1 ဘုရင်၏အမှုတော်ကိုထမ်းရွက်ရသူ ဣသရေလ အမျိုးသားအိမ်ထောင်ဦးစီးများ၊ သားချင်းစု ခေါင်းဆောင်များနှင့်နိုင်ငံတော်အုပ်ချုပ်ရေး အရာရှိများစာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။ သူတို့သည်လူပေါင်းနှစ်သောင်းလေး ထောင်စီရှိသည့်အဖွဲ့များဖွဲ့၍တစ်လလျှင် တစ်ဖွဲ့တာဝန်ယူရကြ၏။ ထိုအဖွဲ့တိုင်းကို သက်ဆိုင်ရာတပ်မဟာမှူးတစ်ယောက်က ကွပ်ကဲအုပ်ချုပ်လေသည်။
23 ထာဝရဘုရားက ဣသရေလပြည်သားတို့ အား ကောင်းကင်ကြယ်များကဲ့သို့များပြား စေတော်မူမည်ဟုကတိတော်ရှိသဖြင့် ဒါဝိဒ်မင်းသည်အသက်နှစ်ဆယ်အောက်ရှိ သူတို့အားသန်းခေါင်စာရင်းကောက်ယူ တော်မမူ။-
24 ဇေရုယာ၏သားယွာဘသည်သန်းခေါင်စာရင်း တစ်ရပ်စတင်ကောက်ယူခဲ့သော်လည်းအပြီး မသတ်ချေ။ ဤသန်းခေါင်စာရင်းကောက်ယူမှု အတွက်ဘုရားသခင်သည် ဣသရေလအမျိုး သားတို့အားအပြစ်ဒဏ်ခတ်တော်မူ၏။ သို့ဖြစ် ၍ကောက်ယူရရှိသည့်နောက်ဆုံးကိန်းဂဏန်း များကိုဒါဝိဒ်မင်း၏တရားဝင်မှတ်တမ်းများ တွင်ရေးမှတ်ထားခြင်းမရှိပေ။
32 ဒါဝိဒ်၏ဘထွေးတော်ယောနသန်သည် တတ် သိလိမ္မာစွာအကြံဉာဏ်ပေးတတ်သူပညာရှင် ဖြစ်၏။ သူနှင့်ဟခမောနိ၏သားယေဟေလ တို့သည်ဘုရင့်သားတော်များအားပညာပို့ ချရေးကိုတာဝန်ယူရကြ၏။-
33 အဟိသောဖေလသည်ဘုရင်၏အတိုင်ပင်ခံ အမတ်ဖြစ်၍ အာခိမြို့သားဟုရှဲသည်ဘုရင် ၏အဆွေတော်တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ် သတည်း။-
34 အဟိသောဖေလသေလွန်ပြီးနောက်အဗျာသာ နှင့်ဗေနာယ၏သားယောယဒတို့သည်အတိုင် ပင်ခံများဖြစ်လာကြ၏။ ယွာဘကားဘုရင့် တပ်မတော်၏ဗိုလ်ချုပ်ဖြစ်သတည်း။