Apocalipse 4

RKI

1 ထို့နောက် ငါကြည့်လျှင်၊ ကောင်းကင်တန်းခါးပွင့်လျက် ဟိသည်ကို ငါမြင်ရ၏။

2 ထိုအခါ ငါ့ထံ၌ ဝိညာဉ်တော်သည် ချက်ချင်း သက်ရောက်လေ၏။ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခုဟိ၏။ ထိုပလ္လင်ထက်တွင် ထိုင်နိန်တော်မူသော သူလည်း ဟိ၏။

3 ထိုသူ၏ မျက်နှာတော်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်ကဲ့သို့ တောက်ပ၏။ ပလ္လင်၏ ပတ်လည်တွင် မြရောင်တောက်နိန်သော သက်တန့်သည် တည်လျက်ဟိ၏။

4 ထိုပလ္လင်၏ ပတ်လည်တွင် အခြားပလ္လင်နှစ်ဆယ့်လေးခုကိုလည်း ငါတွိ့မြင်ရ၏။ ထိုပလ္လင်တိထက်တွင် အသက်ကြီးသူ နှစ်ဆယ့်လေးပါးရို့သည် ထိုင်လျက် နိန်ကြ၏။ သူရို့သည် ဝတ်ဖြူစင်ကြယ်များကို ဝတ်လျက် ရွှီသရဖူများကို ဆင်ယင်ထားကြ၏။

5 ပလ္လင်တော်ထဲမှ လျှပ်စစ်လက်သည့် အရောင်များ၊ မြည်ဟီးသော အသံများနှင့် မိုးကြိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ ပလ္လင်တော်၏ ရှိ့တွင် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးတိုင်ခုနစ်တိုင်သည် ထွန်းလင်းလျက် ဟိ၏။

6 ပလ္လင်တော်၏ရှိ့တွင် သလင်းကျောက် ကဲ့သို့ ကြည်လင်သော ဖန်ရီကန်ဟု ထင်ရသော ကန်ဟိ၏။

7 ပထမသတ္တဝါသည် ခြင်္သေ့နှင့် တူ၏။ ဒုတိယသတ္တဝါသည် နွားပေါက်ချေနှင့် တူ၏။ တတိယသတ္တဝါ၏ မျက်နှာသည် လူ့မျက်နှာနှင့် တူ၏။ စတုတ္ထသတ္တဝါသည် ပျံလျက်နိန်သော လင်းယုန်နှင့် တူ၏။

8 ထိုသတ္တဝါ လေးပါးစလုံးတွင် အတောင်ခြောက်ခုစီ ဟိကြ၏။ သူရို့၏ကိုယ် အတွင်းအပြင်၌ မျက်စိများနှင့် ပြည့်နှက်လျက် ဟိကြ၏။ သူရို့သည် နိ့နှင့်ညပါ မနားဘဲ၊

9 ပလ္လင်ထက်တွင် စံတော်မူ၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော အသျှင်၏ကျေးဇူးတော်၊ ဂုဏ်တော်၊ ဘုန်းတန်ခိုးတော်များကို ထိုသတ္တဝါရို့သည် ချီးမွမ်းကြသည့်အခါတိုင်း၊

10 အကြီးအကဲ နှစ်ဆယ့်လေးပါးရို့သည် ပလ္လင်ထက်တွင် စံတော်မှုလျက် ကမ္ဘာအဆက်ဆက်အသက် ရှင်တော်မူသော အသျှင်၏ရှိ့တော်၌ ပျပ်ဝပ်လျက် ကိုးကွယ်ကြကုန်၏။ သူရို့သည် ပလ္လင်တော်ရှိ့တွင် မိမိရို့၏ သရဖူများကို ချလျက်၊

11 “အကျွန်ရို့၏အသျှင် ဘုရားသခင်၊

Ler em outra tradução

Comparar lado a lado