1 လောကနှင့်လောကတွင်ရှိသမျှသော အရာတို့ကိုလည်းကောင်း၊
2 ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုမြေအောက် ရေနက်ရာအရပ်၌အုတ်မြစ်ချတော်မူ၏။
3 ထာဝရဘုရား၏တောင်တော်ပေါ်သို့ တက်နိုင်မည့်သူကားအဘယ်သူနည်း။
4 အကျင့်သီလကောင်း၍စိတ်နှလုံးဖြူစင်လျက်
5 ထာဝရဘုရားသည်ထိုသူအားကောင်းချီး ပေး၍ ကယ်တင်တော်မူလိမ့်မည်။
6 ထိုကဲ့သို့သောသူများကားဘုရားသခင်ထံ တော်သို့ ချဉ်းကပ်သူများ၊
7 မြို့တံခါးတို့ကိုကျယ်စွာဖွင့်လိုက်ကြ။ ရှေးဟောင်းတံခါးတို့ကိုဖွင့်လိုက်ကြ။
8 ထိုကြီးမြတ်တော်မူသောရှင်ဘုရင်ကား အဘယ်သူနည်း။
9 မြို့တံခါးတို့ကိုကျယ်စွာဖွင့်လိုက်ကြ။ ရှေးဟောင်းတံခါးတို့ကိုဖွင့်လိုက်ကြ။
10 ထိုကြီးမြတ်တော်မူသောရှင်ဘုရင်ကား အဘယ်သူနည်း။