Números 23

MYA

1 ဗာ​လမ်​က``ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့'' ဟု ဗာ​လက်​အား​စေ​ခိုင်း​လေ​သည်။

2 ဗာ​လမ်​စေ​ခိုင်း​သည့်​အ​တိုင်း​ဗာ​လက်​သည် ဆောင်​ရွက်​၍ သူ​တို့​နှစ်​ဦး​သည်​ယဇ်​ပလ္လင်​တစ်​ခု စီ​ပေါ်​တွင်​နွား​တစ်​ကောင်​နှင့်​သိုး​တစ်​ကောင် ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။-

3 ထို​နောက်​ဗာ​လမ်​က​ဗာ​လက်​အား``သင်​သည် မီး​ရှို့​ရာ​ယဇ်​နား​တွင်​ရပ်​နေ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​နှင့်​တွေ့​ဆုံ​ရန်​ကြွ​လာ​မည်၊ မ​ကြွ​လာ​မည်​ကို​သွား​၍​ကြည့်​မည်။ ထာ​ဝ​ရ ဘု​ရား​က​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သ​မျှ ကို​သင့်​အား​ငါ​ပြော​ပြ​မည်'' ဟု​ဆို​လေ​၏။ ထို​ကြောင့်​သူ​သည်​တစ်​ယောက်​တည်း​တောင် ကုန်း​တစ်​ခု​ပေါ်​သို့​တက်​သွား​သော​အ​ခါ၊-

4 ဘု​ရား​သ​ခင်​သည်​သူ​နှင့်​တွေ့​ဆုံ​ရန်​ကြွ လာ​တော်​မူ​၏။ ထို​အ​ခါ​ဗာ​လမ်​က​ထာ​ဝ​ရ ဘု​ရား​အား``အ​ကျွန်ုပ်​သည်​ယဇ်​ပလ္လင်​ခု​နစ်​ခု ကို​တည်​၍​တစ်​ခု​စီ​ပေါ်​တွင် နွား​ထီး​တစ်​ကောင် နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော်​ပါ​ပြီ'' ဟု လျှောက်​ထား​လေ​၏။

5 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို ရ​မည့်​စ​ကား​ကို​မိန့်​ကြား​ပြီး​လျှင်​ဗာ​လမ် ကို​ဗာ​လက်​ထံ​သို့​ပြန်​စေ​တော်​မူ​၏။-

6 သို့​ဖြစ်​၍​ဗာ​လမ်​သည်​ဗာလက်​ဘု​ရင်​ထံ​သို့ ပြန်​လာ​သော​အ​ခါ ဘု​ရင်​သည်​မော​ဘ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ မီး​ရှို့​ရာ​ယဇ်​ပလ္လင် အ​နား​တွင်​ရပ်​နေ​သည်​ကို​တွေ့​မြင်​ရ​လေ​၏။

7 ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​၏။

8 ဘု​ရား​သ​ခင်​ကျိန်​ဆဲ​တော်​မ​မူ​သော​သူ​တို့ ကို ငါ​အ​ဘယ်​သို့​ကျိန်​ဆဲ​နိုင်​မည်​နည်း။

9 ငါ​သည်​ကျောက်​တောင်​များ​ပေါ်​မှ​သူ​တို့​ကို မြင်​ရ​၏။

10 ဣ​သ​ရေ​လ​အ​ဆက်​အ​နွယ်​တို့​သည်​များ​ပြား လှ​သ​ဖြင့်

11 ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​မည်​သို့​ပြု​လုပ်​လိုက်​ပါ​သ​နည်း။ အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​ပါ​သော်​လည်း ကိုယ်​တော်​သည်​သူ​တို့ ကို​ကောင်း​ချီး​ပေး​ပါ​သည်​တ​ကား'' ဟု​ဆို​၏။

12 ဗာ​လမ်​က``ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို​စေ​လို သည့်​အ​တိုင်း​သာ​လျှင် ငါ​ဆင့်​ဆို​နိုင်​သည်'' ဟု ပြန်​ဖြေ​လေ​၏။

13 ထို​နောက်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ဣသ​ရေ​လ အ​မျိုး​သား​အ​ချို့​ကို​သာ မြင်​နိုင်​သော​နေ​ရာ​သို့ လိုက်​ခဲ့​ပါ။ ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို ကျိန်​ဆဲ ပါ​လော့'' ဟု​ဆို​လေ​၏။-

