1 ထာဝရဘုရားက``ဣသရေလပြည်သား တို့၊ အကယ်၍သင်တို့ပြန်လာလိုလျှင်ငါ့ ထံသို့ပြန်လာကြလော့။ ငါရွံမုန်းသည့် ရုပ်တုတို့ကိုဖယ်ရှားကာငါ့အားသစ္စာ စောင့်ကြလျှင်၊-
2 ငါ၏နာမတော်ကိုသင်တို့တိုင်တည်ကျိန်ဆို မှုသည်တော်တည့်မှန်ကန်၊ လျော်ကန်သင့်မြတ် လိမ့်မည်။ ထိုအခါလူမျိုးတကာတို့သည် မိမိ တို့အားကောင်းချီးပေးရန်ငါ့ထံတောင်း လျှောက်ကြလိမ့်မည်။ ငါ့ကိုလည်းထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
3 ယုဒပြည်သားနှင့်ယေရုရှလင်မြို့မှလူတို့ အား ထာဝရဘုရားက``မထွန်မယက်ရသေး သည့်သင်တို့၏လယ်ယာများကိုထွန်ယက် ကြလော့။ သင်တို့၏မျိုးစေ့များကိုဆူးပင် များအကြားတွင်မကြဲကြနှင့်။-
4 သင်တို့၏ထာဝရဘုရားတည်းဟူသောငါ နှင့်သင်တို့ပြုသည့်ပဋိညာဉ်ကိုစောင့်ကြလော့။ အချင်းယုဒပြည်သားများနှင့်ယေရုရှလင် မြို့သားတို့၊ ငါ့အားသင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသို့မပြုပါမူသင်တို့ကူးလွန်ခဲ့ သည့်ဒုစရိုက်များကြောင့် ငါ၏အမျက်တော် သည်မီးကဲ့သို့တောက်လောင်လိမ့်မည်။ ယင်းကို ငြိမ်းသတ်မည့်သူလည်းတစ်စုံတစ်ယောက် မျှရှိလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
5 ယုဒပြည်တစ်လျှောက်လုံး၌တံပိုးခရာမှုတ် ကြလော့။
6 ဇိအုန်မြို့ရှိရာသို့ရှေ့ရှုကြလော့။ ဘေးမဲ့လုံခြုံ ရာသို့ ပြေးကြလော့။ ဆုတ်ဆိုင်း၍မနေကြနှင့်။
7 ခြင်္သေ့သဖွယ်ခိုအောင်းရာမှထွက်လာလေပြီ။
8 သို့ဖြစ်၍လျှော်တေကိုဝတ်၍ငိုကြွေးမြည် တမ်းကြလော့။
9 ထာဝရဘုရားက``ထိုနေ့၌ရှင်ဘုရင်များ၊ မှူးမတ်များသည်စိတ်ပျက်အားလျော့ကြ လိမ့်မည်။ ယဇ်ပုရောဟိတ်များသည်တအံ့ တသြဖြစ်၍ ပရောဖက်တို့သည်အံ့အား သင့်လျက်ရှိကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
10 ထိုအခါငါသည်``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ယေရုရှလင်မြို့သားတို့ အားလှည့်ဖြားတော်မူပါပြီ။ ငြိမ်းချမ်းမှု ရရှိလိမ့်မည်ဟုကိုယ်တော်ရှင်မိန့်တော်မူခဲ့ သော်လည်း ယခုအခါသူတို့၏လည်မျိုတွင် ဋ္ဌားတေ့လျက်ရှိပါ၏'' ဟုလျှောက်၏။
11 သဲကန္တာရမှလေပူကြီးသည် တိုက်ခတ်လာ လိမ့်မည်ဖြစ်ကြောင်းယေရုရှလင်မြို့သား တို့ကြားသိရမည့်နေ့ရက်ကာလသည်ကျ ရောက်လာလိမ့်မည်။ ထိုလေသည်သူတို့အား ဂျုံစပါးလှေ့ရန်တိုက်ခတ်လာခြင်းမဟုတ်။-
