2 Coríntios 7

BURCBCM

1 ချစ်မိတ်ဆွေတို့၊ ငါတို့၌ ဤကတိတော်များရှိသောကြောင့် ငါတို့သည် မိမိတို့ကိုယ်ကိုကာယ နှင့် ဝိညာဉ်တို့အား ညစ်ညူး စေသော အရာဟူသမျှမှ စင်ကြယ်စေလျက် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းဖြင့် သန့်ရှင်းခြင်းပါရမီကို ပြည့်စုံစေကြရ မည်။

2 သင်တို့၏နှလုံးသားများကို ငါတို့အတွက် ဖွင့်ထားကြလော့။ ငါတို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့ကြ။ မည်သူ့ ကိုမျှ ပျက်စီးစေရန် မပြုမူခဲ့ကြ။ မည်သူ့အပေါ်မျှလည်း အခွင့်ကောင်း မယူခဲ့ကြ။-

3 ငါသည် သင်တို့ကို ပြစ်တင် ရှုတ်ချလို၍ ဤသို့ဆိုခြင်းမဟုတ်။ အကြောင်းမူကား ယခင်က ငါပြောခဲ့သည့်အတိုင်း သင်တို့သည် ငါတို့၏စိတ် နှလုံးထဲတွင်ရှိကြပြီး ငါတို့သည် သင်တို့နှင့် ရှင်အတူ သေအတူဖြစ်ကြ၏။-

4 ငါသည် သင်တို့ကို လွန်စွာပင်ယုံ ကြည်စိတ်ချ၍ သင်တို့အတွက် များစွာဂုဏ်ယူမိပါ၏။ ငါသည် ကျေနပ်အားရစိတ် နှင့်ပြည့်လျက်ရှိ၏။ ငါတို့ခံ ထမ်းနေရသည့်ဆင်းရဲဒုက္ခအမျိုးမျိုးကြားမှပင် ငါသည် အလွန်ဝမ်းမြောက်လျက်ရှိ၏။

5 မာစီဒိုးနိယပြည်သို့ ငါတို့ရောက်သောအခါ၌ပင်လျှင် ငါတို့၏ခန္ဓာကိုယ်သည် နားချိန်မရခဲ့ပေ။ ငါတို့သည် အဘက်ဘက်၌ ဒုက္ခရောက်ခဲ့ကြပြီး ပြင်ပ၌ အတိုက်အခံများရှိ၍ အတွင်းစိတ်၌လည်း စိုးရိမ်ကြောက်ရွံ့လျက် ရှိကြ၏။-

6 သို့သော် စိတ်ညှိုးငယ်သူတို့ကို အားပေးတော် မူသောဘုရားသခင်သည် တိတုရောက်ရှိလာခြင်းအားဖြင့် ငါတို့ကိုနှစ်သိမ့် တော်မူ၏။-

7 တိတုရောက်ရှိလာသည့် အတွက်ကြောင့်သာမကဘဲ သူ့ကို သင်တို့အားပေးကြသည့်အတွက် ငါတို့သည် အားရှိကြ၏။ သင်တို့သည် ငါ့ကိုအလွန်တွေ့လိုကြောင်း၊ အလွန်ဝမ်းနည်းလျက်ရှိကြကြောင်းနှင့် ငါ့အပေါ် သံယောဇဉ်ရှိကြောင်းတို့ကို တိတု က ပြောပြသဖြင့် ငါသည်ပို၍ဝမ်းမြောက်ခြင်းရှိ၏။

8 ငါ၏စာသည် သင်တို့ကို ဝမ်းနည်းစေခဲ့လျှင်ပင် ငါသည် ယခင်က နောင်တရခဲ့သော်လည်း ယခုနောင်တ မရပေ။ အကြောင်းမူကား ထိုစာသည် သင်တို့ကို ခေတ္တ ခဏသာဝမ်းနည်းစေကြောင်းကို ငါသိ၏။-

9 သင်တို့ကို ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့ကို နောင်တရစေ သောကြောင့်သာ ငါဝမ်းမြောက်ခြင်းဖြစ်၏။ အကြောင်း မူကား သင်တို့၏ဝမ်းနည်းခြင်းမှာ ဘုရားသခင်၏အလို တော်အတိုင်း ဖြစ်လာခဲ့သဖြင့် သင်တို့သည် ငါတို့ကြောင့် မည်သည့်နစ်နာဆုံးရှုံးမှုမျှမရှိခဲ့ကြချေ။-

