1 ခုပြောဟှူ ကြောန်းရာလေရဲ့ ဓိကချစ်ဟှ အယ်မျိုး ယဇ်ပုရောဟိတ်မန်းဟှာ နို့လေမာရှိဟှယ်။ ကောန်းဂန်ဘောင်မာ အနန္တတဂိုးရှင်ရဲ့ ပလ္လင်တော် ညာဖတ်မာ ထိုင်နေတော်မူဘီးဟှာ၊
2 လူလေဆော့‑က်ဟှူ ဇာမှုဘဲ ဘုရားသခင် ဆော့‑က်တော်မူဟှူ၊ တဲတော်စစ်မှန်ဖြစ်ဟှူ သန့်ရှင်းရာဌာနထဲမာ ကိုယ်တော်ဟှာ မှုဆောန်တော်မူလေဟှယ်။
3 ယဇ်ပုရောဟိတ်မန်းဆိုဇာဟှာ ပူဇော်သက္ကာန ယဇ်ဟှိုပူဇော်ဟှို့တွပ် ခန့်ဟှားသူဖြစ်ဟှူကြောန့် နို့လေရဲ့ ယဇ်ပုရောဟိတ်မန်းမာလည်း ပူဇော်ဆစ်သဟှို့တွပ် ယဇ်တခုခုရှိရဟှယ်။
4 ကိုယ်တော်ဟှာ အယ်လောက မ္လေဂီးထတ်မာရှိမယ် ဆိုဟှာ ယဇ်ပုရောဟိတ် လောက်ဇာကြောန်း မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပညတ်တရားတိုင်း ပူဇော်သက္ကာဟှို ဆစ်ကပ်ဟှူ ယဇ်ပုရောဟိတ်လေဟှာ လောကမာ တဘောင်ဂီး ရှိဂေ့ဟှူကြောန့်ဖြစ်ဟှယ်။
5 မောရှေဟှာ တဲတော်ဟှို ဆော့‑က်ဟှို့လောက်ဟှူခီဟှ “တောန်ထတ်မာ နန့်ဟှို ငါပြဟှူပေါင်စံတိုင်း ဂူလောင်းဟှို လောက်ဟှို့တွပ် ဒိပြုပါ” ဆိုဘီး ဗျာဒိတ်တော်ဟှို ခံရဟှူဇာဖြစ်ဟှူကြောန့် အယ်မူ ယဇ်ပုရောဟိတ်လေဟှာ ကောန်းဂန်ထတ်မာရှိဟှူ ရာလေရဲ့ နမူနာ ပေါင်ရိနဆိုင်ဟှူ ဝတ်ဟှို စေခံလောက်ဆောန်နေဂေ့ဇာ ဖြစ်ဟှယ်။
6 အယ်ဘေမဲ့ ခုခီမာ ယေရှုဟှာ ပိုဘီး မြတ်ဟှူ ဂဒိတော်လေနတည်ဘီး ပိုဘီး မြတ်ဟှူ ပဋိညာဉ်တရားရဲ့ အာမခံဖြစ်ဟှူကြောန့် ပိုဘီး မြတ်ဟှူ ယဇ်ပုရောဟိတ်ခွမ့်ရာဟှို ရတော်မူဟှယ်။
7 တကယ်ကြောန့် ပထမပဋိညာဉ်တရားဟှ ပြစ်တန်ခွမ့်န လွတ်ကင်းမယ် ဆိုဟှာ ဒုတိယပဋိညာဉ်တရားဟှာ တည်ဟှို့လိုအပ်ဟှ။
8 အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့လူမျိုးလေဟှို ပြစ်တန်ဘီး မိန့်တော်မူဟှူဇာဟှ
13 ဘုရားသခင်ဟှာ ပဋိညာဉ်သစ် ဆိုဘီး မိန့်တော်မူဟှူဇာဟှ ပထမပဋိညာဉ်တရားဟှို ဟောန်းစေတော်မူကြောန့် ဖြစ်ဟှယ်။ ရွေ့လျော့ဘီး ဟောန်းနွမ်းဟှားဟှူ ဇာဟှာ ကြာခန်မာ ပျော့‑က်ကွယ်ဟှားလေ့မယ်။