Oséias 11

MYA

1 ထာ​ဝ​ရ​ဘု​ရား​က၊

2 သို့​သော်​ငါ​သည်​သူ့​ကို​ခေါ်​လေ​လေ​သူ​သည် ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လေ​လေ​ပင်​ဖြစ်​သည်။

3 သို့​ရာ​တွင်​ငါ​သာ​လျှင်​ဧ​ဖ​ရိမ်​ကို

4 ငါ​သည်​သူ​တို့​ကို​မေတ္တာ​ဖြင့်​ဆွဲ​ဆောင်​ခဲ့​၏။

5 ``သူ​တို့​သည်​ငါ့​ထံ​ပြန်​မ​လာ​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ပြန်​ရ​ကြ​မည်။ အာ​ရှု​ရိ ဘု​ရင်​သည်​သူ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။-

6 သူ​တို့​၏​မြို့​များ​သည်​စစ်​ဘေး​စစ်​ဒဏ်​ကို ခံ​ရ​၍​မြို့​တံ​ခါး​တို့​သည်​ပြို​ပျက်​ကြ​လိမ့် မည်။ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​ဆန္ဒ အ​တိုင်း​ကျင့်​ကြံ​ကြ​သ​ဖြင့်​သုတ်​သင် ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။-

7 သူ​တို့​သည်​ငါ့​ထံ​မှ​ရှောင်​ဖယ်​လျက်​သွား​မြဲ သွား​ကြ​၏။ သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး​ကြောင့် ညည်း​တွား​အော်​ဟစ်​သော်​လည်း​မည်​သူ​က မျှ​ထို​ထမ်း​ပိုး​ကို​ပင့်​ပေး​လိမ့်​မည်​မ​ဟုတ်။

8 ``အို ဣ​သ​ရေ​လ​ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ ပစ်​ပယ်​နိုင်​မည်​နည်း။

9 ငါ​သည်​အ​မျက်​ထွက်​၍​သင့်​အား​ဒဏ်​ခတ်​တော် မ​မူ၊

10 ``ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ငါ​သည် ရန်​သူ​များ ကို​ဟောက်​သည့်​အ​ခါ​ငါ​၏​လူ​မျိုး​တော်​သည် ငါ့​နောက်​သို့​လိုက်​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​နောက်​အ​ရပ်​မှ​ငါ့​ထံ​သို့​အ​ဆော တ​လျင်​လာ​ကြ​လိမ့်​မည်။-

11 ငှက်​များ​ကဲ့​သို့​အီ​ဂျစ်​ပြည်​မှ​လည်း​ကောင်း၊ ချိုး​ငှက်​ကဲ့​သို့​အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း လျင်​မြန်​စွာ​ပျံ​လာ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​တစ်​ဖန်​ခေါ် ဆောင်​လာ​မည်။ ဤ​သည်​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​သ​တည်း။

12 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား​တို့ သည် ငါ့​အား​မု​သား​စ​ကား​ပြော​ဆို​၍​လှည့် စား​ကြ​ပြီ။ ယု​ဒ​ပြည်​သား​တို့​သည်​သန့်​ရှင်း မြင့်​မြတ်​၍​သစ္စာ​တော်​တည်​မြဲ​သော​ငါ ဘု​ရား​သ​ခင်​အား​ပုန်​ကန်​နေ​ကြ​သေး​၏။

Ler em outra tradução

Comparar lado a lado