1 ထိုနေ့၌ဒေဗောရနှင့်အဘိနောင်၏သား ဗာရက်တို့သည် အောက်ပါသီချင်းကိုသီဆို ကြလေသည်။
2 ဣသရေလအမျိုးသားတို့သည်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချမှတ်ကြ၏။
3 အချင်းရှင်ဘုရင်တို့နားထောင်ကြလော့။
4 အို ထာဝရဘုရားစိရတောင်ရိုးပေါ်မှာ ကိုယ်တော်ကြွလျက်
5 တောင်ရိုးတို့သည်သိနာတောင်၏အရှင်
6 အာနတ်၏သားရှံဂါလက်ထက်၌လည်းကောင်း၊ ယေလလက်ထက်၌လည်းကောင်း၊
7 ဣသရေလနိုင်ငံရှိမြို့တို့သည်လူသူ ဆိတ်ညံလျက်ရှိ၏။
8 ထိုနောက်ဣသရေလအမျိုးသားတို့သည် ဘုရားသစ်များကိုရွေးယူကြသောအခါ၊
9 ငါ၏စိတ်နှလုံးသည်ဣသရေလစစ်သူကြီး များ ထံသို့လည်းကောင်း၊
10 ကုန်းနှီးပေါ်တွင်ထိုင်၍မြည်းဖြူကိုစီးကြ သူတို့နှင့် သွားလာလေရာတွင်
11 နားထောင်ကြလော့။
12 ရှေ့ဆောင်ပါလော့။ အို ဒေဗောရရှေ့ဆောင်ပါလော့။
13 ထိုနောက်သစ္စာရှိသူတို့သည်မိမိတို့၏ ခေါင်းဆောင်များထံသို့လာကြ၏။
14 သူတို့သည်ဗင်္ယာမိန်အနွယ်ဝင်တို့နောက်က လိုက်၍
15 ဣသခါအနွယ်ဝင်တို့၏ခေါင်းဆောင်များ သည် ဒေဗောရနှင့်အတူလိုက်ပါလာကြ၏။
16 သူတို့သည်အဘယ်ကြောင့်သိုးများနှင့်အတူ နေရစ်ခဲ့ကြပါသနည်း။
17 ဂိလဒ်အနွယ်ဝင်တို့သည်ယော်ဒန်မြစ် အရှေ့ဘက်တွင်နေရစ်ကြ၏။
18 သို့ရာတွင်ဇာဗုလုန်နယ်နှင့်နဿလိနယ်မှ လူတို့သည်ကားစစ်မြေပြင်တွင်၊
19 ရှင်ဘုရင်တို့သည်လာ၍မေဂိဒ္ဒေါချောင်း အနီး တာနက်မြို့၌တိုက်ခိုက်ကြ၏။
20 ကြယ်နက္ခတ်တို့သည်ကောင်းကင်ပြင်မှ တိုက်ခိုက်ကြ၏။
21 အဟုန်ပြင်းသည့်ကိရှုန်မြစ်သည်ရေလျှံ၍ ရန်သူတို့အားမျောပါသွားစေ၏။
22 ထိုအခါမြင်းတို့သည်ဒုန်းစိုင်း၍မြေကို ခွာနှင့် ပေါက်လျက်လာကြ၏။
23 ထာဝရဘုရား၏ကောင်းကင်တမန်က ``မေရောဇမြို့ကိုကျိန်ဆဲကြလော့။
24 ကေနိအမျိုးသားဟေဗာ၏ဇနီးယေလသည်
25 သိသရသည်ရေကိုတောင်းသော်လည်းယေလက နို့ကိုပေး၏။
26 သူသည်တဲရှင်ငုတ်ချွန်တစ်ခုကိုလက်တစ်ဘက်နှင့် ယူ၍အလုပ်သမားတူတစ်လက်ကို
27 သိသရသည်လဲကျပြီးလျှင်ယေလ၏ ခြေရင်း၌ မလှုပ်မရှားဘဲနေ၏။
28 သိသရ၏မိခင်သည်ပြူတင်းပေါက်မှမျှော် ၍ကြည့်၏။ သူသည်တရုတ်ကပ်၏နောက်မှငေး၍ကြည့်၏။
31 အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည်