Romanos 15

TVN

1 အယ်ကြောန့် ယောင်ကြည်ရှင်းခိုင်ခံ့ဟှူ နို့လေဟှာ အားနဲဟှူသူလေရဲ့ အားနဲရှင်းလေဟှို ထော့‑က်ရှုပေးရမယ်။ ကိုယ့်လိုဟှိုလိုက်ဘီး လောက်ဆောန်သင့်ဟှ။

2 နို့လေဂူလောင်းဟှာ ယောင်ကြည်မှုအားနဲဟှူ ညီကို မောန်နှမလေဟှို ယောင်ကြည်ရှင်း ခိုင်မာလာစေဟှို့တွပ် သူးနို့လေရဲ့ ကောန်းကျိုးဟှို ထော့‑က်ဘီးဟှာ သူးနို့လိုဟှို လိုက်ဘီး တည်ဆော့‑က်ပေးသင့်ဟှယ်။

3 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော်ဟှာ ကိုယ့်လိုဟှို လိုက်ဟှ။ ကျမ်းစာလာဟှူဇာဟှ “ကိုယ်တော့်ဟှို ကဲ့ရဲ့ဟှူသူလေရဲ့ စကားဟှာ ကျွန်တော့်ထတ်ဟှို ရော့‑က်ပါဟှယ်” ဆိုဘီး လာလေဟှယ်။

4 ကျမ်းစာမာ ဖော်ပြဘီး ရေးဟှားဟှူ ရှိမျှဂူလောင်းဟှာ နို့လေဟှို သွန်သန်ဆောင်းမဟှို့တွပ် ရေးဟှားဇာ ဖြစ်ဟှယ်။ အယ်မျိုး ဖော်ပြရဇာဟှ နို့လေဟှာ ကျမ်းစာတော်မာရရှိဟှူ သီးခံရှင်းန နှစ်သိမ့်မှုလေအားဖြင့် မျှော်လင့်ရှင်းရှိဟှို့တွပ် ဖြစ်ဟှယ်။

5 နန်းနို့လေ ဂူလောင်းဟှာ ခရစ်တော်ယေရှုရဲ့ ပေါင်သတ်သေဟှို လိုက်ရှော့‑က်ဘီး တစိတဝန်းဒဲရှိဟှို့တွပ် သီးခံရှင်းန နှစ်သိမ့်မှုရဲ့ သခင် ဘုရားသခင်ဟှာ နန်းနို့လေဟှို ကူမတော်မူပါစေ။

6 အယ်မျိုးမှ နန်းနို့လေ ဂူလောင်းဟှာ တလောင်းတဝဒဲန နို့လေရဲ့သခင် ယေရှုခရစ်တော်ရဲ့ ဖ ဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ချီးမွမ်းနိုင်ဂေ့လေ့မယ်။

7 အယ်ကြောန့် ခရစ်တော်ဟှာ နန်းနို့ဟှို လတ်ခံဟှူမျိုး ဘုရားသခင်ရဲ့ ဖောင်းသရေတော် ထန်ရှားစေဟှို့တွပ် ရှင်းရှင်း တယော့‑က်ဟှိုတယော့‑က် လတ်ခံဂေ့ပါ။

8 နော့‑က်ထပ် ငါပြောရှင်ဇာဟှ ခရစ်တော်ဟှာ ဘုရားသခင်ရဲ့ သမ္မာတရားဟှို ထန်ရှားစေဟှို့တွပ် ရေဖျားလှီးဟှားဟှူ သူလေရဲ့ စေခံဖြစ်တော်မူဟှယ်။ အယ်မျိုး ဖြစ်ဟှူဇာဟှ ရှေးဘိုးဘေးလေဟှို ပေးဟှားဟှူ ဂဒိတော်လေဟှို တည်မြဲစေဟှို့တွပ်န၊

9 လူမျိုးခြားလေလည်း ကရုဏာတော်ကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ဟှို့တွပ် ဖြစ်ဟှယ်။ ကျမ်းစာတော်ဟှ၊

10 နော့က်ဘီး ကျမ်းစာဟှ၊

11 နော့‑က်ဘီး လာဇာဟှ၊

12 နော့‑က်ဘီး ဟေရှာယပြောဇာဟှ၊

13 နန်းနို့လေဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ တဂိုးတော်အားဖြင့် မျှော်လင့်ရှင်းန ကြွယ်ဝဟှို့တွပ် မျှော်လင့်ရှင်းရဲ့ရှင် ဘုရားသခင်ဟှာ ယောင်ကြည်ရှင်းဟှလာဟှူ ဝန်းသာဇာဘောန်းဇောင်န ငြီသတ်ရှင်းဟှို ပေးသနားတော်မူပါစေ။

