Gênesis 49

MYA

1 ယာ​ကုပ်​သည်​သား​များ​ကို​မိ​မိ​ထံ​သို့​ခေါ် ပြီး​လျှင်``ငါ့​အ​နား​သို့​ချဉ်း​ကပ်​လာ​ကြ လော့။ သင်​တို့​၏​နောင်​ရေး​ကို​ငါ​ဖော်​ပြ​ပေ အံ့။

2 ``ယာ​ကုပ်​၏​သား​များ​တို့​သင်​တို့​သည် ငါ့​အ​နီး​တွင် စု​ရုံး​လာ​ကြ​၍၊

3 ရု​ဗင်၊သင်​သည်​ငါ​၏​သား​ဦး၊​ငါ​၏​စွမ်း​အား

4 သင်​သည်​ရေ​ကြီး​ချိန်​၌​စီး​သော​ရေ​သ​ဖွယ် ဖြစ်​၏။

5 ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ညီ​အစ်​ကို​ဖြစ် ကြ​၏။

6 သူ​တို့​သည်​ဒေါ​သ​ထွက်​၍​လူ​တို့​ကို​သတ် လျက်

7 သူ​တို့​သည်​ဒေါ​သ​ပြင်း​ထန်​၍​အ​မျက်​စူး​ရှ သ​ဖြင့် ကျိန်​စာ​သင့်​ခြင်း​ခံ​ရကြ​ပါ​စေ​သ​တည်း။

8 ယု​ဒ၊သင့်​ညီ​အစ်​ကို​တို့​က​သင့်​အား ချီး​ကူး ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

9 ယု​ဒ​သည်​သား​ကောင်​ကို​သတ်​၍

10 ယု​ဒ​သည်​ရာ​ဇ​လှံ​တံ​ကို​ကိုင်​စွဲ​ရ​လိမ့်​မည်။

11 သူ​သည်​သူ​၏​မြည်း​ပေါက်​က​လေး​ကို​အ​ကောင်း ဆုံး စ​ပျစ်​နွယ်​၌​ချည်​နှောင်​ထား​၏။

12 စ​ပျစ်​ရည်​ကြောင့်​သူ​၏​မျက်​လုံး​များ​သည် နီ​ရဲ​နေ​၏။

13 ဇာ​ဗု​လုန်​သည်​ပင်​လယ်​ကမ်း​နား​၌​နေ​ထိုင်​၍

14 ဣ​သ​ခါ​သည်​ကုန်း​နှီး​အိတ်​များ​အ​ကြား​တွင် ခြေ​ဆန့်​၍ လဲ​နေ​သော​မြည်း​၏​အ​ဖြစ်​ထက်​မ​သာ။

15 သို့​သော်​သူ​သည်​မိ​မိ​နား​နေ​ရာ​သည် ကောင်း​သည်​ကို​လည်း​ကောင်း၊

16 ဒန်​သည်​အ​ခြား​သော​ဣသ​ရေ​လ​အ​နွယ်​တို့ ကဲ့​သို့ မိ​မိ​၏​လူ​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။

17 ဒန်​သည်​လမ်း​ဘေး​၌​ခွေ​သော​မြွေ၊လမ်း​အ​နီး​၌ ခို​သော​မြွေ​ဆိုး​ဖြစ်​၍

18 ``အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​သည်

19 ဂဒ်​သည်​ဋ္ဌား​ပြ​တို့​၏​တိုက်​ခိုက်​ခြင်း​ကို​ခံ ရ​မည်။

20 အာ​ရှာ​၏​မြေ​မှ​စား​ကောင်း​သောက်​ဖွယ်​ထွက် လိမ့်​မည်။

21 န​ဿ​လိ​သည်​လွတ်​လပ်​စွာ​ခုန်​ပေါက် ပြေး​လွှား​သော​သ​မင်​ဖြစ်​၍

22 ယော​သပ်​သည်​စမ်း​ရေ​ပေါက်​နား​မှာ ကျက်​စား​သော​မြည်း​ရိုင်း

23 သူ​၏​ရန်​သူ​တို့​သည်​သူ့​အား​လေး​မြား လက်​နက်​တို့​ဖြင့် ပြင်း​ထန်​စွာ​လိုက်​လံ​တိုက်​ခိုက်​ကြ​၏။

24 သို့​ရာ​တွင်​ယာ​ကုပ်​၏​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​အား​ဖြင့်​လည်း​ကောင်း၊

25 သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကူ​မ​လျက် ရှိ​တော်​မူ​၏။

26 အ​သီး​အ​နှံ​နှင့်​ပန်း​မာလ်​ကို​လည်း​ကောင်း ပေး​တော်​မူ​ပါ​စေ​သော။

27 ဗင်္ယာ​မိန်​သည်​လု​ယူ​ကိုက်​စား​တတ်​သော ဝံ​ပု​လွေ​နှင့်​တူ​၏။

28 ဤ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့် နှစ်​နွယ်​ဖြစ်​၏။ သူ​တို့​၏​အ​ဖ​က​သူ​တို့​တစ် ဦး​စီ​နှင့်​သက်​ဆိုင်​သော မင်္ဂလာ​စ​ကား​များ ကို​အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​မြွက်​ဆို​ခဲ့ လေ​သည်။

31 ထို​သင်္ချိုင်း​တွင်​ငါ့​အ​ဘိုး​အာ​ဗြ​ဟံ​နှင့် အ​ဘွား စာ​ရာ​တို့​ကို​သင်္ဂြိုဟ်​ခဲ့​ကြ​၏။ အ​ဖ​ဣ​ဇာက်​နှင့် အ​မိ​ရေ​ဗက္က​တို့​ကို​လည်း​သင်္ဂြိုဟ်​ခဲ့​ကြ​၏။ ထို​သင်္ချိုင်း​တွင်​ငါ​သည်​လေ​အာ​ကို​သင်္ဂြိုဟ် ခဲ့​၏။-

32 ထို​မြေ​နှင့်​ငါ့​သင်္ချိုင်း​ကို ဟိတ္တိ​အ​မျိုး​သား တို့​ထံ​မှ​ဝယ်​ယူ​ခဲ့​၏။ ထို​သင်္ချိုင်း​တွင်​ငါ့​ကို သင်္ဂြိုဟ်​ကြ​လော့'' ဟု​မှာ​ကြား​လေ​၏။-

33 ယာ​ကုပ်​သည်​သား​တို့​အား​ယင်း​သို့​မှာ​ကြား ပြီး​နောက်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​၍​ကွယ် လွန်​လေ​၏။

Ler em outra tradução

Comparar lado a lado