2 Coríntios 2

DNV vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 အဲလိုမို့ ငါဟ နင်လို့ဆေသို့ လာယွေ့ နင်လို့ဟို ဝမ်းနည်းစေလဲ့ အဖြစ်မျိုး နောက်တခါ မဖြစ်စေရန် ငါ ဆုံးဖြတ်ထားအယ်။
1 Mas deliberei isto comigo mesmo: não ir mais ter convosco em tristeza.
2 အကျောန်းမှာ ငါဟ နင်လို့ဟို ဝမ်းနည်းစေမယ်ဆိုရင်၊ ငါ့ဟို ပျော်စေမဲ့သူဟ ပစာမှာ ဆိတော့မလဲ၊ ငါ့ကျောန့် ဝမ်းနည်းရသူများ မှလွဲယွေ့ စသူဟ ငါ့ဟို ဝမ်းမြောက်စေမလဲ။
2 Porque, se eu vos entristeço, quem é, pois, o que me alegra, senão aquele que por mim é entristecido?
3 ငါလာသောအခါ ငါ့ဟို ဝမ်းမြောက်စေရမဲ့သူများဟ ငါ့ဟို ဝမ်းနည်းစေမယ် စိုးယွေ့ ဟေအကျောန်းအရာဟို ငါရေးလိုက်ခြင်း ဖြစ်အယ်။ ငါရဲ့ ဝမ်းမြောက်ခြင်းဟ နင်လို့ဆိသမျှရဲ့ ဝမ်းမြောက်ခြင်း ဖြစ်အယ်ဟု နင်လို့အားလုံးနဲ့ ပတ်သက်ယွေ့ ငါ ယုံကြည်စိတ်ချလျက် ဆိအယ်။
3 E escrevi isto mesmo, para que, chegando, eu não tenha tristeza da parte dos que deveriam alegrar-me; confiando em vós todos, que a minha alegria é a de todos vós.
4 ငါဟ ဝမ်းနည်းပူဆွေးလဲ့ နေလုံးသားနဲ့ မျက်ရည်များစွာနဲ့ နင့်ဆေ စာရေးခဲ့အယ်။ ငါ့ရည်ရွယ်ချက်ဟ နင့်ဟို ဝမ်းနည်းစေဖို့ မဟုတ်ဘဲ နင်လို့အားလုံးဟို ငါစလောက် ချစ်အယ်ဆိုတာ နားလည်အောန် ရေးလိုက်ခြင်း ဖြစ်အယ်။
4 Porque em muita tribulação e angústia de coração vos escrevi, com muitas lágrimas, não para que vos entristecêsseis, mas para que conhecêsseis o amor que abundantemente vos tenho.
5 တစုံတယောက်သောသူဟ လူတဦးအား ဝမ်းနည်းစေခဲ့ရင်၊ အဲသူဟ ငါ့ဟို သာမက နင်လို့အားလုံး မဟုတ်ရင်တောင် အချို့တဝက်ဟိုလည်း ဝမ်းနည်းစေအယ်။
5 Ora, se alguém tem causado tristeza, não me tem contristado a mim, mas em parte {para não ser por demais severo} a todos vós.
6 နင်လို့ အများစုရဲ့ အပစ်ဒဏ်ပေးခြင်းဟို ခံရရင် အဲသူအတွက် လုံလောက်သော အပစ်ဒဏ် ဖြစ်အယ်။
6 Basta a esse tal esta repreensão feita pela maioria.
7 အခုမှာ နင်လို့ဟ သည်းမခံနိန်လောက်အောန် ဝမ်းနည်းခြင်း ဖြစ်စေမဲ့အစား သူ့ဟို ခွင့်လွှတ်ပင်း နှစ်သိမ့်ပေးသင့်အယ်။
7 De maneira que, pelo contrário, deveis antes perdoar-lhe e consolá-lo, para que ele não seja devorado por excessiva tristeza.
8 အဲလိုမို့ နင်ဟ သူ့ဟို အမန်တကယ် ချစ်ကျောန်းဟို သူသိဆိ နားလည်အောန် ပြုကြရန် နင်လို့အား ငါ တောင်းပန်အယ်။
8 Pelo que vos rogo que confirmeis para com ele o vosso amor.
9 နင်လို့ဟ စုံစမ်းနှောက်ယှက်ခြင်းဟို စလောက် ခံနိန်ရည်ဆိပင်း ငါ့ညွှန်ကြားချက်တွေဟို အမြဲနာခံဖို့ အဆင်သင့်ဖြစ် မဖြစ်သိချင်သောကျောန့် ဟေစာဟို ငါရေးသားခဲ့ခြင်း ဖြစ်အယ်။
9 É pois para isso também que escrevi, para, por esta prova, saber se sois obedientes em tudo.
