1 ထာဝရဘုရားက၊
2 သို့သော်ငါသည်သူ့ကိုခေါ်လေလေသူသည် ငါ့ထံမှထွက်ခွာသွားလေလေပင်ဖြစ်သည်။
3 သို့ရာတွင်ငါသာလျှင်ဧဖရိမ်ကို
4 ငါသည်သူတို့ကိုမေတ္တာဖြင့်ဆွဲဆောင်ခဲ့၏။
5 ``သူတို့သည်ငါ့ထံပြန်မလာကြသဖြင့် အီဂျစ်ပြည်သို့ပြန်ရကြမည်။ အာရှုရိ ဘုရင်သည်သူတို့ကိုအုပ်စိုးလိမ့်မည်။-
6 သူတို့၏မြို့များသည်စစ်ဘေးစစ်ဒဏ်ကို ခံရ၍မြို့တံခါးတို့သည်ပြိုပျက်ကြလိမ့် မည်။ ငါ၏လူမျိုးတော်သည်မိမိတို့၏ဆန္ဒ အတိုင်းကျင့်ကြံကြသဖြင့်သုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။-
7 သူတို့သည်ငါ့ထံမှရှောင်ဖယ်လျက်သွားမြဲ သွားကြ၏။ သူတို့ထမ်းရသောထမ်းပိုးကြောင့် ညည်းတွားအော်ဟစ်သော်လည်းမည်သူက မျှထိုထမ်းပိုးကိုပင့်ပေးလိမ့်မည်မဟုတ်။
8 ``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။
9 ငါသည်အမျက်ထွက်၍သင့်အားဒဏ်ခတ်တော် မမူ၊
10 ``ခြင်္သေ့ဟောက်သကဲ့သို့ငါသည် ရန်သူများ ကိုဟောက်သည့်အခါငါ၏လူမျိုးတော်သည် ငါ့နောက်သို့လိုက်ကြလိမ့်မည်။ သူတို့သည် အနောက်အရပ်မှငါ့ထံသို့အဆော တလျင်လာကြလိမ့်မည်။-
11 ငှက်များကဲ့သို့အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့အာရှုရိပြည်မှလည်းကောင်း လျင်မြန်စွာပျံလာကြလိမ့်မည်။ ငါသည်သူ တို့အားမိမိတို့နေရင်းပြည်သို့တစ်ဖန်ခေါ် ဆောင်လာမည်။ ဤသည်ကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။
12 ထာဝရဘုရားက``ဣသရေလပြည်သားတို့ သည် ငါ့အားမုသားစကားပြောဆို၍လှည့် စားကြပြီ။ ယုဒပြည်သားတို့သည်သန့်ရှင်း မြင့်မြတ်၍သစ္စာတော်တည်မြဲသောငါ ဘုရားသခင်အားပုန်ကန်နေကြသေး၏။