Gênesis 36

MYA

1 ဧ​ဒုံ​ဟူ​၍​လည်း​နာ​မည်​တွင်​သော​ဧ​သော ၏​အ​ဆက်​အ​နွယ်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-

2 ဧ​သော​သည်​ခါ​နာန်​ပြည်​အ​မျိုး​သ​မီး​များ နှင့်​အိမ်​ထောင်​ကျ​သည်။ သူ​၏​မယား​များ​မှာ ဟိတ္တိ​အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​အာ​ဒ၊ ဟိ​ဝိ အ​မျိုး​သား​ဇိ​ဘောင်​၏​သား​ဖြစ်​သူ​အာ​န​၏ သ​မီး​အ​ဟော​လိ​ဗာ​မ၊ ဣ​ရှ​မေ​လ​၏​သ​မီး တည်း​ဟူ​သော၊-

3 န​ဗာ​ယုတ်​၏​နှ​မ​ဖြစ်​သူ​ဗာ​ရှ​မတ်​ဖြစ် သ​တည်း။-

4 အာ​ဒ​သည်​သား​ဧ​လိ​ဖတ်​ကို​လည်း​ကောင်း၊ ဗာ​ရှ​မတ်​သည်​သား​ရွေ​လ​ကို​လည်း​ကောင်း၊-

5 အ​ဟော​လိ​ဗာ​မ​သည်​သား​ယု​ရှ၊ ယာ​လံ​နှင့် ကော​ရ​တို့​ကို​လည်း​ကောင်း​ဖွား​မြင်​လေ​သည်။ ဤ​သား​တို့​သည်​ခါ​နာန်​ပြည်​တွင်​ဖွား​မြင် သော​ဧ​သော​၏​သား​များ​ဖြစ်​ကြ​သည်။

6 ဧ​သော​သည်​သူ​၏​မ​ယား​များ၊ သား​သ​မီး များ၊ အိမ်​သူ​အိမ်​သား​များ​နှင့်​တ​ကွ​သိုး၊ ဆိတ်​စ​သော​တိ​ရစ္ဆာန်​များ၊ ခါ​နာန်​ပြည်​တွင် စု​ဆောင်း​မိ​သ​မျှ​သော​ပစ္စည်း​ဥစ္စာ​များ​ကို ယူ​ဆောင်​လျက်​ညီ​ယာ​ကုပ်​ထံ​မှ​အ​ခြား ပြည်​သို့​ထွက်​ခွာ​သွား​လေ​သည်။-

7 သူ​နှင့်​ယာ​ကုပ်​တို့​တွင်​သိုး၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​အ​လွန်​များ​ပြား​လာ​သ​ဖြင့် စား​နပ် ရိက္ခာ​မ​လောက်​မ​င​ဖြစ်​၍​တစ်​ရပ်​တည်း​၌ အ​တူ​မ​နေ​နိုင်​ကြ​ချေ။-

8 သို့​ဖြစ်​၍​ဧ​သော​သည်​ဧ​ဒုံ​တောင်​တန်း​ဒေ​သ သို့​ပြောင်း​ရွှေ့​နေ​ထိုင်​လေ​သည်။

9 ဧ​ဒုံ​တောင်​တန်း​ဒေ​သ​တွင်​နေ​ထိုင်​သော ဧ​ဒုံ အ​မျိုး​သား​တို့​၏​ဖ​ခင်​ဧ​သော​၏ အ​ဆက် အ​နွယ်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-

14 ဇိ​ဘောင်​၏​သား​အာ​န​၏​သ​မီး​ဖြစ်​သော​ဧ​သော ၏​မ​ယား အ​ဟော​လိ​ဗာ​မ​တွင်​ယု​ရှ၊ ယာ​လံ၊ ကော​ရ​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

15 ဧ​သော​မှ​ဆင်း​သက်​သော​အ​နွယ်​တို့​ကို​ဖော်​ပြ ပေ​အံ့။ ဧ​သော​၏​သား​ဦး​ဧ​လိ​ဖတ်​သည်​အ​နွယ် များ​ဖြစ်​ကြ​သော​တေ​မန်၊ သြ​မ​ရ၊ ဇေ​ဖော၊ ကေ​နတ်၊-

16 ကော​ရ၊ ဂါ​တံ၊ အာ​မ​လက်​တို့​၏​ဘိုး​ဘေး​ဖြစ် ၏။ ဤ​သူ​တို့​သည်​ဧ​သော​၏​မ​ယား​အာ​ဒ​၏ အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။

17 ဧ​သော​၏​သား​ရွေ​လ​သည်​အ​နွယ်​အ​ကြီး​အ​ကဲ ဖြစ်​ကြ​သော နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ​နှင့်​မိဇ္ဇ​တို့​၏​ဘိုး​ဘေး ဖြစ်​၏။ ဤ​သူ​တို့​သည်​ဧ​သော​၏​မ​ယား​ဗာ​ရှ​မတ် ၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။

18 ဧ​သော​၏​မ​ယား​အာ​န​၏​သ​မီး​ဖြစ်​သူ အ​ဟော လိ​ဗာ​မ​မှ​ဆင်း​သက်​သော​အ​နွယ်​သည်​ကား ယု​ရှ၊ ယာ​လံ​နှင့်​ကော​ရ​တို့​ဖြစ်​ကြ​သည်။-

19 ဤ​အ​နွယ်​အား​လုံး​တို့​သည်​ဧ​သော​မှ​ဆင်း​သက် လာ​ကြ​၏။

22 လော​တန်​သည်​ဟော​ရိ​နှင့်​ဟေ​မံ​မိ​သား​စု​တို့ ၏​ဘိုး​ဘေး​ဖြစ်​သည်။ (လော​တန်​၏​နှ​မ​မှာ​တိ​မ​န ဖြစ်​သည်။)

23 ရှော​ဗ​လ​သည်​အာ​လ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗ​လ၊ ရှေ​ဖော​နှင့်​သြ​နံ​မိ​သား​စု​တို့​၏​ဘိုး​ဘေး​ဖြစ် သည်။

24 ဇိ​ဘောင်​တွင်​အာ​ယ​နှင့်​အာ​န​ဟူ​၍​သား​နှစ် ယောက်​ရှိ​၏။ (အာ​န​သည်​ဖ​ခင်​ဇိ​ဘောင်​၏​မြည်း များ​ကို​ကျောင်း​နေ​စဉ်​တော​ကန္တာ​ရ​ထဲ​၌​ရေ ပူ​စမ်း​များ​ကို​ရှာ​တွေ့​သူ​ဖြစ်​သည်။-)

25 အာ​န​တွင်​သား​ဒိ​ရှုန်​နှင့်​သ​မီး​အ​ဟော​လိ ဗာ​မ​တို့​ရှိ​၏။

26 ဒိ​ရှုန်​သည်​ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်​နှင့်​ခေ​ရန် မိ​သား​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​သည်။

27 ဧ​ဇာ​သည်​ဗိ​လ​ဟန်၊ ဇာ​ဝန်​နှင့်​အာ​ကန်​မိ​သား စု​တို့​၏​ဘိုး​ဘေး​ဖြစ်​သည်။

28 ဒိ​ရှန်​သည်​ဥ​ဇ​နှင့်​အာ​ရန်​မိ​သား​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​သည်။

Ler em outra tradução

Comparar lado a lado