Hebreus 5

TVN_TWF

1 လူလေထဲဟှ ဝီးကော့‑က်ခံရဟှူ ယဇ်ပုရောဟိတ်မန်းလေဟှာ ပြစ်ဖြေဟှူယဇ်န ပူဇော်သက္ကာလေဟှို လူလေကိုယ်စား ဘုရားသခင်ဟှို ဆစ်ကပ်ပူဇော်ဟှို့တွပ် ခန့်အပ်ခံရဟှူ သူဖြစ်ဟှယ်။

2 သူဟှာ ကိုယ်တိုင်အားနဲချစ် ရှိဟှူကြောန့် မိုက်မဲဟှူသူ၊ မှားယွင်းဟှူသူလေဟှို သီးခံဟှို့တွပ် တတ်နိုင်လေဟှယ်။

3 အယ်ကြောန့်လည်းဘဲ့ သူများလေရဲ့ ပြစ်တွပ်ဘဲ့မှုဘဲန သူ့ပြစ်တွပ်လည်း ပြစ်ဖြေရာယဇ်ဟှို ပူဇော်ရဟှယ်။

4 အယ်မျိုး ဂေါင်သရေရှိဟှူ ရပ်ရာဟှို ဖယ်သူလည်း ကိုယ့်ကိုယ်ကိုယ် ခံယူရဟှူဇာ မှုဟှ။ အာရုန်ဟှူမျိုး ဘုရားသခင် ခေါ်ယူတော်မူဟှူ ဇာအားဖြင့်ဘဲ့ ခံယူရရှိနိုင်ဟှယ်။

5 အယ်မျိုးဘဲ့ ခရစ်တော်ဟှာ ယဇ်ပုရောဟိတ်မန်းရဲ့ ရပ်ရာဟှို ကိုယ့်ကိုယ်ကိုယ် ချီးမြှော့‑က်ဟှူ ဇာမှုဘဲ့န

6 တခြားကျမ်းလေမာလည်း

7 ခရစ်တော်ဟှာ လူ့ဇာတိန သတ်တော်ထန်ရှား ရှိနေဟှူခီဟှ သူ့ဟှို သေရှင်းဟှနေ ကယ်တန်နိုင်ဟှူ ဘုရားသခင်နားဟှို ကြွေးကြော် မျစ်ရယ်က္လဘီး ဆုတောန်းသနားခံဟှူကြောန့် အယ်မူ ကြည်ညိုမှုအားဖြင့် ဘုရားသခင်ဟှာ နားထောန်တော်မူဟှယ်။

8 ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားတော် ဖြစ်ဟှူလည်းဘဲ့ ဆင်းရဲဒေါက်ခဟှို ခံဟှူဇာအားဖြင့် နားထောန်ရှင်း ကျိုးကြောန်းဟှို သန်ယူတော်မူဘီး၊

9 စောင်လင်ရှင်းဟှို ရော့‑က်ဘီးမှ ယောင်ကြည်နားထောင်ဟှူ သူလေဟှို ထာဝရကယ်တန်ရှင်း ကျေးဇူးဟှို ပြုဟှူသူ ဖြစ်တော်မူဘီး၊

10 မေလခိဇေဒက်ဟှူမျိုးယဇ်ပုရောဟိတ်မန်း ဆိုဘီး ဘုရားသခင် သမုတ်ဇာဟှို ခံရလေဟှယ်။

11 အယ်မူ မေလခိဇေဒက်ရဲ့ ကြောန်းဟှို နို့လေ ပြောဇာဘောင်ဂီး ရှိဟှူလည်းဘဲ့ နန်းနို့လေဟှာ ဉာဏ်နဲဟှူကြောန့် ပြောပြရခတ်ဟှယ်။

12 တကယ်ဘဲ့ နန်းနို့လေဟှာ ခီကာလလေ ကြာလာဘီ ဖြစ်ဟှူကြောန့် ဆရာဖြစ်ဟှို ရော့‑က်သင့်ဟှူလည်းဘဲ့ ဘုရားသခင်ရဲ့ တရားတော်ဟှို ခြေခံဟှနေစဘီး သူများလေနားမာ သန်ယူရဟှို့ကြောန်း ရှိဟှူကြောန့် ကြေခဲဟှူစာဟှို စားနိုင်ဘဲန နို့ဟှိုဘဲ့ သော့‑က်ရဟှူသူ ဖြစ်ဂေ့ဟှယ်။

13 နို့ဟှို့ဘဲ့ သော့‑က်ဘီး သတ်ရှင်ဟှူသူဟှာ နို့စို့သားဂန်းဟှား ဖြစ်ဟှူကြောန့် ဖြောန့်မတ်ဟှူ တရားန ရင်းနှီးကျွမ်းဝမ်ရှင်း မှေ့ဟှ။

14 ကောန်းလော၊ ကောန်းဟှလော၊ ဆိုဇာဟှို ပိုင်းခြားဘီး သိဟှူဉာဏ်န လေ့ကျင့်ရှင်းရှိဘီး စောင်လင်ဟှူ ရွယ်ဟှာ ကြေခဲဟှူစားဇာဟှိုဘဲ့ စားဂေ့ဟှယ်။

Ler em outra tradução

Comparar lado a lado