1 ယခုအခါ၌မြို့ရိုးကိုပြန်လည်တည်ဆောက်ပြီး၍ တံခါးများကိုနေရာတကျတပ်ဆင်ကာဗိမာန်တော်အစောင့်တပ်သားများ၊ ဋ္ဌမ္မသီချင်းသည်များနှင့်လေဝိအနွယ်ဝင်များအားအလုပ်တာဝန်များကိုခွဲဝေသတ်မှတ်ပေးပြီးလေပြီ။-
2 ထိုနောက်ငါသည်ယေရုရှလင်မြို့ကိုအုပ်ချုပ်ရန် ငါ့ညီဟာနန်နှင့်ရဲတိုက်မှူးဟာနနိတို့ကိုတာဝန်ပေးအပ်၏။ ဟာနနိသည်စိတ်ချယုံကြည်ရသူ၊ ဘုရားသခင်ကိုအထူးကြောက်ရွံ့ရိုသေသူဖြစ်၏။-
3 ငါသည်သူတို့အား``နံနက်ချိန်၌နေမမြင့်မချင်းယေရုရှလင်မြို့တံခါးများကိုမဖွင့်စေနှင့်။ နေဝင်ချိန်၌တံခါးစောင့်များတာဝန်ပြီးဆုံးချိန်မတိုင်မီ တံခါးများကိုပိတ်၍ကန့်လန့်ကျင်များကိုထိုးထားစေ'' ဟုမှာကြားထား၏။ ယေရုရှလင်မြို့တွင်နေထိုင်သူများထဲမှကင်းစောင့်သူများခန့်ထားပြီးလျှင် ထိုသူအချို့ကိုနေရာအတိအကျတွင်ကင်းစောင့်စေ၍အချို့ကိုမိမိတို့အိမ်များ၏ပတ်ဝန်းကျင်တွင်ကင်းစောင့်စေရန်ကိုလည်းမှာကြားထား၏။
4 ယေရုရှလင်မြို့သည်ကျယ်ဝန်းသော်လည်းနေထိုင်သူလူဦးရေနည်းပါး၍ အိမ်အမြောက်အမြားကိုလည်းမတည်မဆောက်ရကြသေးပေ။-
5 ပြည်သူများ၊ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေးမှူးတို့အားစုရုံးစေ၍ အိမ်ထောင်စုစာရင်းများကိုစစ်ဆေးရန်ဘုရားသခင်သည်ငါ၏စိတ်ကိုနှိုးဆော်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှရှေးဦးစွာပြန်လည်ရောက်ရှိလာသူများ၏စာရင်းကိုဤသို့ရှာဖွေတွေ့ရှိရသည်။
6 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်သွားချိန်မှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ရာမှပြန်လည်ရောက်ရှိလာသူများသည် မိမိတို့နေရင်းဌာနေဖြစ်သောယေရုရှလင်မြို့နှင့်အခြားယုဒမြို့များသို့ပြန်လာခဲ့ကြ၏။-
7 သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံနှင့်ဗာနာတို့ဖြစ်သည်။
60 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောဗိမာန်တော်အလုပ်သမားများနှင့် ရှောလမုန်၏အစေခံများမှဆင်းသက်ပေါက်ဖွားလာသူဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်၏။
65 ယုဒဘုရင်ခံကသူတို့အား``သင်တို့သည်ဥရိမ်နှင့်သုမိမ် ကိုအသုံးပြု၍ဆုံးဖြတ်နိုင်သူယဇ်ပုရောဟိတ်တစ်ပါးမပေါ်မချင်းဘုရားသခင်အားပူဇော်သည့်အစားအစာများကိုမစားကြရ'' ဟုဆို၏။
66 ပြန်လာကြသောပြည်နှင်ဒဏ်သင့်သူ
73 ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဂီတပညာသည်များ၊ သာမန်ပြည်သူအမြောက်အမြား၊ ဗိမာန်တော်အလုပ်သမားများအစရှိသောဣသရေလအမျိုးသားအပေါင်းတို့သည်ယုဒမြို့ရွာများတွင်အတည်တကျနေထိုင်ကြလေသည်။