Colossenses 2

DNV vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ငါဟ နင်လို့နဲ့ လောဒိကိမြို့တွင် ဆိလဲ့ သူလို့မှစယွေ့ ငါ့ဟို လူချင်းမမျော်ဖူးသော သူလို့အတွက် စလောက်ရုန်းကန် ကြိုးစားနေတာဟို နင်လို့အား သိစေလိုအယ်။
1 Pois quero que saibais quão grande luta tenho por vós, e pelos que estão em Laodicéia, e por quantos não viram a minha pessoa;
2 ဟေသို့ ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာ နင်လို့အပေါင်းဟ ခွန်အားပေးလျက် အချင်းချင်းတယောက်ဟို တယောက် ချစ်ခင်လာစေရန် ဖြစ်အယ်၊ ဟေသို့ဖြစ်ခြင်းကျောန့် နင်လို့ဟ ပီးပြေ့စုံသော သိဆိ နားလည်ခြင်းနဲ့ စိတ်ချမှုဟို ရဆိကြလိမ့်မယ်။ ဟေနည်းအားဖြင့် နင်လို့ဟ ခရစ်တော် တည်းဟူသော ဘုရားသခင်ရဲ့ နက်နဲသောအရာဟို သိဆိကြလိမ့်မယ်။
2 para que os seus corações sejam animados, estando unidos em amor, e enriquecidos da plenitude do entendimento para o pleno conhecimento do mistério de Deus-Cristo,
3 အဲသူဟ အောင်းထားသော ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့ အသိပညာ ဘဏ္ဍာလို့ဟို ဖွင့်ပြလဲ့ သော့ ဖြစ်အယ်။
3 no qual estão escondidos todos os tesouros da sabedoria e da ciência.
4 စသူမျှ နင်လို့ဟို ဖြားယောင်းသောစကားဖြင့် မလှည့်စားစေရန် ဟေသို့ ငါပြောဆိုအယ်။
4 Digo isto, para que ninguém vos engane com palavras persuasivas.
5 ငါဟ ကိုယ်ခန္ဓာအားဖြင့် နင်လို့နဲ့ ကွာယွေ့ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် နင်လို့နဲ့အတူ ဆိတာဖြစ်ယွေ့ နင်လို့ဟ လျောက်ပတ်စွာ ပြုပြင်တတ်တာဟို လည်းကောင်း၊ ခရစ်တော်နှိုက် ယုံကြည်ခြင်း ခိုင်မာတာဟို လည်းကောင်း မျော်ရင် ဝမ်းမြောက်ခြင်း ဆိအယ်။
5 Porque ainda que eu esteja ausente quanto ao corpo, contudo em espírito estou convosco, regozijando-me, e vendo a vossa ordem e a firmeza da vossa fé em Cristo.
6 နင်လို့ဟ ခရစ်တော် ယေရှုအား သခင်အဖြစ် လက်ခံကြသဖြင့် ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်လျက် အသက်ဆှင်ကြလော။
6 Portanto, assim como recebestes a Cristo Jesus, o Senhor, assim também nele andai,
7 ကိုယ်တော်နှိုက် အမြစ်တွယ်ယွေ့ တည်ဆောက်ခြင်း ခံရကာ နင်လို့ သင်ယူခဲ့လဲ့အတိုင်း ယုံကြည်ခြင်းနှိုက် တည်မြဲစေကြလော။ ကျေးဇူးတော် ချီးမွန်းခြင်းနဲ့ ပြေ့စုံကြလော။
7 arraigados e edificados nele, e confirmados na fé, assim como fostes ensinados, abundando em ação de graças.
