1 အခါတစ်ပါးကလူစည်ကားခဲ့သည့်
2 သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။
3 ယုဒပြည်သားတို့သည်ပြည်နှင်ဒဏ်သင့်လျက် ခိုကိုးရာမဲ့ဖြစ်ကာကျွန်ခံနေရကြ၏။
4 နေ့ကြီးရက်ကြီးများတွင်ကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော်သို့လာမည့်သူမရှိ။
5 သူ၏ရန်သူများသည်သူ့ကိုအနိုင်ရကာမိမိတို့ အာဏာစက်အောက်တွင်ထားရှိကြ၏။
6 ယေရုရှလင်မြို့၏ကြီးကျယ်ခမ်းနားမှုသည်
7 အထီးကျန်ယိုယွင်းပျက်စီးလျက်ရှိသော
8 သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။
9 သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်း
10 ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။
11 သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။
12 သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ
13 ``ကိုယ်တော်သည်အထက်မှမီးကို
14 ``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။
15 ``ထာဝရဘုရားသည်ငါ၏ဘက်မှ
16 ``ထို့ကြောင့်ငါ၏မျက်စိများမှမျက်ရည်တို့သည် ယိုစီး၍နေပေသည်။
17 ``ငါသည်မိမိလက်များကိုကမ်းလှမ်းပါ သော်လည်း ငါ့အားကူညီမည့်သူတစ်ဦးတစ်ယောက်မျှ မရှိ။
18 ``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။
19 ``ငါသည်မိမိမဟာမိတ်များထံတွင်အကူအညီ တောင်းခံပါသော်လည်းသူတို့ကငြင်းဆန်ခဲ့ကြ၏။
20 ``အို ထာဝရဘုရား၊
21 ``ကျွန်တော်မျိုး၏ညည်းတွားသံများကို နားထောင်တော်မူပါ။
22 ``သူတို့အားမိမိတို့ယုတ်မာမှုအပေါင်းအတွက် အပြစ်ဒဏ်စီရင်တော်မူပါ။