1 ကျွန်တော်မျိုးကိုကယ်တင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊
2 ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
3 ကျွန်တော်မျိုးသည်ဒုက္ခရောက်ရဖန်များလှ သဖြင့် သေလုပါပြီ။
4 ကျွန်တော်မျိုးသည်သေအံ့ဆဲဆဲဖြစ်လျက် နေသူတစ်ယောက်ဖြစ်ပါ၏။
5 ကျွန်တော်မျိုးသည်သူသေကဲ့သို့ဖြစ်ပါ၏။
6 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အမှောင်ဆုံး၊ အနက်ဆုံးသောတွင်းတည်းဟူသောနက်ရှိုင်းရာ
7 အမျက်တော်သည်ကျွန်တော်မျိုးအားဖိလျက် ရှိပါ၏။
8 ကျွန်တော်မျိုးအားမိတ်ဆွေများစွန့်ပစ်စေတော် မူပါပြီ။
9 ကျွန်တော်မျိုးခံရသောဒုက္ခကြောင့်မျက်စိများသည် ပြာဝေလျက်ရှိပါ၏။
10 ကိုယ်တော်ရှင်သည်သူသေတို့အတွက်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူပါသလော။
11 ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကို သင်္ချိုင်းတွင်း၌လည်းကောင်း၊
12 ကိုယ်တော်ရှင်၏ထူးဆန်းသောနိမိတ်လက္ခဏာ များကို ထိုမှောင်မိုက်ရာအရပ်၌လည်းကောင်း၊
13 အို ထာဝရဘုရား၊
14 အို ထာဝရဘုရား၊
15 ကျွန်တော်မျိုးသည်ငယ်စဉ်ကတည်းကဝေဒနာ ခံရလျက်သေလုနီးပါးဖြစ်ခဲ့ပါ၏။
16 ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော်သည် ကျွန်တော်မျိုးအားပြိုလဲစေပါ၏။
17 ယင်းတို့သည်မြစ်ရေလျှံသကဲ့သို့တစ်နေ့လုံး ကျွန်တော်မျိုးအားဝိုင်းရံလျက်ရှိပါ၏။
18 အရင်းနှီးဆုံးသောမိတ်ဆွေများအားပင် လျှင် ကျွန်တော်မျိုးကိုစွန့်ပစ်စေတော်မူပါပြီ။