8 ခရစ်တော်ဆေမှ မဟုတ်ဘဲ လူလို့ရဲ့ ထုံးတမ်းစဉ်လာမှလည်းကောင်း၊ လောကဟို အုပ်ချုပ်သော ဝိညာဉ်တော်များဆေမှ လည်းကောင်း၊ လက်ဆင့်ကမ်းလဲ့ အလကားကားသော လှည့်စားခြင်းအားဖြင့် စသူမျှ နင်လို့အား မလွှမ်းမိုး မသိမ်းသွင်းစေရန် သတိပြုကြလော့။
8 Tendo cuidado para que ninguém vos faça presa sua, por meio de filosofias e vãs sutilezas, segundo a tradição dos homens, segundo os rudimentos do mundo, e não segundo Cristo;
9 အကျောန်းမှာ ဘုရားသခင်ရဲ့ ဇာတိအဖြစ် ပြေ့စုံခြင်းဟ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် ကျိန်းဝပ်အယ်၊
9 porque nele habita corporalmente toda a plenitude da divindade,
10 နင်လို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသော အသက်ဟို ရဆိကြအယ်။ အဲသူဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အခွင့်အာဏာဆိသူတိုင်းအပေါ်တွင် အမြင့်မြတ်ဆုံး ဖြစ်အယ်။
10 e tendes a vossa plenitude nele, que é a cabeça de todo principado e potestade,
11 ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်လာကြသောအခါ နင်လို့ဟ ဇာတိသဘောမှ လွတ်မြောက်ခြင်း တည်းဟူသော အရေဖျားလှီးခြင်းဟို ခံယူကြအယ်၊ ဟေအရေဖျားလှီးခြင်းဟ ကိုယ်ကာယနဲ့ဆိုင်သော အရေဖျားလှီးခြင်း မဟုတ်၊ ခရစ်တော်ပြုလုပ်လဲ့ အရေဖျားလှီးခြင်း ဖြစ်အယ်။
11 no qual também fostes circuncidados com a circuncisão não feita por mãos no despojar do corpo da carne, a saber, a circuncisão de Cristo;
12 နင်လို့ဟ နှစ်ခြင်း ခံသောအခါ ကိုယ်တော်နဲ့အတူ မြှပ်နှံခြင်းဟို ခံရကြအယ်၊ ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော ဘုရားသခင်နှိုက် ဆှင်ပြန်ထမြောက်စေနိန်သော တန်ခိုးတော်ဟို နင်လို့ ယုံကြည်ကြသောကျောန့် ကိုယ်တော်နဲ့အတူ ဆှင်ပြန်ထမြောက်ခြင်းဟို ရောက်ကြပီ။
12 tendo sido sepultados com ele no batismo, no qual também fostes ressuscitados pela fé no poder de Deus, que o ressuscitou dentre os mortos;
13 နင်လို့ဟ အရင်အချိန်ဟ အပစ်ကျူးလွန်သူများ ဖြစ်ကြသောကျောန့် လည်းကောင်း၊ ပညတ်တရားဟို မခံယူသော လူမျိုးခြား ဖြစ်သောကျောန့် လည်းကောင်း ဝိညာဉ်ရေးအရ သေသောသူများ ဖြစ်ကြအယ်။ အဲလိုလဲ ဘုရားသခင်ဟ နင်လို့အား ခရစ်တော်နဲ့အတူ အသက်ဆှင်စေအယ်။ ဘုရားသခင်ဟ ငါလို့ရဲ့ အပစ်အလုံးစုံဟို ဖြေလွှတ်ယွေ့၊
13 e a vós, quando estáveis mortos nos vossos delitos e na incircuncisão da vossa carne, vos vivificou juntamente com ele, perdoando-nos todos os delitos;
14 ငါလို့ရဲ့ အပစ်ကြွေးဟို လည်းကောင်း၊ အေးဒါနဲ့ဆိုင်သော စည်းမျဉ်းများဟို လည်းကောင်း၊ လက်ဝါးကပ်တိုင်ပေါ်နှိုက် ရိုက်ထားလျက် ဖယ်ဆှားအယ်။
14 e havendo riscado o escrito de dívida que havia contra nós nas suas ordenanças, o qual nos era contrário, removeu-o do meio de nós, cravando-o na cruz;
15 အဲလက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်ဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အာဏာဆိသူလို့ရဲ့ တန်ခိုးဟို ပယ်ဆှားပင်းနောက် အဲသူလို့ဟို သုံ့ပန်းများအဖြစ် ပွဲဆန်လှည့်ရာတွင် နောက်မှ လိုက်စေကာ လူအပေါင်းလို့အား ပြအယ်။
15 e, tendo despojado os principados e potestades, os exibiu publicamente e deles triunfou na mesma cruz.