10 နင်လို့ဟ တစုံတဦးဟို သူလို့ပြုခဲ့လဲ့အရာအတွက် နင်လို့ ခွင့်လွှတ်လဲ့အခါ၊ ငါလည်း သူလို့ဟို ခွင့်လွှတ်အယ်။ အကျောန်းမှာ ငါဟ အမန်စင်စစ် တစုံတခုဟို ဖြေလွှတ်ရန်လိုရင် နင်လို့ အကျိုးဟို ထောက်ယွေ့ ခရစ်တော်ရဲ့ ဆေ့နှိုက် အဲသူရဲ့ အပစ်ဟို ဖြေလွှတ်အယ်။
10 E a quem perdoardes alguma coisa, também eu; pois, o que eu também perdoei, se é que alguma coisa tenho perdoado, por causa de vós o fiz na presença de Cristo, para que Satanás não leve vantagem sobre nós;
11 အဲမှသာ စာတန်ဟ ငါလို့ဟို အနိန်မရစေရန် တားဆီးနိန်မယ်။ အကျောန်းမှာ သူရဲ့ အကြံအစည်များဟ စလိုဖြစ်တာဟို ငါလို့ သိကြအယ်။
11 porque não ignoramos as suas maquinações.
12 ငါဟ ခရစ်တော်ရဲ့ သတင်းကောင်းအကျောန်းဟို ဟောပြောရန် တရောမြို့ဟို ရောက်သောအခါ၊ သခင်ဘုရားဟ ငါ့အတွက် ထင်ခါးဟို ဖွင့်ပေးအယ်၊
12 Ora, quando cheguei a Trôade para pregar o evangelho de Cristo, e quando se me abriu uma porta no Senhor,
13 အားပေမဲ့ ငါလို့ရဲ့ ညီအကို တိတုအား မတွေ့ရသောကျောန့် ငါဟ စိတ်မသက်သာ ဖြစ်အယ်။ အဲလိုမို့ အဲမြို့ဆိ လူလို့ဟ နှုတ်ဆက်ပင်း မာကေဒေါနိပြေဟို ငါသွားခဲ့အယ်။
13 não tive descanso no meu espírito, porque não achei ali irmão Tito; mas, despedindo-me deles, parti para a Macedônia.
14 အားပေမဲ့ ငါလို့ဟို ခရစ်တော်နှိုက် အမြဲတမ်း အောန်ပွဲခံစေယွေ့ ကိုယ်တော်ဟို သိသောဉာဏ်ရဲ့ ရနံ့ဟို နေရာတိုင်းနှိုက် ငါလို့အားဖြင့် ပျံ့နှံ့စေသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ငါချီးမွန်းအယ်။
14 Graças, porém, a Deus que em Cristo sempre nos conduz em triunfo, e por meio de nós difunde em todo lugar o cheiro do seu conhecimento;
15 ငါလို့ဟ ဘုရားသခင်အား ခရစ်တော် ပူဇော်လဲ့ မွှေးကြိုင်သော နံ့သာရနံ့နဲ့ တူကြအယ်။ အဲရနံ့ဟ ကယ်တင်ခြင်း ခံရသောသူများနဲ့ ပျောက်ဆုံးသွားသူများကြားတွင် ပျံ့နှံ့သွားခဲ့အယ်။
15 porque para Deus somos um aroma de Cristo, nos que se salvam e nos que se perdem.
16 ပျောက်ကွယ်သွားသူများအတွက် သေစေတတ်သော ရနံ့ဖြစ်ပင်း ကယ်တင်ခြင်းဟို ရောက်သောသူများအတွက်မူ အသက်ဟို ပေးသော မွှေးရနံ့ဖြစ်အယ်။ အဲလိုမို့ ဟေအမှုဟို စသူဟ စွမ်းဆောင်နိန်လုန်း။
16 Para uns, na verdade, cheiro de morte para morte; mas para outros cheiro de vida para vida. E para estas coisas quem é idôneo?
17 ငါလို့ဟ ဆေးပေါသော ကုန်သွယ်အဖြစ် ဘုရားသခင်ရဲ့ သတင်းစကားဟို ကိုင်တွယ်ဆောင်ရွက်သော အခြားသောသူများနဲ့ မတူဘဲ ဘုရားသခင်ဟ ငါလို့အား စေလွှတ်သောကျောန့်၊ ခရစ်တော်ရဲ့ အစေခံများ အဖြစ်၊ ငါလို့ဟ သူရဲ့ အထံတော်နှိုက် စိတ်ရင်းမန်ဖြင့် ပြောဆိုကြအယ်။
17 Porque nós não somos falsificadores da palavra de Deus, como tantos outros; mas é com sinceridade, é da parte de Deus e na presença do próprio Deus que, em Cristo, falamos.

Ler em outra tradução

Comparar com outra