10 ဘုရားသခင်၏ အလိုတော်အရဖြစ်သော ဝမ်းနည်းခြင်းသည် နောင်တတရားကိုဖြစ်ပေါ်စေပြီး ကယ်တင်ခြင်းသို့ ပို့ဆောင် သဖြင့် ယင်းအတွက် စိတ်ထိခိုက်ရခြင်းမရှိပေ။ လောကနှင့်ဆိုင် သောဝမ်းနည်းခြင်းမူကား သေခြင်းကို ဖြစ်ပေါ်စေ၏။-

11 အကြောင်းမူကား ဘုရားသခင်၏အလိုတော်အရဖြစ်သော ဝမ်းနည်းခြင်းကြောင့် သင်၌ စိတ်အားထက်သန်ခြင်း မည်မျှ ကြီးမားလာသည်ကို ကြည့်ပါလော့။ သင်၌ အပြစ်ကင်းစင်ကြောင်း ခုခံကာကွယ်လိုစိတ်ရှိလာခဲ့၏။ ၎င်းသည် သင့်ကို စိတ်မကောင်းဖြစ်စေ၍ သင်သည် ထိတ်လန့် တုန်လှုပ်ခဲ့ရ၏။သင်သည် တစ်စုံတစ်ရာကိုပြုလုပ်လိုစိတ် ရှိလာခဲ့၏။ သင်သည် စိတ်လှုပ်ရှားတက်ကြွလာခဲ့၏။ သင်သည် အပြစ်ဒဏ်ပေးတတ်လာခဲ့၏။ ဤသို့ဖြင့် သင်တို့သည် ဤအမှုတွင် အပြစ်ကင်း ကြောင်း ဘက်ပေါင်းစုံမှ သက်သေပြခဲ့ကြလေပြီ။-

12 သို့ဖြစ်၍ သင်တို့ထံသို့ ငါစာ ရေးခဲ့သော်လည်း ဤသို့ငါရေးသည်မှာ ပြစ်မှားခဲ့သောသူ အတွက်ကြောင့်မဟုတ်။ ပြစ်မှားခြင်းခံရသောသူကြောင့် လည်းမဟုတ်ဘဲ သင်တို့သည် ငါတို့အပေါ် မည်မျှစိတ်အားထက်သန်ကြသည်ကို ဘုရားသခင်၏မျက်မှောက်၌ သင်တို့ကောင်းစွာသိရှိလာကြစေလိုသောကြောင့်ဖြစ်၏။-

13 ထို့ကြောင့် ငါတို့သည် စိတ်အားတက်လာကြ၏။

14 ငါတို့၏စိတ်အားတက်ခြင်းအပြင် တိတု၏ပျော်ရွှင် ခြင်းအတွက် ငါတို့သည် ပို၍ဝမ်းသာအားရဖြစ်ကြ၏။ အဘယ်ကြောင့် ဆိုသော် သင်တို့အားလုံးသည် သူ၏ စိတ်နှလုံးကို သက်သာလန်းဆန်းစေခဲ့သောကြောင့်ဖြစ်၏။-

15 အကြောင်းမူကား ငါသည် သူ့အား သင်တို့၌ ဂုဏ်ယူရသည့်အကြောင်းကိုပြောပြခဲ့လျှင် အရှက်မရခဲ့ပေ။ အမှန်စင်စစ် သင်တို့အား ငါတို့ပြောပြခဲ့သမျှသည် မှန်ကန် သကဲ့သို့ ယခုတိတုကို ငါတို့ကြွားဝါပြောဆိုခဲ့သမျှသည်လည်း ဟုတ်မှန်ကြောင်း ထင်ရှားလေပြီ။-

16 သင်တို့အား လုံးသည် သူ၏စကားကို နာခံခဲ့ကြကြောင်းကိုလည်း ကောင်း၊ သူ့အား ကြောက်ရွံ့တုန်လှုပ်ခြင်းဖြင့် ကြိုဆို လက်ခံခဲ့ကြကြောင်းကိုလည်းကောင်း သူသည် သတိရ အောက်မေ့သဖြင့် သင်တို့ကို ပို၍ချစ်ခင်လာ၏။- ငါသည် သင်တို့အပေါ် တွင် အပြီးအပိုင်စိတ်ချထားနိုင်ပြီဖြစ်သောကြောင့် ဝမ်းမြောက်ပါ၏။

Ler em outra tradução

Comparar lado a lado