1 ကူမတော်မူရန်ငါသည်ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။
2 ငါသည်မိမိအခက်အခဲရှိသမျှကို ကိုယ်တော်အားဖော်ပြပါ၏။
3 ငါသည်လက်လျှော့စိတ်ပျက်သောအခါ၌ ငါသွားရာလမ်းကိုကိုယ်တော်သိတော်မူပါ၏။
4 ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
5 အို ထာဝရဘုရား၊
6 ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။
7 ကျွန်တော်မျိုးအားဆင်းရဲဒုက္ခထဲမှလွတ်မြောက် စေတော်မူပါ။