Jeremias 18

MYA

3 ငါ​သည်​ထို​အ​ရပ်​သို့​သွား​ရာ​အိုး​ထိန်း​စက် ကို​လှည့်​လည်​နေ​သော​အိုး​ထိန်း​သည်​ကို​မြင်​၏။-

4 သူ​သည်​မိ​မိ​ပြု​လုပ်​လျက်​ရှိ​သည့်​အိုး​မြေ တွင်​အ​ပြစ်​အ​နာ​အ​ဆာ​ကို​တွေ့​သော​အ​ခါ ထို​အိုး​မြေ​ကို​ယူ​၍​အ​ခြား​အ​ရာ​ဝတ္ထု တစ်​ခု​အ​ဖြစ်​သို့​ပြောင်း​လဲ​ပြု​လုပ်​လိုက် လေ​သည်။

5 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊-

6 ``အိုး​ထိန်း​သည်​သည်​ရွှံ့​စေး​ကို​ပြု​သ​ကဲ့​သို့ ငါ​သည်​လည်း​သင်​တို့​ဣ​သ​ရေ​လ​ပြည်​သား များ​အား​မ​ပြု​နိုင်​ပါ​သ​လော။ အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ရွှံ့​စေး​သည်​အိုး​ထိန်း​သည်​၏ လက်​တွင်း​၌​ရှိ​သ​ကဲ့​သို့ သင်​တို့​အ​မျိုး​သား များ​သည်​လည်း​ငါ​၏​လက်​တွင်း​၌​ရှိ​ကြ​၏။-

7 အ​ကယ်​၍​ငါ​သည်​အ​ဘယ်​အ​ခါ​၌​မ​ဆို​ဤ မည်​သော​လူ​မျိုး​ကို​သော်​လည်း​ကောင်း၊ ဤ​မည် သော​တိုင်း​ပြည်​ကို​သော်​လည်း​ကောင်း​နုတ်​ပယ် ဖြို​ချ​ဖျက်​ဆီး​တော်​မူ​မည်​ဟု​ဆို​ပြီး​နောက်၊-

8 ထို​လူ​မျိုး​သည်​နောင်​တ​ရ​ပါ​မူ​ငါ​၏​စိတ် ပြောင်း​လဲ​လျက် ယ​ခင်​မြွက်​ဆို​ခဲ့​သည့်​အ​မှု များ​ကို​မ​ပြု​ဘဲ​ငါ​နေ​မည်။-

9 သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဤ​မည်​သော လူ​မျိုး သို့​မ​ဟုတ်​တိုင်း​ပြည်​ကို​ပြု​စု​ပျိုး ထောင်​တည်​ဆောက်​မည်​ဆို​ပြီး​နောက်၊-

10 ထို​လူ​မျိုး​သည်​ငါ​၏​ရှေ့​တွင်​ဒု​စ​ရိုက်​များ ကို​ပြု​ကျင့်​လျက် ငါ​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​ငါ​၏​စိတ်​ကို​ပြောင်း​လဲ​လျက် ယ​ခင်​ငါ မြွက်​ဆို​သည့်​ကောင်း​မှု​များ​ကို​မ​ပြု​ဘဲ​နေ​မည်။-

11 သို့​ဖြစ်​၍​ငါ​သည်​ယု​ဒ​ပြည်​သား​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား ဆန့်​ကျင် ဘက်​ပြု​ရန်​ကြံ​စည်​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ အ​ပြစ်​ဒဏ်​ခတ်​ရန်​ပြင်​ဆင် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြော ကြား​လော့။ အ​သီး​သီး​ဒု​စ​ရိုက်​တွင်​ကျင် လည်​မှု​ကို​ရပ်​စဲ​ကြ​ရန်၊ မိ​မိ​တို့​လမ်း​စဉ် နှင့်​အ​ကျင့်​အ​ကြံ​များ​ကို​ပြောင်း​လဲ​ကြ ရန်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို မှာ​ကြား​ကြောင်း​ပြော​ကြား​လော့။-

12 ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​မ​ပြောင်း လဲ​နိုင်​ပါ။ အ​ဘယ်​ကြောင့်​ပြောင်း​လဲ​ရ​ပါ မည်​နည်း။ ကျွန်ုပ်​တို့​သည်​စိတ်​ရှိ​လက်​ရှိ​ခေါင်း မာ​ဆိုး​ညစ်​လျက်​နေ​ကြ​ပါ​မည်'' ဟု​ဆို ကြ​လိမ့်​မည်။

13 သို့​ဖြစ်​၍​ငါ​ထာ​ဝ​ရ​ဘု​ရား​က၊

14 လေ​ဗ​နုန်​ကျောက်​တောင်​ထိပ်​တို့​သည်​မိုး​ပွင့် များ​နှင့် ကင်း​သည့်​အ​ခါ​ရှိ​ဖူး​သ​လော။