14 ညီကို မောန်နှမလေ နန်းနို့လေဟှာ ကောန်းမြတ်ဟှူ ပါရမီ သိပညာဘောန်းဇောင်န ပ္လဲ့ဝဘီး ရှင်းရှင်း သွန်သန်နိုင်ဂေ့မယ် ဆိုဇာဟှို ငါစိခ္လ ယောင်ကြည်ပါဟှယ်။

15 အယ်ဘေမဲ့ အယ်စာမာ တချို့ကြောန်းရာလေန ပတ်သတ်ဘီး နန်းနို့လေဟှို ဒိပေးရာမာ ငါ့ဟှို ဘုရားသခင် ပေးသနားဟှူ ကျေးဇူးတော်ဟှို မှီပြုဘီး ရဲရဲရင့်ရင့် ရေးဟှားဇာဖြစ်ဟှယ်။

16 အယ်မူခွမ့်ရေးဟှာ လူမျိုးခြားလေတွပ် မှုတော်ဆောန်ဟှို့ ခရစ်တော်ယေရှုရဲ့ စေခံဖြစ်ရဟှူ ခွမ့်ထူးဘဲ့ဖြစ်ဟှယ်။ လူမျိုးခြားလေဟှာ ဘုရားသခင် နှစ်သက်ဖွယ်ရာ ပူဇော်သကာဖြစ်န ဘုရားသခင်ဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှ ဆစ်ကပ်ဟှူသူလေ ဖြစ်လာဟှို့တွပ် ငါဟှာ ယဇ်ပုရောဟိတ် တာဝန်ဟှို ထမ်းဆောန်ဘီး ဘုရားသခင်ရဲ့ ဒန်းကောန်းဟှို ဟောပြောကြေညာပါဟှယ်။

17 အယ်ကြောန့် ငါဟှာ ဘုရားသခင်န စပ်ဆိုင်ဟှူ ရာလေနှိုက် ခရစ်တော် ယေရှုအားဖြင့် ဝါကြွားဇာကြောန်းရှိဟှယ်။

18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူမျိုးခြားလေဟှာ နာခံမှုရှိစေဟှို့တွပ် ခရစ်တော်ဟှာ ငါ့ဟှို သုံးပြုဘီး တရားစကားန လောက်ဆောန်ရှင်းအားဖြင့်ရော၊

19 နိမိတ်လတ်ခဏာလေန အံ့ဩဘွယ်ရာလေရဲ့ တဂိုးအားဖြင့်ရော ဘုရားသခင်ရဲ့ ဝိညာဉ်တော် တဂိုးအားဖြင့်ရော၊ ပြုတော်မူဟှူ ဇာလေဟှနေတခြား ငါဟှာ ဖယ်ဇာဟှိုမှ ရဲရဲဝံ့ဝံ့ ပြောရှင်ဟှ။ အယ်မျိုးဖြစ်ကြောန့် ငါဟှာ ယေရုရှလင်ဗြို့ဟှနေ ဣလုရိတ်ပြည်ထိ ရော့‑က်ဟှူနေရာတိုင်းမာ ခရစ်တော်ရဲ့ ဒန်းကောန်းဟှို ကူစင်အောန် ဟောပြောဟှယ်။

20 အယ်မျိုး တခြားလူလေ ခ္လဟှားဟှူ အုပြစ်ထတ်မာ ငါဆစ်ဘီး တည်ဆော့‑က်ဟှ။ ခရစ်တော်ရဲ့ နာမဟှို ကြားဖူးသေးဘဲဟှူ နေရာလေမာ ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် စေတနာစိန ငါကြိုးစားအားထုလေ့ရှိဟှယ်။

21 အယ်မျိုးဘဲ့ ကျမ်းစာလာဇာဟှ၊

22 အယ်မူကြောန်းကြောန့်၊ ငါဟှာ နန်းနို့လေနားဟှို လာဟှို့တွပ် ခါဘီးခါ ကြိုးစားဟှူလည်းဘဲ့ တားဆီးခံရဟှယ်။

23 အယ်ဘေမဲ့လည်း ခုခီမာ ငါဟှာ အယ်ဒေသလေမာ လောက်ဆောန်သင့်ဟှူ မှုကိစလေဟှို လောက်ဆောန်ဘီးဟှာ နန်းနို့လေနားဟှို လာဟှို့တွပ် နှစ်ပေါန်း ဘောင်ဂီးဟှနေဘီး ဆန္ဒရှိဟှူတိုင်း၊

