Tito 3

TVN

1 တိုင်းပြည်ဟှို အောက်ချောက်ဟှူ လူလေန အာဏာပိုင်လေရဲ့ အောက်စိုးရှင်းလေဟှို ဝန်ခံဘီး သူးနို့စကားဟှို နားထောန်ဂေ့ဟှိုတွပ်ရော၊ ကောန်းမြတ်ရှင်းကိစ မှန်မျှဟှို လောက်ဟှို့တွပ် ဆင်သင့်ဖြစ်နေဟှို့တွပ်ရော၊ ယောင်ကြည်သူလေဟှို ဒိပေးပါ။

2 ဖယ်သူကြောန်းဟှိုလည်း ကောန်းဘဲဟှူဇာဟှို ပြောဘဲန အေးအေးချမ်းချမ်းဟှား နေထိုင်ဂေ့ဟှို့တွပ်န ခီတိုင်းမာ လူလေဟှို နူးညံ့သိမ်မွေ့ဘီး ဆစ်ဆံဂေ့ဟှို့တွပ် သူးနို့လေဟှို ပြောပါ။

3 တခါဒူးဟှ နို့လေဟှာ နာခံဘဲန မိုက်မဲဘီးဟှာ လမ်းမှားဘီးနေဟှယ်။ ကာမဂေါင်ဘောန်း‌ဇောင်န ပျော်ပါးလိုက်စားရှင်းလေထဲမာ ကျွန်ဖြစ်လာဟှယ်။ နို့လေမာ မြဲဒမ်းဘဲ့ နာလိုဘဲဟှူစိ၊ မူးနေဟှူ သဘောလေလည်း ရှိဂေ့ဟှယ်။ တခြားသူလေဟှာ နို့လေဟှို မူးဂေ့ဟှယ်။ နို့လေဟှလည်း သူးနို့ဟှို မူးဂေ့ဟှယ်။

4 အယ်ဘေမဲ့ နို့လေရဲ့ ကယ်တန်ရှင် ဘုရားသခင်ရဲ့ ကရုဏာတော်န ရှစ်ရှင်းမြစ်တာတော်ဟှာ ထန်ရှားလာဟှူ ခီမာ၊

5 နို့လေဟှာ ကယ်တန်ရှင်းဟှို ခံရဂေ့ဟှယ်။ အယ်မျိုးကယ်တန်ရှင်း ခံရဟှူဇာဟှ နို့လေရဲ့ ဖြောန့်မတ်ဟှူ ကျင့်အားဖြင့်မှုဘဲ ကိုယ်တော်ဟှာ သူ့ရဲ့ ကရုဏာတော်နညီ သန့်ရှင်းဟှူဝိညာဉ်တော်ကြောန့် နို့လေဟှို နော့‑က်တခါ ပ္လန်မွီးဘီးဟှာ သစ်ဖြစ်ဟှူသက်တာန ဘဝသစ်ဟှို ပေးကြောန့်ဖြစ်ဟှယ်။

6 ဘုရားသခင်ဟှာ နို့လေဟှို ကယ်တန်ဟှူရှင် ယေရှုခရစ်တော်ကြောန့် သန့်ရှင်းဟှူဝိညာဉ်တော်ဟှို နို့လေထတ်ဟှို ကြွယ်ဝစွာ လောန်းခ္လပေးဟှယ်။

7 အယ်မျိုးလောက်ဇာဟှာ နို့လေဟှာ ကိုယ်တော်ရဲ့ ကျေးဇူးတော်ကြောန့် ဖြောန့်မတ်ဟှယ် ဆိုဇာဟှို သိမှတ်ပြုခံရဘီးဟှာ ထာဝရသတ်ဟှို မျှော်လင့်ဘီး မွီခံလဲ ဖြစ်လာဂေ့ရဟှယ်။

8 အယ်စကားဟှာ သစ်စာစကားဖြစ်ဟှယ်။ ဘုရားသခင်ဟှို ယောင်ကြည်လူလေဟှာ ကောန်းဟှူကျင့်၊ လူလေဟှို ကျိုးပြုဟှူကျင့်လေ ရှိနေဂေ့ဟှို့တွပ် စစဒူးဟှ ပြောဟှားဟှူဇာလေဟှို ဂရုစိုက်ဘီးဟှာ နှိုးဆော်တိုက်တွန်းဂေ့ပါ။

9 အယ်ဘီးဟှာ ကျိုးမှေ့ဘဲနပြောရှင်း၊ ရရာတိုင်းရှည်ဟှူ ဆွေမျိုးစာရင်းလေလောက်ရှင်း၊ ရန်ဖြစ်ရှင်း၊ ပညတ်တရားန ပတ်သတ်ဘီးဟှာ စကားများရှင်းလေဟှို ရှောန်ဂေ့ပါ။ အယ်မျိုးလောက်ဇာလေဟှာ သောင်းဝမ်ဟှ။ ဖြားကျိုးလည်း မှေ့ဟှ။

10 စိဝန်းကွဲရှင်းလေဖြစ်အောန် လောက်ဟှူလူဟှို နဲဆောင်း နှေ့ခါလော့‑က် ဒိပေးဘီးန သူ့ဟှို ထပ်ဘီးဟှာ ပေါန်းဂေ့န။

11 အယ်မျိုးလူဟှာ ဖော့‑က်ပ္လန်ဟှူလူ ဖြစ်ကြောန်းဟှို နန်းနို့ဟှသိဟှယ်။ သူပြစ်ရှိကြောန်းဟှို သူ့ကိုယ်သူ သတ်သေပြဟှယ်။

12 အာတေမဟှိုဘဲ့ ဖြစ်ဖြစ်၊ တုခိတ်ဟှိုဘဲ့ ဖြစ်ဖြစ် နန်းနို့နားဟှို လွှတ်လိုက်ဟှူ ခီမာ ငါရှိနေဟှူ နိကောပလိဗြို့ဟှို ကြိုးစားဘီးဟှာလာဂေ့။ အယ်ဗြို့မာ ဆောင်းကာလမှာဘဲ့နေဟှို့ ငါဆောင်းဖြတ်ဟှားဟှယ်။

13 ရှေ့နေဖြစ်ဟှူဇေနန အာပေါလုလေဟှာ ခရီးသွားနိုင်ဟှို့တွပ် ကြိုးစားဘီးဟှာ ကူညီပေးပါ။ သူးနို့လေ လိုရှင်ဇာမှန်မျှဟှို ကူညီလိုက်ပါ။

14 စားဝတ်နေရေတွပ် တကယ် လိုအပ်ဇာလေဟှို ရဟှို့တွပ် နို့လေရဲ့လူလေဟှာ ကောန်းဇာနသတ်မွီးဟှို့တွပ် သွန်သန်ဂေ့ပါ။ ကိုယ့်ရဲ့လောက်အားဟှို ချည်းနှီးဖြစ်စေဂေ့န။

15 ငါနတူးဒူ နေဟှူလူလေဟှ နန့်ဟှို နှောက်ဆစ်လိုက်ဟှယ်။ ယောင်ကြည်ရှင်းတရားန နို့လေရှစ်ရဟှူ မိဆွေလေဟှို နှောက်ဆစ်လိုက်ဟှယ်။

Ler em outra tradução

Comparar lado a lado