1 သူယုတ်မာတို့၏အတွက်ကြောင့်စိုးရိမ်ပူပန်မှု မဖြစ်နှင့်။
2 သူတို့သည်ခြောက်သွေ့သွားသောမြက်ပင်ကဲ့သို့ ပျောက်ပျက်ကြကုန်လိမ့်မည်။
3 ထာဝရဘုရားကိုကိုးစားလျက်
4 ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။
5 သင်သည်မိမိကိုယ်ကိုဘုရားသခင်လက်သို့ အပ်နှံလော့။ ကိုယ်တော်ကိုကိုးစားလော့။
6 သင်၏ဖြောင့်မတ်ခြင်းကိုမွန်းတည့်ရောင်ခြည် ကဲ့သို့ ထွန်းလင်းတောက်ပစေတော်မူလိမ့်မည်။
7 ကိုယ်တော်၏စီရင်တော်မူချက်ကိုသည်းခံ၍ စောင့်မျှော်လော့။
8 မစိုးရိမ်နှင့်။ ဒေါသအမျက်မထွက်နှင့်။
9 ထာဝရဘုရားကိုကိုးစားသောသူတို့ သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။
10 ကာလအနည်းငယ်အတွင်း၌သူယုတ်မာ တို့သည် ပျောက်ကွယ်သွားကြလိမ့်မည်။
11 သို့ရာတွင်စိတ်နှိမ့်ချသောသူတို့သည်
12 သူယုတ်မာသည်သူတော်ကောင်းအား
13 သို့ရာတွင်ထိုသူသည်မကြာမမြင့်မီဆုံးပါး ပျက်စီး ရတော့မည်ဖြစ်ကြောင်း
14 သူယုတ်မာတို့သည်ဆင်းရဲနွမ်းပါးသူတို့အား
15 သို့ရာတွင်ထိုသူတို့သည်မိမိ၏ဋ္ဌားများဖြင့် ပင်လျှင် ထိုးသတ်ခံကြရလိမ့်မည်။
16 သူတော်ကောင်းတစ်ယောက်၏ဥစ္စာပစ္စည်း အနည်းငယ်သည်
17 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သူယုတ်မာတို့၏စွမ်းရည်ကိုသိမ်းယူ၍
18 ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့အားစောင့်ရှောက်တော်မူ၏။
19 ခဲယဉ်းရာကာလများ၌သူတို့သည် ဒုက္ခရောက်ကြလိမ့်မည်မဟုတ်။
20 သူယုတ်မာတို့မူကားသေကြလိမ့်မည်။
21 သူယုတ်မာသည်ချေးငှားပြီးနောက် ပြန်၍မပေးမဆပ်တတ်။
22 ထာဝရဘုရားကောင်းချီးပေးတော်မူသော သူတို့သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။
23 ထာဝရဘုရားသည်လူတို့လိုက်လျှောက်အပ်သည့် လမ်းကိုပြညွှန်တော်မူ၏။
24 ထာဝရဘုရားသည်သူတို့အား
25 ယခုအခါငါသည်အသက်ကြီးရင့်လေပြီ။ ငါသည်ကြာရှည်စွာအသက်ရှင်ခဲ့ပါပြီ။
26 သူသည်အစဉ်ပင်သူတစ်ပါးတို့အားရက်ရောစွာ ပေးကမ်းချေးငှားတတ်၏။
27 ဒုစရိုက်ကိုရှောင်ကြဉ်၍သုစရိုက်ကိုပြုလော့။
28 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍
29 ဖြောင့်မတ်သောသူတို့သည်ပြည်တော်ကိုပိုင်ဆိုင်၍ အစဉ်နေထိုင်ရကြလိမ့်မည်။
30 သူတော်ကောင်းသည်ဉာဏ်ပညာအမြော်အမြင်ရှိသော စကားကိုပြောဆိုတတ်၏။
31 သူသည်မိမိဘုရား၏တရားတော်ကို နှလုံးသွင်း၍ထား၏။
32 သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
33 သို့ရာတွင်ထာဝရဘုရားသည်
34 ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။
35 ငါသည်ပိုင်စိုးပိုင်နင်းပြုတတ်သည့် သူယုတ်မာတစ်ယောက်ကိုတွေ့မြင်ဖူး၏။
36 သို့ရာတွင်နောက်တစ်ကြိမ်ငါဖြတ်သွားသော အခါ သူသည်ထိုအရပ်တွင်မရှိတော့ပြီ။
37 သူတော်ကောင်းကိုကြည့်ရှုလော့။
38 သို့ရာတွင်အပြစ်ကူးသူတို့မူကား
39 ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။
40 ကိုယ်တော်သည်သူတို့အားကူမတော်မူ၏။ ကယ်မတော်မူ၏။