1 အို ဘုရားသခင်၊
2 ကျွန်တော်မျိုးတောင်းလျှောက်သည်ကို နားထောင်တော်မူ၍ထူးတော်မူပါ။
3 ရန်သူများ၏ခြိမ်းခြောက်မှုကြောင့်ကျွန်တော်မျိုး ကြောက်လန့်ပါ၏။
4 ကျွန်တော်မျိုး၏စိတ်နှလုံးသည်ကြောက်လန့်လျက် နေပါ၏။
5 ကြောက်လန့်တုန်လှုပ်လျက်၊လွန်စွာတုန်လှုပ် ချောက်ချားလျက်ရှိပါ၏။
6 အကယ်၍ချိုးငှက်ကဲ့သို့ငါ့မှာအတောင်များ
7 ငါသည်အလွန်ဝေးရာအရပ်သို့ပျံသွားလျက် တောကန္တာရတွင်နေထိုင်ပါမည်။
8 ငါသည်လျင်မြန်စွာသွား၍လေပြင်းနှင့်
9 အို ဘုရားရှင်၊
10 ထိုသူတို့သည်မြို့ကိုနေ့ညမပြတ်ဝိုင်းရံထား ကြပါ၏။
11 နေရာတကာတွင်အပျက်အစီးများရှိနေပါ၏။
12 အကယ်၍ငါ့အားပြောင်လှောင်သူသည်
13 သို့ရာတွင်ယင်းသို့ပြုသူမှာငါ၏အပေါင်းအဖော်၊ လုပ်ဖော်ဆောင်ဘက်၊
14 သင်နှင့်ငါသည်ရင်းနှီးစွာဆွေးနွေးတိုင်ပင်ခဲ့ကြ၏။
15 ငါ၏ရန်သူများသည်သေနေ့မစေ့မီ သေရကြပါစေသော။
16 ငါမူကားထာဝရဘုရား၏ထံတော်သို့ ကူမတော်မူရန်ဆုတောင်းပတ္ထနာပြု၏။
17 ငါ၏ညည်းတွားမြည်တမ်းသံများသည်နံနက်ချိန်၊ မွန်းတည့်ချိန်၊ညဥ့်အချိန်တို့၌
18 ဤမျှများလှသောရန်သူတို့နှင့်
19 ရှေးကမ္ဘာအဆက်ဆက်မှစ၍ လူသတ္တဝါအပေါင်းတို့အား
20 ငါ၏မိတ်ဆွေဟောင်းသည်မိမိ၏မိတ်ဆွေများကို တိုက်ခိုက်၍မိမိ၏ကတိကိုလည်းဖျက်၏။
21 သူ၏စကားတို့သည်ထောပတ်ထက်ပင် ချောမွတ်သော်လည်း
22 သင်၏ဝန်ကိုထာဝရဘုရားအားလွှဲအပ်လော့။
23 သို့ရာတွင် အို ဘုရားသခင်၊ကိုယ်တော်ရှင်သည် လူသတ်သမားများနှင့်လူလိမ်များအား