15 သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား​ငါ့​ကို မေ့​လျော့​ကြ​လေ​ပြီ။

16 သူ​တို့​သည်​ဤ​ပြည်​အား​လူ​သူ​ကင်း​မဲ့​သော ပြည်၊

17 ငါ​သည်​မိ​မိ​တို့​လူ​မျိုး​တော်​အား​အ​ရှေ့​လေ တိုက်​ခံ​ရ​သည့်​မြေ​မှုန့်​များ​ကဲ့​သို့

18 ထို​အ​ခါ ပြည်​သား​တို့​က``ယေ​ရ​မိ​ကို​ငါ​တို့ ဖယ်​ရှား​ကြ​ကုန်​အံ့။ ငါ​တို့​အား​သွန်​သင်​မည့် ယဇ်​ပု​ရော​ဟိတ်​များ၊ အ​ကြံ​ပေး​မည့်​ပ​ညာ​ရှိ များ၊ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​မည့်​ပ​ရော​ဖက်​များ​ထား​ရှိ​မြဲ​ရှိ​ကြ မည်​သာ​ဖြစ်​၏။ ယေ​ရ​မိ​အား​ငါ​တို့​စွဲ​ချက် တင်​ကြ​ကုန်​အံ့။ သူ​ပြော​သည့်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ကုန်​အံ့'' ဟု​ဆို ကြ​၏။

19 ထို့​ကြောင့်​ယေ​ရ​မိ​သည်``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​လျှောက်​ထား​ချက်​ကို​ကြား တော်​မူ​၍ ရန်​သူ​တို့​ကျွန်​တော်​မျိုး​အား​ဆန့် ကျင်​ပြော​ဆို​သည့်​စ​ကား​များ​ကို​နား ထောင်​တော်​မူ​ပါ။-

20 ကောင်း​ကျိုး​ကို​ဆိုး​ကျိုး​ဖြင့်​ပေး​ချေ​သင့်​ပါ မည်​လော။ သို့​ပါ​လျက်​သူ​တို့​သည်​ကျွန်​တော် မျိုး​လိမ့်​ကျ​စေ​ရန်​တွင်း​ကို​တူး​ကြ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​လာ​၍​သူ တို့​အား​အ​မျက်​တော်​နှင့်​ဆက်​ဆံ​တော်​မ​မူ ရန် သူ​တို့​ကိုယ်​စား​အ​ဘယ်​သို့​ပြန်​ကြား လျှောက်​ထား​ခဲ့​သည်​ကို​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ။-

21 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ​၌ သူ​တို့​၏​သား​သ​မီး​များ​အား​အ​စာ​ရေ​စာ ငတ်​လျက်​သေ​စေ​တော်​မူ​ပါ။ သူ​တို့​အား​စစ် ပွဲ​တွင်​ကျ​ဆုံး​စေ​တော်​မူ​ပါ။ အ​မျိုး​သ​မီး တို့​အား​မိ​မိ​တို့​ခင်​ပွန်း​များ​နှင့်​သား​သ​မီး များ​ကို​ဆုံး​ရှုံး​စေ​တော်​မူ​ပါ။ အ​မျိုး​သား တို့​အား​သေ​စေ​တော်​မူ​၍ လူ​ငယ်​လူ​ရွယ်​တို့ အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​တော်​မူ​ပါ။-

22 သူ​တို့​၏​အိမ်​ရာ​များ​ကို​တိုက်​ခိုက်​လု​ယက် ရန်​ရုန်း​ရင်း​ဆန်​ခတ်​လူ​အုပ်​အား​အ​မှတ်​မ ထင်​စေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​ကြောက် လန့်​တုန်​လှုပ်​လျက်​ဟစ်​အော်​ရ​ကြ​ပါ​စေ သော။ သူ​တို့​သည်​ကျွန်​တော်​မျိုး​လိမ့်​ကျ​စေ ရန်​တွင်း​ကို​တူး​ကြ​ပါ​ပြီ။ ကျွန်ုပ်​အ​တွက် ထောင်​ချောက်​ကို​ဆင်​ကြ​ပါ​ပြီ။-

23 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး အား​သတ်​ဖြတ်​ရန် ရန်​သူ​တို့​ပြု​သည့်​လျှို့​ဝှက် သော​အ​ကြံ​အ​စည်​များ​ကို​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပါ​၏။ သူ​တို့​၏​ဆိုး​ညစ်​မှု​ကို ခွင့်​လွှတ်​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​မိ​မိ တို့​၏​အ​ပြစ်​များ​မှ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​အ​ရေး​ရှုံး နိမ့်​စေ​တော်​မူ​ပါ။ အ​မျက်​တော်​ထွက်​ချိန်​၌ သူ​တို့​အား​ဆုံး​မ​စီ​ရင်​တော်​မူ​ပါ'' ဟု လျှောက်​၏။

Ler em outra tradução

Comparar lado a lado