား ယေရှုဟို ဆာလျက်နေတာဟို ငါသိအယ်။ သူဟ ဟေမှာမဆိ၊ ကိုယ်တော်ဟ ထမြောက်ပီ။ ကိုယ်တော်ရဲ့ အလောင်းဟို ထားသောနေရာဟို ကျေ့ကြလော့။
6 Ele, porém, lhes disse: Não vos atemorizeis; buscais a Jesus, o nazareno, que foi crucificado; ele ressurgiu; não está aqui; eis o lugar onde o puseram.
7 အဲလိုလဲ သွားယွေ့၊ ပေတရုနဲ့ ကိုယ်တော်ရဲ့ တဘဲ့တော်များအား “ကိုယ်တော်ဟ ဂါလိလဲပြေသို့ နင်လို့ ဦးရင်သွားနှင့်ပီ။ ကိုယ်တော် ပြောတဲ့အတိုင်း၊ အေးမှာ နင်လို့ သူဟို မျော်ရလိမ့်မယ်” ဟု ပြောအယ်။
7 Mas ide, dizei a seus discípulos, e a Pedro, que ele vai adiante de vós para a Galiléia; ali o vereis, como ele vos disse.
8 အမျိုးသမီးများဟ တုန်လှုပ်ခြင်းနဲ့ မိန်းမောတွေဝေလျက် လုတ်တိုင်းမှ ထွက်ပြေးကြအယ်။ သူလို့ဟ ကြောက်ရွံ့သောကျောန့် စသူကိုမှ စလိုအရာဟိုမျှ မပြောခဲ့ကြဘူး။
8 E, saindo elas, fugiram do sepulcro, porque estavam possuídas de medo e assombro; e não disseram nada a ninguém, porque temiam.
9 တနင်္ဂနွေနေ့ နက်စာအစောတွင် ယေရှုဟ သေခြင်းမှ ထမြောက်ပင်းနောက်၊ ကိုယ်တော်ဟ သူ့ဆေမှ နတ်ဆိုး ခုနစ်ဦးဟို မောင်းထုတ်ပေးခဲ့သော မာဂဒလမြို့သူ မာရိဆေ ဦးရင်ဆုံး ကိုယ်ထင်ပြအယ်။
9 Ora, havendo Jesus ressurgido cedo no primeiro dia da semana, apareceu primeiramente a Maria Madalena, da qual tinha expulsado sete demônios.
10 သူမဟ သွားယွေ့ ကိုယ်တော်ရဲ့ အဖော်များဟို ပြောပြခဲ့အယ်၊ သူလို့ဟ ငိုက မြည်တမ်းကြအယ်၊
10 Foi ela anunciá-lo aos que haviam andado com ele, os quais estavam tristes e chorando;
11 ယေရှု အသက်ဆှင်ယွေ့၊ ကိုယ်တော်အား မာရိ မျော်ခဲ့ရကျောန်း၊ သူလို့ ကြားသောအခါ မယုံကြ။
11 e ouvindo eles que vivia, e que tinha sido visto por ela, não o creram.
12 ဒီနောက် သူလို့ထဲမှ နေယောက်ဟ တောရွာဟို သွားကြစဉ် ယေရှုဟ ခြားနားသော ပုံစံဖြင့် သူလို့အား ကိုယ်ထင်ပြလေအယ်။
12 Depois disso manifestou-se sob outra forma a dois deles que iam de caminho para o campo,
13 သူလို့ ပြန်လာပင်း အခြားသူတွေဟို ပြောပြအယ်၊ အဲလိုလဲ သူလို့ဟ မယုံကြ။
13 os quais foram anunciá-lo aos outros; mas nem a estes deram crédito.
14 အဲပင်းရင် ယေရှုဟ တဆယ့်တပါးသော တဘဲ့တော်လို့အား စားသောက်နေစဉ် သူလို့ဟို ကိုယ်ထင်ပြလေအယ်။ သူလို့တွင် ယုံကြည်ခြင်းမဆိသောကျောန့် ကိုယ်တော်အား ဖူးမျော်ရသူလို့ရဲ့စကားဟို မယုံနိန်လောက်အောန် သူလို့ဟ ခေါင်းမာသောကျောန့်၊ ကိုယ်တော်ဟ သူလို့အား ပစ်တင်ဆုံးမလေအယ်။
14 Por último, então, apareceu aos onze, estando eles reclinados à mesa, e lançou-lhes em rosto a sua incredulidade e dureza de coração, por não haverem dado crédito aos que o tinham visto já ressurgido.