12 ထာဝရဘုရား၏အမိန့်တော်အရတိုက်ခတ် သည့်လေသည် ထိုထက်များစွာပိုမိုပြင်းထန် ပေလိမ့်မည်။ ကိုယ်တော်၏လူမျိုးတော်အပေါ် သို့ ယခုစီရင်ချက်ချမှတ်တော်မူသည့်အရှင် ကား ထာဝရဘုရားကိုယ်တော်တိုင်ပင်ဖြစ် သတည်း။
13 ကြည့်ရှုကြလော့။ ရန်သူသည်မိုးတိမ်သဖွယ် လာလိမ့်မည်။ သူ၏စစ်ရထားများသည်လေပွေ နှင့်တူ၍ သူ၏မြင်းတို့သည်လင်းယုန်ငှက်များ ထက်လျင်မြန်ကြ၏။ ငါတို့အရေးရှုံးနိမ့်ကြ လေပြီ။ ငါတို့သည်အမင်္ဂလာရှိပါသည် တကား။-
14 အို ယေရုရှလင်မြို့၊ သင်သည်ချမ်းသာရာရ စေရန် မိမိစိတ်နှလုံးကိုဆိုးညစ်မှုနှင့်ကင်း စင်စေလော့။ သင်သည်အဘယ်မျှကြာအောင် ဆက်လက်၍ဆိုးညစ်စွာကြံစည်လျက်နေ ဦးမည်နည်း။
15 ဒန်ပြည်မှလာသောစေတမန်နှင့် ဧဖရိမ် တောင်ကုန်းများမှရှေ့တော်ပြေးတို့က သတင်းဆိုးကိုကြေညာကြ၏။-
16 သူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။-
17 သူတို့သည်လယ်စောင့်ကင်းသမားများကဲ့သို့ ထိုမြို့တို့ကိုဝိုင်းရံထားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ယုဒပြည်သည် ထာဝရဘုရား အားပုန်ကန်သောကြောင့်ဖြစ်၏။ ဤကားထာဝရ ဘုရားမြွက်ဟတော်မူသောစကားပင်တည်း။
18 အို ယုဒပြည်၊ သင်သည်မိမိနေထိုင်ပြုကျင့်ပုံ များအားဖြင့် ဤအမှုအရာတို့ကိုဖြစ်ပွား စေလေပြီ။ သင်၏စိတ်နှလုံးကိုဋ္ဌားနှင့်ထိုး လိုက်ဘိသကဲ့သို့ သင်သည်မိမိ၏အပြစ် ကြောင့်ဤဝေဒနာကိုခံရ၏။
19 ငါ့အသည်းနာလှ၏။ မခံမရပ်နိုင်အောင် အသည်းနာ၏။
20 ဘေးအန္တရာယ်ဆိုးသည်တစ်ခုပြီးတစ်ခု ပေါ်ပေါက်၍လာ၏။
21 ငါသည်တိုက်ပွဲဆင်နွှဲနေသည်ကိုအဘယ်မျှ ကြာကြာ တွေ့မြင်နေရပါမည်နည်း။
22 ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။
23 ငါသည်၊ကမ္ဘာမြေကြီးကိုကြည့်လိုက်သော အခါ ယင်းသည်ပုံသဏ္ဌာန်ကင်းမဲ့လျက်နေ၏။
24 ငါသည်တောင်များကိုကြည့်ပြန်သော်
25 ငါသည်လူတစ်ဦးတစ်ယောက်ကိုမျှမတွေ့ မမြင်။
26 ထာဝရဘုရား၏ပြင်းထန်သောအမျက် တော် အရှိန်ကြောင့်
27 (ကမ္ဘာမြေကြီးတစ်ခုလုံးသည် တောကန္တာရ အဖြစ်သို့ရောက်ရှိရလိမ့်မည်ဖြစ်သော်လည်း အကုန်အစင်ပျက်ပြုန်းသွားရလိမ့်မည်မ ဟုတ်ကြောင်း ထာဝရဘုရားမိန့်ကြားထား တော်မူ၏။)
28 ကမ္ဘာမြေကြီးသည်ဝမ်းနည်းပူဆွေးလျက်နေ လိမ့်မည်။ မိုးကောင်းကင်သည်လည်းမှောင်မဲ၍လာလိမ့် မည်။
29 မြင်းစီးသူရဲများနှင့်လေးသမားတို့၏ အသံကို ကြားသောအခါ
30 အို ယေရုရှလင်မြို့၊သင်သည်အမင်္ဂလာ ရှိပါသည်တကား။
31 သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