4 ဒါဝိဒ်မင်းသည်ဟေဗြုန်မြို့တွင်ခုနစ်နှစ်နှင့် ခြောက်လနန်းစံတော်မူစဉ် ဤသားခြောက် ပါးစလုံးကိုရရှိသတည်း။
5 သားများထပ်မံ၍ရရှိလေသည်။
9 ဤသားများအပြင်မောင်းမတော်များနှင့်ရရှိ သည့်သားများရှိသေးသည်။ သူ့မှာတာမာနာ မည်တွင်သောသမီးတော်တစ်ပါးလည်းရှိ၏။
15 ယောရှိတွင်ယောဟာနန်၊ ယောယကိမ်၊ ဇေဒကိ နှင့် ရှလ္လုံဟူ၍သားတော်လေးပါးရှိ၏။-
16 ယောယကိမ်တွင်ယေခေါနိနှင့် ဇေဒကိဟူ သောသားတော်နှစ်ပါးရှိ၏။
17 ဗာဗုလုန်အမျိုးသားတို့ဖမ်းဆီးထိန်းသိမ်း သွားသည့် ယေခေါနိမင်းတွင်သားတော်ခုနစ် ပါးရှိ၏။ ထိုမင်း၏သားများမှာရှာလ သေလ၊-
18 မာလခိရံ၊ ပေဒါယ၊ ရှေနဇာ၊ ယေကမိ၊ ဟောရှမ၊ နေဒဘိတို့ဖြစ်၏။-
19 ပေဒါယတွင်ဇေရုဗဗေလနှင့် ရှိမိဟူသော သားတော်နှစ်ပါးရှိ၏။ ဇေရုဗဗေလတွင် မေရှုလံနှင့်ဟာနနိဟူသောသားတော်နှစ် ပါးနှင့် ရှေလောမိတ်ဟူသောသမီးတော် တစ်ပါးရှိ၏။-
20 ထို့ပြင်ဟရှုဘ၊ သြဟေလ၊ ဗေရခိ၊ ဟသဒိ၊ ယုရှဿေသက်ဟူ၍အခြားသားတော်ငါး ပါးလည်းရှိ၏။
21 ဟာနနိတွင်ပေလတိနှင့်ယေရှာယဟူ သောသားတော်နှစ်ပါးရှိ၏။ ယေရှာယ၏ သားသည်ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားကားသြဗဒိ၊ သြဗဒိ၏သားသည်ရှေခနိ တည်း။-
22 ရှေခနိတွင်ရှေမာယဟူသောသားတော် တစ်ပါးနှင့် ဟတ္တုတ်၊ ဣဂါလ၊ ဗာရိ၊ နာရိ၊ အာဇရိ၊ ရှာဖတ်ဟူသောမြေးတော် ခြောက်ပါးရှိ၏။-
23 နာရိတွင်ဧလိသြနဲ၊ ဟေဇကိ၊ အာဇရိကံ ဟူ၍သားတော်သုံးပါးရှိ၏။-
24 ဧလိသြနဲတွင်ဟောဒါယ၊ ဧလျာရှိပ်၊ ပေ လာယ၊ အက္ကုပ်၊ ယောဟန်၊ ဒလာယ၊ အာနနိ ဟူ၍သားတော်ခုနစ်ပါးရှိသတည်း။