16 အဲလိုမို့ အစားအသောက်နဲ့ ပတ်သက်ယွေ့ ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့နဲ့ ပတ်သက်ယွေ့ ဖြစ်စေ စသူမျှ နင်လို့ဟို မစီရင်စေနဲ့။
16 Ninguém, pois, vos julgue pelo comer, ou pelo beber, ou por causa de dias de festa, ou de lua nova, ou de sábados,
17 အဲအရာလို့ဟ ဖြစ်လာမဲ့အရာများရဲ့ အရိပ်မျှသာ ဖြစ်ကြပင်း အစစ်မှာ ခရစ်တော် ဖြစ်အယ်။
17 que são sombras das coisas vindouras; mas o corpo é de Cristo.
18 မမန်ကန်သော နှိမ့်ချခြင်း၊ ခေါန်းခင်တမန်လို့အား ကိုးကွယ်ခြင်းလို့ဟို အလေးနက် ပြောဆိုယွေ့ မိမိလို့ မျော်လဲ့ရူပါရုံများဟို အကျောန်းပြုကာ မိမိလို့ဟ အခြားသူလို့ထက် သာတာဟု ပြောဆိုတတ်သူများဟ နင်လို့အား ရှုတ်ချခွင့်ဟို မပေးနဲ့။ သူလို့ဟ လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကျောန်းမဲ့ အလကားကား ထောင်လွှားလျက် ဆိကြအယ်၊
18 Ninguém atue como árbitro contra vós, afetando humildade ou culto aos anjos, firmando-se em coisas que tenha visto, inchado vãmente pelo seu entendimento carnal,
19 သူလို့ဟ ကိုယ်ခန္ဓာရဲ့ ဦးခေါင်းတည်းဟူသော ခရစ်တော်ဟို မှီခိုအားကိုးမှု မဆိကြပေ။ ခရစ်တော်ရဲ့ ထိန်းချုပ်မှုအောက်တွင် အဆစ်များနဲ့ အရိုးချင်းဆက်ပေးလဲ့ အရွတ်များဖြင့် ကိုယ်ခန္ဓာ တခုလုံးဟို အားဖြည့်ကာ ဘုရားသခင်ရဲ့ အလိုတော်ဆိလဲ့အတိုင်း ကြီးပွားတတ်အယ်။
19 e não retendo a Cabeça, da qual todo o corpo, provido e organizado pelas juntas e ligaduras, vai crescendo com o aumento concedido por Deus.
20 နင်လို့ဟ ခရစ်တော်နဲ့အတူ သေဆုံးယွေ့ လောကီတရားမှ ခွဲခွာခဲ့တာဆိုရင်၊ ပစာကို့ ဟေလောကနှိုက် အသက်ဆှင်သောသူများလို ပြုကျင့်နေကြတာတုန်း။
20 Se morrestes com Cristo quanto aos rudimentos do mundo, por que vos sujeitais ainda a ordenanças, como se vivêsseis no mundo,
21 ပစာကျောန့် “ဟေအရာဟို မကိုင်နဲ့၊ မမြည်းနဲ့၊ မတို့နဲ့” ဟု အစဆိသော စည်းမျဉ်းများဟို လိုက်ဆှောက်နေကြတုန်း။
21 tais como: não toques, não proves, não manuseies
22 အဲအရာအားလုံးလို့ဟ လူလို့ရဲ့ ပညတ်ချက်နဲ့ သွန်သင်ချက်များ ဖြစ်ကြတာနဲ့အညီ အသုံးပြုရင်း ပျက်စီးသွားမဲ့အရာများ ဖြစ်ကြအယ်။
22 {as quais coisas todas hão de perecer pelo uso}, segundo os preceitos e doutrinas dos homens?
23 ခေါန်းခင်တမန်လို့အား မဖြစ်မနေ ကိုးကွယ်ရခြင်း၊ မမန်ကန်သော စိတ်နှိမ့်ချခြင်း၊ ရမ်းဆာ့သော ကိုယ်ခန္ဓာဟို နှိပ်စက်ခြင်းဟူသော ပညတ်လို့ဟ ဉာဏ်ပညာနဲ့ ယှဉ်သော ကာယတပ်မက်မှုများဟို ထိန်းချုပ်ရာတွင် စလောက်မျှ အကျိုးမပြုချေ။
23 As quais têm, na verdade, alguma aparência de sabedoria em culto voluntário, humildade fingida, e severidade para com o corpo, mas não têm valor algum no combate contra a satisfação da carne.

Ler em outra tradução

Comparar com outra