15 ကိုယ်တော်ဟ “ကမ္ဘာတဝှမ်းလုံးသို့ သွားယွေ့ လူသတ္တဝါအပေါင်းလို့အား ဧဝံဂေလိတရားဟို ဟောကြလော့။
15 E disse-lhes: Ide por todo o mundo, e pregai o evangelho a toda criatura.
16 ယုံကြည်ယွေ့ နှစ်ခြင်းဟို ခံသောသူဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်၊ မယုံကြည်သောသူဟ အပစ်စီရင်ခြင်း ခံရလိမ့်မယ်။
16 Quem crer e for batizado será salvo; mas quem não crer será condenado.
17 ယုံကြည်သူလို့ဟ အံ့ဖွယ်အမှုများ ပြုလုပ်ရန် တန်ခိုးဟို ခံရမယ် ဖြစ်ပင်း၊ သူလို့ဟ ငါရဲ့ နာမဟို အမှီပြုယွေ့ နတ်ဆိုးများဟို မောင်းထုတ်ကြလိမ့်မယ်ဖြစ်ပင်း၊ ထူးခြားသော ဘာသာစကားများဟို ပြောဆိုကြလိမ့်မယ်၊
17 E estes sinais acompanharão aos que crerem: em meu nome expulsarão demônios; falarão novas línguas;
18 မြွေဆိုးများဟို ကိုင်ဖမ်းသော် အဲဟာမဟုတ်ရင် သေစေတတ်သော အဆိပ်ဟို သောက်ရင်လည်း သူလို့တွင် ဘေးအန္တရာယ်ဖြစ်စေမယ် မဟုတ်၊ မကျန်းမာသူများအပေါ်တွင် လက်ဟို တင်ယွေ့ အဲသူလို့ဟ ကျန်းမာလာကြလိမ့်မယ်” ဟု ပြောလေအယ်။
18 pegarão em serpentes; e se beberem alguma coisa mortífera, não lhes fará dano algum; e porão as mãos sobre os enfermos, e estes serão curados.
19 သခင် ယေရှုဟ သူလို့နဲ့ စကားပြောပင်းနောက်၊ ခေါန်းခင်ဘုံသို့ ဆောင်ယူခြင်းဟို ခံပင်း ဘုရားသခင်ရဲ့ လက်ယာတော်ဖက်တွင် ထိန်နေအယ်။
19 Ora, o Senhor, depois de lhes ter falado, foi recebido no céu, e assentou-se à direita de Deus.
20 တဘဲ့တော်လို့ဟ အရပ်ရပ်သို့ သွားယွေ့ တရားဟောသဖြင့်၊ သခင်ဘုရားဟ သူလို့နဲ့အတူ လုပ်ဆောင်ပင်း အံ့ဖွယ်သောအမှုများဖြင့် သူလို့ရဲ့ ဟောပြောခြင်း မန်ကန်ကျောန်း သက်သေပြခဲ့အယ်။]
20 Eles, pois, saindo, pregaram por toda parte, cooperando com eles o Senhor, e confirmando a palavra com os sinais que os acompanhavam.
21 အမျိုးသမီးများဟ ပေတရုနဲ့ သူရဲ့ သူငယ်ချင်းများဆေဟို သွားယွေ့ သူလို့ ပြောသမျှဟို အတိုချုပ် ပြောပြကြအယ်။
21 — ausente —
22 အဲပင်းရင်၊ ယေရှုတတ်တိုင်း ထာဝရကယ်တင်ခြင်းဆိုင်ရာ မြင့်မြတ်ပင်း ထာဝရ အသက်ဆှင်သော သတင်းစကားဟို အဆေ့ဖက်မှ အနောက်ဖက်ဆေဟို တဘဲ့တော်များမှ တဆင့် စေလွှတ်ခဲ့အယ်။]
22 — ausente —
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?