1 ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။
2 ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။
3 ထာဝရဘုရားသည်မိမိလူမျိုးတော်ကို ချစ်တော်မူ၏။
4 အကျွန်ုပ်တို့သည်မောရှေပေးသောပညတ် တရားတော်ကိုစောင့်ထိန်းကြ၏။
5 ဣသရေလအနွယ်များနှင့်ခေါင်းဆောင်များ စုရုံးလျက်ရှိကြသောအခါ၊
6 ထို့နောက်မောရှေကရုဗင်အနွယ်ကို ရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။
7 ယုဒအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။
8 လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။
9 သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကို
10 သူတို့သည်ကိုယ်တော်၏လူမျိုးတော်အား
11 အို ထာဝရဘုရားသူတို့၏အနွယ်ကို ကြီးပွားစေတော်မူပါ။
12 ဗင်္ယာမိန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။
13 ယောသပ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။
14 သူတို့၏နယ်မြေသည်နေပူရှိန်ဖြင့်မှည့်သော သစ်သီး၊
15 သူတို့၏ရှေးတောင်ကုန်းများသည်အဖိုးတန် သစ်သီးများနှင့်လှိုင်ပါစေသော။
16 မီးလျှံတောက်လောင်သောချုံထဲမှ
17 ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။
18 ဇာဗုလုန်နှင့်ဣသခါအနွယ်ကိုရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။
19 သူတို့သည်လူမျိုးခြားတို့ကိုတောင်ပေါ်သို့ ဖိတ်ခေါ်လျက်
20 ဂဒ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။
21 သူတို့သည်အကောင်းဆုံးနယ်မြေကိုရွေးယူ ကြ၏။
22 ဒန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲဆိုလေသည်။
23 နဿလိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။
24 အာရှာအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆို လေသည်။
25 သူသည်မြို့တို့ကိုသံတံခါးများဖြင့်ကာကွယ် ပါစေ။
26 ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရား သခင်နှင့် နှိုင်းယှဉ်အပ်သောအခြားဘုရားမရှိ။
27 ဘုရားသခင်သည်သင်တို့ကိုအစဉ်အမြဲ ကွယ်ကာတော်မူ၏။
28 သို့ဖြစ်၍ယာကုပ်၏အဆက်အနွယ်တို့သည် မိုးကောင်းကင်မှနှင်းကျသော၊
29 ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။