24 စပါနိပြည်ဟှို ငါသွားဟှူ ခီမာ နန်းနို့လေဟှို ဗြင်တွိရှင်ကြောန့် လည်လာရင်းန ဝမ်လာဟှို့ စိကူးဟှားဘီး၊ နန်းနို့လေနားမာ ရှစ်ဟှား တဲခိုဘီးဟှာ စပါနိပြည်ဟှို ခရီးသွားဟှို့တွပ် ငါ့ဟှို ကူညီပေးလေ့မယ် ဆိုဘီး မျှော်လင့်ဟှားပါဟှယ်။

25 ခု ငါဟှာ သန့်ရှင်းသူလေရဲ့ မှုဟှို လောက်ကျွေးပြုဟှို့တွပ် ယေရုရှလင်ဗြို့ဟှို သွားရမယ်။

26 ဖြားဖြစ်ကြောန့်နူးဆိုဟှာ မာကေဒေါနိ ပြည်သားလေန အခါယ ပြည်သားလေဟှာ၊ ယေရုရှလင်ဗြို့မာရှိဟှူ ဆင်းရဲဟှူ သန့်ရှင်းသူလေဟှို ကူညီ ထော့‑က်ပံ့ပေးဟှို့တွပ် စေတနာစိ ရှိဂေ့ကြောန့်ဖြစ်ဟှယ်။

27 သူးနို့လေ စေတနာစိရှိဟှူဇာ မှန်ဟှူလည်းဘဲ့ ယုဒလူမျိုးလေဟှို ကူညီ ထော့‑က်ပံ့ပေးဟှို့တွပ် တာဝန်ရှိပါဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယုဒလူမျိုးလေဟှာ သူးနို့ခံစားရဟှူ ဝိညာဉ်ဆုကျေးဇူးလေဟှို လူမျိုးခြားလေဟှို ဝီမျှခံစားစေဟှူကြောန့်၊ လူမျိုးခြားလေဟှလည်း ယုဒလူမျိုးလေရဲ့ ရောက်ပိုင်းဆိုင်ရာ အောက်စာလေဟှို ဝီငှပေးကမ်းသင့်ပါဟှယ်။

28 အယ်ကြောန့် အယ်မှုဟှို လောက်ဆောန်ဘီး လှူငွေလတ်ဆောန်ဟှို သူးနို့လတ်ထဲဟှို အပ်ပေးဘီးဟှာ နန်းနို့ဟှို ဝမ်တွိဘီးဟှာ စပါနိပြည်ဟှို သွားမယ်။

29 နန်းနို့နားဟှို ငါလာဟှူ ခီမာ ခရစ်တော်ရဲ့ ကောန်းဂျီးန ပ္လဲ့ဝဘီး ရော့‑က်လာမယ် ဆိုဇာဟှို ငါသိဟှယ်။

30 ညီကို မောန်နှမလေ နို့လေရဲ့ သခင် ယေရှုခရစ်တော်န ဝိညာဉ်တော်ဟှ ပေးသနားဟှူ ရှစ်ရှင်းမြစ်တာဟှို မှီပြုဘီးဟှာ ငါ့တွပ် ငါ့နတူးဒူ ဘုရားသခင်ထံတော်မာ စိအားထတ်သန်ဘီးဟှာ ဆုတောန်းပေးဟှို့တွပ် နန်းနို့လေဟှို ငါတိုက်တွန်းနှိုးဆော်ရှင်ဟှယ်။

31 ယုဒပြည်မာရှိဟှူ ယောင်ကြည်ဘဲဟှူသူ ယုဒလူမျိုးလေရဲ့ ဘေးရန်ဟှနေ လွတ်ကင်းဟှို့တွပ်န ယေရုရှလင်ဗြို့မာ ငါကူညီမဇရှင်းမှုရာဟှို သန့်ရှင်းသူလေ နှစ်သက်ဘီး ဝန်းသာအားရန လတ်ခံနိုင်အောန် ဆုတောန်းဂေ့ပါ။

32 ဘုရားသခင် လိုတော်ရှိဟှယ် ဆိုဟှာ ငါဟှာ ဝန်းမြော့-က်ရှင်းန နန်းနို့နားဟှို လာဘီး နန်းနို့လေနတူးဒူ ပျော်ပျော်ရွှင်ရွှင်န နားရဟှူခွမ့်ဟှို ရပါလေ့မယ်။

33 ငြီသတ်ရှင်းရဲ့ရှင် ဘုရားသခင်ဟှာ နန်းနို့လေနတူးဒူ ရှိတော်မူပါစေ။ အာမင်။

Ler em outra tradução

Comparar lado a lado