Salmos 136

BURCBCM

1 ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-

2 ဘုရားအပေါင်းတို့၊ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာ တော်သည် အစဉ်ထာ၀ရတည်မြဲတော်မူ၏။-

3 အရှင်သခင်တို့၏ အရှင်သခင်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။

4 ကိုယ်တော်တစ်ပါးတည်းသာလျှင် ကြီးကျယ်သောအံ့ဖွယ်အမှုတို့ကို ပြုလုပ်တော်မူပါ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-

5 ကိုယ်တော်သည် ဉာဏ်ပညာတော်အားဖြင့် ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရု ဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်တော်မူသောကြောင့်ဖြစ်၏။-

6 ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ရေပြင်ပေါ်၌ ဖြန့်ထားတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရတည် မြဲတော်မူသောကြောင့် ဖြစ်၏။-

7 ကိုယ်တော်သည် ကြီးမားသောအလင်းတို့ကို ဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်တော်မူသောကြောင့်ဖြစ်၏။-

8 ကိုယ်တော်သည် နေ့ကို အုပ်စိုးစေရန် နေကိုဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-

9 ကိုယ်တော်သည် ညကိုအုပ်စိုးစေရန် လနှင့်ကြယ်များကို ဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။

10 ကိုယ်တော်သည် အီဂျစ်လူမျိုးများ၏သားဦးတို့ကို သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-

11 ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးကို အီဂျစ်လူမျိုးတို့၏လက်ထဲမှ ခေါ်ဆောင်လာတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-

12 ကိုယ်တော်သည် ခွန်အားကြီးသော လက်တော်နှင့် လက်ရုံးတော်ကိုဆန့်တန်း၍ ခေါ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-

13 ကိုယ်တော်သည် ပင်လယ်နီကို နှစ်ပိုင်းကွဲစေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-

14 ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးအား ထိုပင်လယ်ကို ဖြတ်လျှောက်စေလျက် ခေါ်ဆောင်သွားတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-

15 သို့သော် ကိုယ်တော်သည် ဖာရောဘုရင်နှင့် သူ၏တပ်ကို ပင်လယ်နီတွင် နစ်မြုပ်စေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-

16 ကိုယ်တော်သည် မိမိ၏လူမျိုးတော်အား တောကန္တာရကိုဖြတ်သန်းစေလျက် လမ်းပြခေါ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-

17 ကိုယ်တော်သည် အင်အားကြီးသောဘုရင်များကို သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-

18 ကိုယ်တော်သည် ထင်ရှားကျော်စောသော ဘုရင်များကို ကွပ်မျက်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-

19 ကိုယ်တော်သည် အာမောလူမျိုးတို့၏ဘုရင် ဆီဟွန်ကို သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရတည် မြဲတော်မူသောကြောင့်ဖြစ်၏။-

20 ကိုယ်တော်သည် ဘာရှန်ဘုရင်ဩဂကိုလည်း သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-

21 ကိုယ်တော်သည် ထိုသူတို့၏နယ်မြေများကို မိမိ၏လူမျိုးတော်အား အမွေတော်အဖြစ် ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-

22 ကိုယ်တော်သည် မိမိ၏အစေခံ အစ္စရာအဲလ်အား အမွေတော်အဖြစ် ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။

23 ကိုယ်တော်သည် နိမ့်ကျ၍ဆင်းရဲဒုက္ခရောက်နေသော ငါတို့ကို သတိရအောက်မေ့တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-

24 ကိုယ်တော်သည် ငါတို့ကို ရန်သူများ၏လက်မှ လွတ်မြောက်စေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာ တော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-

25 ကိုယ်တော်သည် သတ္တဝါအပေါင်းတို့အား စားစရာကို ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။

26 ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။

Ler em outra tradução

Comparar lado a lado