14 သို့​ဖြစ်​၍​ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​ကို ပိ​သ​ဂါ တောင်​ပေါ်​ရှိ​ဇော​ဖိမ်​ကွင်း​သို့​ခေါ်​ဆောင်​သွား​လေ သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင်​ခု​နစ်​ခု ကို​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး​တစ်​ကောင် နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော်​လေ​သည်။

15 ဗာ​လမ်​က​ဗာ​လက်​ဘု​ရင်​အား``သင်​သည်​မီး​ရှို့ ရာ​ယဇ်​နား​တွင်​ရပ်​နေ​လော့။ ငါ​သည်​သွား​၍ ဘုရား​သခင်​နှင့်​တွေ့​ဆုံ​မည်'' ဟု​ဆို​၏။

16 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို​ရ​မည့် စ​ကား​ကို​မိန့်​ကြား​ပြီး​နောက်​ဗာ​လမ်​ကို​ဗာ​လက် ထံ​သို့​ပြန်​စေ​တော်​မူ​၏။-

17 ထို့​ကြောင့်​ဗာ​လမ်​သည်​ဗာ​လက်​ဘု​ရင်​ထံ​သို့ ပြန်​လာ​သော​အ​ခါ ဘု​ရင်​သည်​မော​ဘ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ မီး​ရှို့​ရာ​ယဇ် အ​နား​တွင်​ရပ်​နေ​သည်​ကို​တွေ့​မြင်​ရ​၏။ ဗာ​လက် ဘု​ရင်​က​ထာ​ဝ​ရ​ဘု​ရား​မည်​သို့​မိန့်​ကြား တော်​မူ​ကြောင်း​ကို​မေး​မြန်း​၏။-

18 ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။

19 ဘု​ရား​သ​ခင်​သည်​လူ​ကဲ့​သို့​မု​သား​စ​ကား ကို​မ​ပြော။ လူ​ကဲ့​သို့​စိတ်​ပြောင်း​လဲ​တော်​မ​မူ။

20 ကောင်း​ချီး​ပေး​ရန်​ငါ့​အား​စေ​ခိုင်း​တော်​မူ​ပြီ။

21 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​အ​ခါ ဘေး​ဒုက္ခ​ရောက်​မည်​ကို​ငါ​မ​မြင်။

22 ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။

23 မှော်​အ​တတ်၊စုန်း​အ​တတ်​တို့​၏​အ​ကူ​အ​ညီ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို၊

24 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ခွန်​အား​ကြီး​သော​ခြင်္သေ့ နှင့်​တူ​၏။

25 ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​ကျိန် ဆဲ​ပါ​နှင့်။ သို့​ရာ​တွင်​သူ​တို့​အား​ကောင်း​ချီး မ​ပေး​ပါ​နှင့်'' ဟု​ဆို​၏။

26 ဗာ​လမ်​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း ပြု​လုပ်​ရ​သည်​ဟု​သင့်​အား​ငါ ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဖြေ​ကြား​လေ​သည်။

27 တစ်​ဖန်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``အ​ခြား တစ်​နေ​ရာ​သို့​လိုက်​ခဲ့​ပါ​လော့။ ကိုယ်​တော်​အား ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို​ကျိန်​ဆဲ​စေ​ရန် ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​ကောင်း​ရှိ​မည်'' ဟု​ဆို​၏။-

28 သို့​ဖြစ်​၍​သူ​သည်​ဗာ​လမ်​အား​တော​ကန္တာ​ရ​ကို မြင်​နိုင်​သော ပေ​ဂု​ရ​တောင်​ထိပ်​ပေါ်​သို့​ခေါ်​ဆောင် သွား​လေ​သည်။-

29 ဗာ​လမ်​က ဘု​ရင်​အား``ဤ​အ​ရပ်​တွင်​ငါ့​အ​တွက် ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့။ နွား​ထီး​ခု​နစ် ကောင်​နှင့်​သိုး​ထီး​ခု​နစ်​ကောင်​ကို​ယူ​ဆောင်​ခဲ့ လော့'' ဟု​စေ​ခိုင်း​လေ​သည်။-

30 ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​စေ​ခိုင်း​သည့်​အ​တိုင်း ယဇ်​ပလ္လင်​များ​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော် လေ​၏။

Ler em outra tradução

Comparar lado a lado