Salmos 117

BURCBCM

1 လူမျိုးအပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ လူအပေါင်းတို့၊ ကိုယ်တော့်ကို ချီးမွမ်း ဂုဏ်ပြုကြလော့။-

2 အကြောင်းမူကား ကိုယ်တော်၏ သနားကရုဏာတော်သည် ငါတို့အပေါ်တွင် ကြီးမားလှပေ၏။ ထာ၀ရဘုရားသခင်၏ သစ္စာတော်သည်လည်း အစဉ်ထာ၀ရတည်တော်မူ၏။ ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုကြလော့။

Ler em outra tradução

Comparar lado a lado