1 နွေဦးပေါက်သောအခါမိုးရွာစေရန်ထာဝရ ဘုရားအား လျှောက်ထားတောင်းခံကြလော့။ မိုး တိမ်များကိုစေလွှတ်ကာမိုးရွာစေ၍လူခပ် သိမ်းတို့အတွက် လယ်ပြင်များကိုစိမ်းလန်း စေတော်မူသောအရှင်ကားထာဝရဘုရား ပေတည်း။-
2 လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
3 ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်ကိုအုပ်စိုးသည့်မင်းတို့အား အမျက် ထွက်သဖြင့်အပြစ်ဒဏ်ခတ်မည်။ ယုဒ ပြည်သားတို့သည်ငါ၏လူမျိုးတော်ဖြစ် သဖြင့် အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်သူတို့ကိုစောင့်ထိန်းကြည့်ရှုမည်။ သူ တို့သည်ငါ၏အင်အားကြီးမားသည့်စစ် မြင်းများဖြစ်ကြလိမ့်မည်။-
4 သူတို့အထဲမှမင်းများ၊ ခေါင်းဆောင်များ၊ တပ်မှူးများအစရှိသည်တို့ပေါ်ထွန်း လာမည်။-
5 ယုဒပြည်သားတို့သည်လမ်းများပေါ်ရှိ ရွှံ့နွံထဲတွင် ရန်သူများကိုကျော်နင်းပစ် ကြသည့်စစ်သည်တော်များကဲ့သို့အောင်ပွဲ ခံရကြလိမ့်မည်။ ထာဝရဘုရားသည်သူတို့ နှင့်အတူရှိတော်မူသဖြင့် သူတို့သည်ရန် သူမြင်းစီးသူရဲများကိုပင်လျှင်တိုက် ခိုက်နှိမ်နင်းကြလိမ့်မည်။
6 ``ငါသည်ယုဒပြည်သားတို့ကိုကြံ့ခိုင် စေ၍ ဣသရေလပြည်သားတို့ကိုကယ်တင်မည်။
7 ဣသရေလအမျိုးသားတို့သည်စစ်သည်သူရဲ များကဲ့သို့
8 ``ငါသည်မိမိ၏လူမျိုးတော်ကိုခေါ်ယူ စုရုံးမည်။
9 ငါသည်သူတို့အားလူမျိုးတကာတို့ထံသို့ ပျံ့လွင့်စေခဲ့သော်လည်း၊
10 ငါသည်သူတို့အားအီဂျစ်ပြည်နှင့်အာရှုရိ ပြည်မှ
11 သူတို့သည်ဘေးအန္တရာယ်ရှိသောပင်လယ်ကို
12 ငါသည်မိမိလူမျိုးတော်အားကြံ့ခိုင်စေမည်။