1 ဘုရားသခင် ခေါ်ထားတော်မူသော ငါ၏ခရစ်ယာန်ညီအစ်ကို မောင်နှမရို့၊ ငါရို့ ဝန်ခံထားသော ယုံကြည်ခြင်းတရားနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူခြင်းငှာ ဘုရားသခင် စီရွှတ်တော်မူသော ယေသျှုအကြောင်းကို စဉ်းစားဆင်ခြင်ကြလော့။
2 မောသျှေသည် ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်ရသည့် အလုပ်တွင် သစ္စာဟိသကဲ့သို့ ကိုယ်တော်သည် ဤအမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်တော်မူသော ဘုရားသခင်ကို သစ္စာဟိတော်မူ၏။
3 အိမ်ကို ဆောက်သောသူသည် အိမ်ထက် သာ၍ ချီးမြှောက်ခြင်းကို ခံထိုက်သကဲ့သို့ ယေသျှုသည် မောသျှေထက်သာ၍ ဂုဏ်ပြုခြင်းကို ခံထိုက်ပေ၏။
4 အိမ်မည်သည်ကား တည်ဆောက်သောသူ တစ်ဦး ကြောင့်ဖြစ်၏။ သို့ရာတွင် အရာခပ်သိမ်းကို တည်ဆောက်သောသူသည် ဘုရားသခင်ဖြစ်၏။
5 မောသျှေသည် နောင်အခါ၌ ဘုရားသခင်ဟောကြားမည့် အရာများကို သက်သီခံလျက် ဘုရားသခင်၏အိမ်တော်၌ အစီခံတစ်ယောက်အဖြစ်ဖြင့် သစ္စာဟိတော်မူခ၏။
6 သို့ရာတွင် ယေသျှုသည် ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးရသော သားတော်အဖြစ်ဖြင့် သစ္စာဟိတော်မူ၏။ ငါရို့သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံလျက်၊ ငါရို့၏မျှော်လင့်သောအရာ၌ တည်နိန်ကြလျှင် ကိုယ်တော်၏အိမ်တော်ပင်ဖြစ်ကြ၏။
7 သို့ဖြစ်၍ သန့်ယှင်းသော ဝိညာဉ်တော်က မိန့်တော်မူသည်မှာ၊
12 ငါ၏ညီအစ်ကို မောင်နှမရို့ အလွန်ဆိုးယုတ်ပြီး ယုံကြည်မှုကင်းမဲ့သည့် စိတ်နှလုံးဟိသောသူသည် အသက်ရှင်တော်မူသော ဘုရားသခင်မှ ဝီးကွာလားတတ်၏။ ထိုသို့သောသူ တစ်ဦးတစ်ယောက်မျှ သင်ရို့၌ မဟိစီခြင်းငှာ သတိထားကြလော့။
13 သင်ရို့သည် အပြစ်၏လှည့်စားခြင်းအားဖြင့် ဂေါင်းမာသောသူတိ ဖြစ်မလာစီခြင်းငှာ ကျမ်းစာ၌ ပါသော “ဤနိ့” တည်းဟူသော နိ့ရက် ဟိသမျှကာလပတ်လုံး သင်ရို့သည် နိ့တိုင်း တစ်ယောက်ကို တစ်ယောက် အားပီးတိုက်တွန်းကြလော့။
14 ငါရို့သည် အစဦးကပင် ရထားပြီးသော ယုံကြည်ခြင်းကို အဆုံးတိုင်အောင် ဆုပ်ကိုင်ထားကြလျှင် ခရစ်တော်နှင့်အတူ လုပ်ဖော်ကိုင်ဖက်များကြ၏။
15 ကျမ်းစာလာသည်ကား၊
16 ဘုရားသခင်၏ အသံတော်ကို ကြားသောသူတိကား ဇာသူတိလဲ။ ထိုသူရို့သည်ကား အဲဂုတ္တုပြည်မှ မောသျှေ ခေါ်ထုတ်လာသောသူများ ဖြစ်ကြ၏။
17 ဘုရားသခင်သည် နှစ်ပေါင်းလေးဆယ်ကာလပတ်လုံး ဇာသူရို့ကို အမျက်တော်ထွက်ခလဲ။ ထိုသူရို့ကား ဒုစရိုက်အပြစ်ကို ပြု၍ တောကန္တာရ၌ လဲကျ၍ သီဆုံးလားကြသောသူရို့ ဖြစ်ကြ၏။
18 ဘုရားသခင်က ကျိန်ဆိုတော်မူသောအခါ “သူရို့သည် ငါ၏ ငြိမ်ဝပ်ချမ်းသာခြင်းထဲသို့ လုံးဝ ဝင်ရကြလိမ့်မည် မဟုတ်” ဟု ဇာသူရို့ကို ပြောခဖူးလဲ။ ထိုသူရို့သည်ကား ဘုရားသခင်ကို ဆန့်ကျင်သောသူရို့ ဖြစ်၏။
19 သူရို့သည် ထိုသို့ မဝင်နိုင်ခကြသည်မှာ မယုံကြည်ကြသောကြောင့် ဖြစ်သည်ဟု ငါရို့ သိကြရ၏။