Salmos 72

MYA

3 တိုင်း​ပြည်​တွင်​သာ​ယာ​ဝ​ပြော​၍​တ​ရား မျှ​တ​မှု စိုး​မိုး​ခြင်း​ရှိ​ပါ​စေ​သော။

4 မင်း​ကြီး​သည်​ဆင်း​ရဲ​သူ​တို့​အား​မျှ​တ​စွာ တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ပါ​စေ​သော။

5 နေ​သည်​ထွန်း​လင်း​လျက်၊လ​သည်​အ​လင်း​ရောင် ပေး​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး

6 မင်း​ကြီး​သည်​လယ်​ယာ​များ​အ​ပေါ်​သို့ ရွာ​ချ​သည့် မိုး​ကဲ့​သို့​လည်း​ကောင်း၊

7 မင်း​ကြီး​၏​လက်​ထက်​၌​တ​ရား​မျှ​တ​မှု စိုး​မိုး​ပါ​စေ​သော။

8 မင်း​ကြီး​သည်​ပင်​လယ်​တစ်​ပြင်​မှ​တစ်​ပြင် တိုင်​အောင်​လည်း​ကောင်း၊

9 သဲ​ကန္တာ​ရ​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည် မင်း​ကြီး​၏ ရှေ့​တော်​၌​ဦး​ညွှတ်​ကြ​ပါ​လိမ့်​မည်။

10 စ​ပိန်​ပြည်​နှင့်​ကျွန်း​များ​မှ​ရှင်​ဘု​ရင်​တို့​သည် အ​ခွန်​ဆက်​သ​ကြ​ပါ​လိမ့်​မည်။

11 ဘု​ရင်​အ​ပေါင်း​တို့​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။

12 မင်း​ကြီး​သည်​မိ​မိ​အား​ဟစ်​ခေါ်​ကြ​သည့် ဆင်း​ရဲ​သူ​တို့​အား​လည်း​ကောင်း၊

13 ချို့​တဲ့​ဆင်း​ရဲ​သူ​တို့​ကို​သ​နား​တော်​မူ​၍ သူ​တို့​၏ အ​သက်​ကို​ကယ်​တော်​မူ​၏။

14 သူ​တို့​၏​အ​သက်​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် အ​ဖိုး​ထိုက်​သည်​အ​လျောက်​ဖိ​စီး​နှိပ်​စက်​မှု​နှင့်

15 မင်း​ကြီး​သည်​သက်​တော်​ရှည်​ပါ​စေ​သော။

16 တိုင်း​ပြည်​အ​တွင်း​၌​စား​နပ်​ရိက္ခာ​ပေါ​များ​ပါ စေ​သော။

17 မင်း​ကြီး​၏​နာ​မ​တော်​သည်​တည်​မြဲ​ပါ စေ​သော။

18 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​တည်း ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။

19 ဘုန်း​ကြီး​သော​နာ​မ​တော်​ကို​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​ကြ​လော့။

20 ဤ​တွင်​ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​၏​ဆု​တောင်း​ပတ္ထနာ များ​ပြီး​ဆုံး​၏။

Ler em outra tradução

Comparar lado a lado