Esdras 2

MYA

1 ပြည်​နှင်​ဒဏ်​သင့်​သူ​များ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်​ဇာ​တိ​မြို့​ရွာ​များ​သို့​လည်း​ကောင်း ပြန်​ရန်​ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​ခွာ​လာ​ကြ​၏။ သူ​တို့​အိမ်​ထောင်​စု​များ​သည်​မိ​မိ​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​လာ​စဉ်​အ​ခါ​မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ခဲ့​ကြ​၏။-

2 သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​ကြ​၏။

40 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​လေ​ဝိ​အ​နွယ်​ဝင်​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။

41 ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည် (အာ​သပ်​၏​သား​မြေး​များ) ၁၂၈

42 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား (ရှလ္လုံ၊ အာ​တာ၊ တာ​လ​မုန်၊ အက္ကုပ်၊ ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏​သား​မြေး​များ) ၁၃၉

58 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​ရှော​လ​မုန်​၏​အ​စေ​ခံ​များ​နှင့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​၏​သား​မြေး​ဦး​ရေ​စု​စု​ပေါင်း​မှာ သုံး​ရာ​ကိုး​ဆယ့်​နှစ်​ယောက်​ဖြစ်​သ​တည်း။

59 တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​သ​မြို့၊ ခေ​ရုပ်​မြို့၊ အဒ္ဒန်​မြို့​နှင့်​ဣ​မေ​ရ​မြို့​တို့​မှ​ထွက်​ခွာ​လာ​သော၊-

60 ဒေ​လာ​ယ၊ တော​ဘိ​နှင့်​နေ​ကော​ဒ​သား​ချင်း​စု​အ​နွယ်​ဝင်​များ​မှာ ခြောက်​ရာ​ငါး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ မိ​မိ​တို့​ဆင်း​သက်​ပေါက်​ပွား​လာ​ကြောင်း​သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ။

63 ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား​သင်​တို့​သည် ဥ​ရိမ်​နှင့်​သု​မိမ် ကို​အ​သုံး​ပြု​နိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မ​ပေါ်​ထွန်း​မီ၊ သန့်​ရှင်း​သော​အ​စာ​များ​ကို​မ​သုံး​ဆောင်​ရ​ဟု​ပြော​ကြား​လိုက်​သည်။

68 ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ သား​ချင်း​စု​ခေါင်း​ဆောင်​အ​ချို့​တို့​သည် နေ​ရာ​ဟောင်း​တွင်​ဗိ​မာန်​တော်​ပြန်​လည်​တည်​ဆောက်​ရန်​အ​တွက် မိ​မိ​တို့​စေ​တ​နာ​အ​လျောက်​ပေး​လှူ​ကြ​လေ​သည်။-

69 ဤ​တည်​ဆောက်​မှု​ဖြစ်​မြောက်​ရေး​အ​တွက် သူ​တို့​သည်​တတ်​နိုင်​သ​မျှ​အ​တိုင်း ရွှေ​တစ်​ထောင့်​သုံး​ဆယ်​ပေါင်၊ ငွေ​ငါး​ထောင်​ခု​နစ်​ရာ​လေး​ဆယ်​ပေါင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဝတ်​စုံ​တစ်​ရာ​တို့​ကို​လှူ​ကြ​၏။

70 ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​လူ​အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​မ​ဟုတ်​ထို​မြို့​အ​နီး​တွင်​နေ​ထိုင်​ကြ​၏။ ဂီ​တ​ပ​ညာ​သည်​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​နှင့်​ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​သည် အ​နီး​အ​နား​ရှိ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​လေ​သည်။ ကျန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​နေ​ထိုင်​ခဲ့​သော​မြို့​များ​သို့​သွား​ရောက်​နေ​ထိုင်​ကြ​သည်။

Ler em outra tradução

Comparar lado a lado